Saturday, December 21, 2013

ရှမ်းနီ တွေ ကို ကျေးဇူးတင်တယ်၊

 အခုလို KIO/KIA ကို အစိုးရ တခု လို သဘောထား၊ အသိအမှတ်ပြုပြီး ဆန္ဒပြ တဲ့ ရှမ်းနီ တွေ ကို အထူး ကျေးဇူးတင် ပါတယ်။ သူတို့ ရဲ့ ကနဦးရည်ရွယ်ချက် က အဲ့ ဒီလို ဟုတ် ချင် မှဟုတ် မယ် ဒါပေမဲ့ အခု က အဲ့ ဒီလို ဖြစ်သွားတယ်။ သူတို့ ဒီလိုလုပ်လိုက် ခြင်းအားဖြင့် KIO/KIA ကို အစိုးရ တစ်ခု လို့ အသိအမှတ် ပြု လိုက်သလို ပို ဖြစ်မသွားဘူးလား။ အဲ့ ဒီအတွက် ကျေးဇူးတင်တယ်။ နောက် တစ်ချက် က KIO/KIA ဟာအစိုးရ တခု လို ရပ်တည် နေ တဲ့ (ကချင် လူထု ရဲ့ အစိုးရ) ဖြစ် တဲ့ အတွက် နောင်တချိန် မှာ ဒီလို ပြသာနာ တွေ ကြုံတွေ့ လာ ရင် အေးအေးဆေးဆေး ကိုင်သွယ်ဖြေရှင်း နိုင် အောင် လေ့ ကျင့် ပြီးသားလည်း ဖြစ်သွားတာပေါ့ ဒီ့ အတွက်ေ ကြာင့် ကျေးဇူးတင်တယ်။ KIO/ KIA ကို နိုင်ငံရေး အတွေ့ အကြုံ ပိုမို ရင့် ကျက် အောင် လေ့ ကျင့် ပေးတဲ့ အတွက် ကျေးဇူးပါ။ KIO/KIA ကို အခုလို ရှမ်းနီတွေ အအေး ခံ ပြီး ဆန္ဒ ပြ တဲ့ အတွက် KIO အနေ နဲ့ နိုင်ငံ ရလာတဲ့ တနေ့ မှာ မိမိတို့ ၏ တိုင်းပြည် အတွင်း ဒီလို ပြသာနာ မျိုးမဖြစ် အောင် ဘယ်လို ကိုင်သွယ်ရ မလဲ ဆို တာ သတိ ပေးသလို ဖြစ်သွားတာ ပေါ့။ ဒီ့ အတွက် လည်း ညီနောင် ရှမ်းနီ တွေ ကို ကျေးဇူးတင် မိ ပါသည်။ အံ့သြေ ခြင်း ======= ကချင်ဒေသကို ဗမာ စစ်တပ် က စတင် ထိုးစစ်ဆင် ကျူးကျော် တိုက်ခိုက် လို့ စစ် ပြန် ဖြစ် လာ ရတာ ဒီလို စစ် ပြန်ဖြစ်လို့ ဒီပြသာနာ ပေါ်လာရတာ ။ ပြာသာနာ အဓိကတရားခံ ၊ ပြာသာနာ ဖန်တီးသူ အစိုးရ စစ်တပ် ကိုတော့ ဆန္ဒပြတောင်းဆို တာ တွေ မရှိဘဲ ဘာ့ကြောင့် KIA, ကို သာ ဆန္ဒ ပြ ရတာလဲ ...? တကယ်တမ်း တရားမျှတ မှု ကို တကယ် လို လားတယ်၊တရားနည်းလမ်းကြ ဆို ရင် နှစ်ဘက် လုံး ကို ဆန္ဒ ပြ မ တောင်းဆိုသင့် ဘူးလာ..? ကချင် ဒေသ မှာ တကယ်တမ်း လူ့ အခွင့် အရေး ချိုးဖောက် နေ တာ၊ ပေါတာ ဆွဲ၊ လမ်းပြ ခေါ် ပြီး အမျိုးမျိုး နှိပ်စက်ပြီး ရက်စက်စွာ သတ်ပစ် တာတွေ(ရှမ်းလူမျိုးတွေလည်းသတ်ခံရ) ဗမာ စစ်တပ်ဆို တာ လူတိုင်းအသိပါ၊ ရွာပေါင်းများစွာ ကို မီးရှို့ ဖျက်ဆီး (ရှမ်းအိတွေ အများအပြားပါဝင်)၊ ဘုရားကျောင်းတွေ ကို ဖျက်ဆီးနေ တဲ့ ၊ အမျိုးသမီးတွေ ကို မုဒိမ်းကျင့် (၇ှမ်းအမျိုးသမီးတွေပါ) ၊ ရွာသားတွေ ရဲ့ ကျွဲ၊နွား ၊ကြက်၊၀က်တွေ ၊ ပစ္စည်းဥစ္စာ တွေ ကို ခိုးယူ၊ လုယက်တာတွေ စသည့် စသည့် တွေ ကို ကျူးလွန်နေတဲ့ ဗမာအစိုးရ စစ်တပ် ကို တော့ ဘာ မှ ဆန္ဒပြတာတွေ မလုပ် ဘဲ ပြည်သူတွေ ရဲ့ အိုးအိမ်ဆည်းစိမ်တွေ ကို ကာကွယ်ခုခံပေးနေ တဲ့ KIA, ကို မှ လာပြီးဆန္ဒပြရတာလဲ..? တကယ်တမ်းဆိုရင် လူ့အခွင့် အရေး ချိုးဖောက်သူ ၊ကျူးလွန်သူ ဗမာ စစ်တပ် ကို ပြသင့် တာ မဟုတ်လား..? ထားပါတော့ KIO/KIA ကို ပြတယ် ဆို လည်း KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာ ကို သွားပြ သင့် တယ် မဟုတ် လား..၊ အခု က ဘာဖြစ်လို့ KIO, တွေ မရှိ တဲ့ မြစ်ကြီးနား မြို့ မှာ လာ ပြ ရတာလဲ..။ ဆန္ဒပြတောင်းဆို တဲ့ အချက်တွေမှာလည်း ကချင်လူထု ၂ သိန်းကျော် ဗမာ စစ်တပ် ကြောင့် အိုးအိမ်စွန့် ခွာ ပြီးတောထဲ တောင်ထဲ ထွက်ပြေးနေ ရ တဲ့ ဒုက္ခသည် တွေအတွက် ကိုယ်ချင်းစာနှာ ပြီး တောင်းဆို တာ တခု မှ မပါ ပါလား...။ တကယ်ဆို ပါတင့် တယ် မဟုတ် လား ..လူ့ အခွင့် အရေးချိုးဖောက်ခံရတယ်ဆိုလို့ပါ။ အောက် ပြည် အောက် ရွာ ကနေ စစ်အင်အား သောင်းနှင့် ချီချီတက်လာပြီး၊လက်နက်မျိုးစုံ သုံးပြီး လေယာဉ်ပျံ တွေ နဲ့ လာရောက်ထိုးစစ်ဆင်ကျူးကျော် တိုက်ခိုက်နေတဲ့ ဗမာ စစ်တပ် ကို ထိုးစစ်ရပ်ပါ လို့ ဘာ့ ကြောင့် မတောင်းဆို ကြတာလဲ.. တကယ်ဆိုရင် အဓိကတောင်းဆို ဆန္ဒ ပြသင့် တာ ဗမာ စစ်တပ် ကို မဟုတ်လား ... ဘာ့ကြောင့် မတောင်းဆို ကြတာလဲ ဆို တာ အဖြေ ရှင်းရှင်းလေးပါဘဲ။ ညီနောင် ရှမ်းနီတွေ ရဲ့ ဆန္ဒ မဟုတ် ဘဲ လူ တစ်စု ရဲ့ အသုံးချခြင်းခံနေ ရတယ် ဆို တာ အရှင်းကြီးပါ။ ဘာမှ မသိရှာကြတဲ့ ၊ မနက်စောစော အအေးခံပြီးနှင်းတောထဲ မှာ လူတစုရဲ့ အသုံးချခံ လိုက်ရတဲ့၊ညီနောင် ရှမ်းနီတွေ ရဲ့ အဖြစ် ကိုကြည့် ပြီး သနား မိပါတယ်။အခုလို အသုံးချခံရတာ ပီနောင့် တိုင်းလှိုင် တွေ အတွက် ကျနော် Lachid kachin တကယ် ကိုယ်ချင်းစာပြီး စိတ်မကောင်းသနားမိပါတယ်။