Friday, December 27, 2013

အခု နောက်ပိုင်း highlight ဖြစ်လာတဲ့ စကားတစ်လုံးကတော့


“ ကချင်ပြည်နယ်မှာ ကချင်တွေပဲ နေတာ မဟုတ်ဘူး ” ဖြစ်ပါတယ်
အဲဒီနောက်မှာ ကပ်ရပ်ပါလာတဲ့ စကားကတော့ Census ကောက်မယ်
ဖြစ်ပါတယ်၊၊ ထပ်ပြီးကြည့်မယ်ဆိုရင် ကချင် ဆိုတဲ့ category ကို ထပ်ခွဲလိုက်တာ
၁၂ မျိုးရှိပါတယ်၊၊ လူဦးရေ အလိုက် လွှတ်တော်အမတ် ကွာမှာဖြစ်သလို အခွင့်အရေး
လည်း ကွာမှာဖြစ်တယ်၊၊ အဆိုးဆုံးကတော့ ကချင်ပြည်နယ်ဆိုတာကြီးကို ဖျောက်ပြီး
“ အခြား ” နာမည်တစ်ခုခု တောင် ပြောင်းချင်နေပါပြီ၊၊

မူလ ဦးတည်ချက်ဖြစ်တဲ့ တိုင်းရင်းသားတိုင်း တန်းတူ အခွင့်အရေးရဖို့နဲ့ တရားမျှတ
တဲ့ အစိုးရ တစ်ရပ်ပေါ်ထွန်းလာရေး ဆိုတဲ့ ခေါင်းစဉ်ကို သေးသိမ်သွားအောင် လုပ်
နေတာပါ၊၊ မင်းတို့ အခွင့်အရေး သိပ်မတောင်းနဲ့ ကျန်တဲ့သူတွေလည်း မပေးဘူး ...
မင်းတို့လည်း မပေးဘူး... ဒီနိုင်ငံမှာ “ဗမာအခွင့်အရေးသာ အကောင်းဆုံး” ဘာလို့လဲ
ဆိုတော့ ဗမာအများဆုံး ... ဒီဘူတာဆိုက်ဖို့ လုပ်နေတာပါ၊၊ ကြည့်ပါဦး ကချင်၊ ကရင်နီ
ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အားလုံးကို ခွဲနိုင်သမျှ ခွဲချလိုက်တာ... ဘယ်သူ့ အခွင့်
အရေးမှ ဂရုစိုက်စရာမလိုတော့လောက်အောင် သေးသိမ်သွားကြတယ်၊၊ လူဦးရေ
လည်း အင်မတန်နည်းသွားတယ်... ၀.၅ -၅ % ပဲဖြစ်ကုန်တယ်၊၊ တိုင်းရင်းသားဆို
တဲ့ ထုတည်ကြီးက လူမျိုးစုငယ်များ ဖြစ်သွားတယ်၊၊ Code နံပါတ် ၁၀၁ ကစတာ...
၉၁၄ ထိဆိုတော့ စုစုပေါင်း ၈၁၃ မျိုးခွဲချလိုက်တယ်၊၊ ဘယ်ခံနိုင်မလဲကွယ်၊၊
ကချင် နဲ့ ရှမ်းနီ သားတစ်ယောက်က ဘယ်အမျိုးမှ မလိုက်ဘူး၊ ကြားနေမယ်ဆိုရင်
code နံပါတ် ၉၁၄= အခြား ဆိုတဲ့ ခေါင်းစဉ်ရောက်သွားမယ်၊ အဲဒါ ရိုဟင်ဂါတွေကို
သတ်မှတ်ထားတဲ့ ကုတ်နံပါတ်၊၊ ကဲ... ကြည့်၊၊

သန်းခေါင်စာရင်းဆိုတာ ကောင်းတဲ့ အလုပ်ပါ၊၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့
သံသယ ၀င်စရာအတိပါ၊၊ ရိုးသားတဲ့ အစိုးရ မဟုတ်ဘဲ သန်းခေါင်စာရင်း
လုပ်တာကတော့ ပိုဆိုးတော့တယ်၊၊