Tuesday, December 10, 2013

ပြည်သူတွေ ငိုကြွေးနေရပြီ ၊ တရုတ် အစိုးရ သိပါစေ

By: facebook 
https://www.facebook.com/zawwann.maung
ရန်ကုန်မြို့ တယုတ် သံရုံးရှေ့မှာ တယုတ် အလံကို မီးရှို့ လိုက်ပြီ ချင်းတွင်းနဲ့ ဧရာဝတီ မြစ်ဆုံ အာဏာရှင် ဖိနှိပ်မှုအောက် ရောက်နေရ ၊ အာဏာရှင်စက်ဝိုင်းကို ဖောက်ထွက်မယ် တော်လှန်ကြ ၊ လက်ပန်တောင်း လယ်သမားတို့ရဲ့ တိုက်ပွဲဝင် အလံ ရန်ကုန်မြို့တွင် လွင့်ထူပြီ နိုင်ငံတော် တိုးတက်ဖို့ထက် ကိုယ့်အိပ် ဖောင်းဖို့အတွက် ပြည်သူတွေ သက်သာ ချောင်ချိဖို့ထက် ကိုယ့်အတွက် အမြတ်များများ ခေါင်းပုံဖြတ်ဖို့ အားသန်သူတွေ လက်ထဲရောက်မဲ့ စီးပွားရေး အနာဂါတ်ကို မြင်ယောင်ပြီး ရင်လေးမိပါတယ်။ တိုင်းပြည် ဘဏ္ဍာကို မတရားသဖြင့် ဖြုန်းတီးထားတဲ့ လက်နှက်အားကိုးမှုပဲ ရှိတယ် .. ကျင့်ဝတ်လဲ မသိ၊ ယောက်ျား ၊ မိန်းမ အပြန်အလှန် လေးစားမှု ဆိုတာလဲ ဝေးလာဝေး..နိုင်ငံတော်အတွင်း သူတပါး နိုင်ငံတွေမှ ကျူးကျော် ဝင်ရောက်လာမှု အန္တရယ်တွေကို ကာကွယ်ပေးခြင်းမရှိတဲ့အပြင် နိုင်ငံအတွင်းမှီတင်း နေထိုင် ကြသော တိုင်းရင်းသားလူမျိုးတို့ အပေါ်တွင်လည်း စာနာထောက်ထားမှု လုံးဝ မရှိခဲ့ပါဘူး ။ တိုင်းပြည်ကို ကျွန်ဇတ်သွင်းနေသော လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပြည်သူတွေ ငိုကြွေးနေရပြီ ၊ တရုတ် အစိုးရ သိပါစေ 
BY - Zaw Wonn Maung KO Han Win Aung 
 PHOTO - Mg Ygn
လုပ်လိုက် လုပ်လိုက်လေ နိုင်ငံရဲ့ သမိုင်းမှာ တရုတ်က တော်တော်မွှေနေတယ် .. မြန်မာပြည်မှာ အရေးခင်း ဖြစ်အောင် စီမံကိန်း နည်းအမျိုးမျိုးနဲ့ လုပ်တယ်။ ဗကပကို မြှောက်ပေးပြီး စစ်ဖြစ်အောင် လုပ်တယ် ။ တိုင်းရင်းသားတွေကိုလဲ နည်းအမျိုးမျိုးနဲ့ သွေးထိုးပြီး စစ်ဖြစ်အောင် လုပ်တယ် ။ တရုတ်ပြည်ကနေ ဗမာပြည်ထဲ ဘိန်းရောင်း ၊ ကျွန်းသစ်များကို ဝမ်ဟိုင်းမှ လားရှိုးသို့ ခိုးထုတ်နေတယ် ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဦးပိုင်ကုမ္ဗဏီရဲ့ စီမံကိန်း ဆေးထိုး ပေးနေတာ .. အစိုးရဟာ တရုတ်လက်အောက်ခံ ဖြစ်နေပြီး တစတစ တရုတ် ကိုလိုနီ ဖြစ်မှန်း မသိဖြစ်လာအောင် လုပ်တယ် ။... အစိုးရကို အပေါ်ယံ ပေါင်းပြီး အနှစ်တွေ ယူနေတာ .... အခြား အကြောင်းအရာတွေမှာလဲ ဒီ သာဓကနဲ့ အတူတူ ပါပဲ ။ တိုက်ရိုက် ဝင်အရေးယူရအောင် မြန်မာနိုင်ငံက မင်းတို့နိုင်ငံ မဟုတ်ဘူး ။ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုပြီ တရုတ်အားကိုး စစ်အာဏာရှင်မျိုးက ကိုယ့်ကိုကိုယ် နိုင်ငံ ကယ်တင်ရှင်များ ဆိုပြီး တိုင်းပြည် ဘဏ္ဍာခိုးစား နေတဲ့ စစ်အာဏာရှင် အရပ်ဝတ်များနဲ့ တရုတ်နိုင်ငံကို ဆန့်ကျင်ကြ ။ ပြည်ပက ဘယ်သူမဆို ကျူးလွန် စော်ကားလာရင် ဒို့် ပြည်သူတွေ ငုံ့ခံနေမှာ မဟုတ် ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြစ်မှုကျူးလွန် သူများအား တိုက်ရိုက် ၀င်ရောက် အရေးယူ သွားမည်ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး .... မြန်မာ့ မြေပေါ်ရှိ တရုတ်တွေ တရုတ်ပြည် ပြန်ရုံဘဲ ဖြစ်ပါတယ်။ ... BY - Aung Oo