Myitrum
manang ni, “ Sumtsaw ni a makau grup-yin(matut2)” hpe shagun dat ai yaw. Sammung
munggu ga de, M ni KIA n nga sai ngu, aging nut lung wa ma ai da. Dai ten hta
KIO Hpyen hpa-awn ni hte Ningbaw Ningla ni hpe Ginjaw de shaga mahkawng da
nhtawm, Mungmasa lam zawk bang (wunkat jaw) nga ai ten shata mi na mat ai re
da. Hpyen hpung ni hpe gaw makoi kau da re ai ten hpe she M ni tak shut nna
shadut lung wa ai shaloi, wunkat yu wa ai hte hkrak, KIA ni 9-10.10.2012 lapran
wa shakrip kau dat yang, awng padang lu la kau ai. M baw lapau2 .Si lawm mat ai
lam na lu ai. Ngam nga ai M ni grai hkrit kachyung nga ma ai da. Bai, Ba 3 de M
ni shani shana myawk kaba dum bang nga ma timung, ya du hkra KIA ni hkala hkrum
ai lam n nga ai; mauhpa re. Bai, Hpakant de na shiga gaw Myit n pyaw hpa re. 17
ya shana Myen ni myawk 20 lang daram gap bun ai a majaw Mawmau Bum kaw
Mungmasha ni arum ara mazang n rin byin ai shiga na lu ai.KIA hpyendu 1,
hpyenla 2 si ai da. Ndai lam gaw M ni a shut kaba rai sai. Miwa Hkristan ni mung anhte a matu akyu aja
awa hpyi garum nga ma ai lam na lu ai. Anhte mung n-gun la nna, akyu hpyi shaja
let nga ga lu oi.
JIC +++read more+++
ချစ်သူတို့ဝန်းကျင်(အဆက်-၂)
ချစ်တဲ့သူရယ်- ဒို့နှစ်ဦးရဲ့ဝန်းကျင်မှာ၊
မငြိမ်းချမ်းတော့မသာယာ။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ
ဘယ်သူ အပြစ်ဝန်ခံမှာလဲ
ဝန်ခံစရာ ကောင်းနေပြီ။
ဝန်ခံတတ်ဖို့လိုနေပြီ။
ချစ်ရသူကိုကိုရယ်- အပြစ်ဝန်ခံနှိုင်တဲ့စွမ်းရည်၊
သတ္တိရှိမှ ဖြစ်တာလေ-။
အမှန် ဝန်ခံတတ်တယ်ဆိုရင်၊
အကောင်းဘက်သို့ရှေ့ရှုပြင်၊
အမှားကို အမှန်ပြင်တော့၊
ငြိမ်းချမ်းရေးတိုးတက် တာပေါ့။
ချစ်ရတဲ့သူရယ် - ဒါပေမယ့်လေ…….
စစ်ဘုရင်ဟစ်တလာ
တကမ္ဘာလုံးကို သိမ်းပိုက်ကာ၊
လက်ဝါးကြီးအုပ်ချုပ် သွားနှိုင်အောင်၊
ဂျာမန်တပ်မတော်ကို ဦးဆောင်။
မလိုက်နာလိုတဲ့ ရဲဘော်များ-
စစ်မတိုက်လိုသူ ရှိသော်ငြား၊
ဟစ်တလာကို မလွန်ဆန်နိုင်၊
ဟစ်တလာ ဆူဆိုက်လုပ်သည့်တိုင်၊
သည်းခံခဲ့ကြရှာတယ်ကွယ်။
ချစ်တဲ့ကိုကိုရယ် - ဒါလောက်လည်း စိတ်မပျက်နဲ့လေ-
ယနေ့ဤအခါ ဤအချိန်၊
မြန်မာ့ခေါင်းဆောင်ကြီးများငြိမ်၊
ခေတ်မှီတိုးတက် အမြင်နဲ့
စပြီးဦးဆောင်နေပြီကွဲ့။
လူတကာ့လူတကာအမြင်၊
တိုင်းပြည်ငြိမ်းချမ်းတော့မယ်ထင်၊
ပြည်တွင်းစစ် အမြန်သိမ်း၊
ငြိမ်းချမ်းရေးဘက် အမြင်ယိမ်းနေကြပြီလေ။
ဒါပေါ့ချစ်သူရယ် - အချိန်တိုအတွင်းမှာ၊
မျှော်လင့်ချက်တွေတိုးတက်လာ၊
နှိုင်ငံသား အားလုံးတာဝန်၊
ပြည်သူအများ- ဒို့ပါဝင်
ပြည်သူ့အသိစိတ်ဓါတ်-မွေးလို့ထား၊
တာဝန်ကိုယ်စီ ထမ်းကြမယ် မဟုတ်လား?
အိုကွယ် - သိပ်ဟုတ်တာပေါ့ ချစ်ကိုရယ်-
အဲဒါမှ ဒို့ငြိမ်းချမ်းမယ်။
ငြိမ်းချမ်းမယ် ဆိုတာလည်း၊
စစ်မှန်ငြိမ်းချမ်းမှဘဲ။
ဒို့တိုင်းပြည်တိုးတက် မှာလေ…..
ကမ္ဘာက အသိအမှတ်လည်းပြုမယ်။
ဂုဏ်လည်းတက်- မျက်နှာလည်းမပျက်ဘူးပေါ့ကွယ်။
ချစ်သူရယ် - ဒို့ပြည်ထောင်ငြိမ်းချမ်းတော့
ဒို့လည်းသာယာမှာပေါ့။
ဒို့နှစ်ဦး မင်္ဂလာဆောင်
ရင်သွေးများများ - ဖွားရအောင်နော်။
ချစ်လွန်းသူကိုကိုရယ်- ပြောဖို့လိုသေးလားကွယ်-
ရင်သွေးများများမွေးဖွားဖို့
အများကြီးလိုအပ်တာပေါ့လို့-
စစ်တွင်းမှာ- အာဇာနည်ဖြစ်သွားရှာတဲ့၊
လူဦးရေအစားထိုးရမယ်ကွဲ့။
အိမ်ထောင်တိုင်းရဲ့ သမိုင်းပေးတာဝန်၊
လစ်ဟင်းလို့ - မဖြစ်ဘူးပေါ့ချစ်သူရယ်-။
မနောမြေ-စိန်
(၁၉.၁၀.၂၀၁၂ ၊ နံနက် ၁:၀၀)