Thursday, October 11, 2012

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး (၂)စီး အရှေ့တောင်အာရှဒေသအတွင်းသို့ ရောက်ရှိ။




11th October 2012

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်ေ လယာဉ်တင်သင်္ဘောကြီး (၂)စီးဖြစ်သော USS John C. Stennis နှင့် USS George Washington တိ
ု့သည် ယခုအပတ်အတွင်း အာဆီယံဒေသသို့ ရောက်ရှိလာခဲ့သည်။ ယနေ့ (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ်တင်သင်္ဘော USS John C. Stennis သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်
းခြေတွင်၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ အာဆီယံနိုင်ငံများသို့ အမေရိကန် လေယာဉ်တင်သင်္ဘော (၂) စီး၊ တစ်ချိန်တည်း တစ်ပြိုင်တည်းရောက်ရှိနေသည်မှာ သာမန်တိုက်ဆိုင်မှုမျိုး မဟုတ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အချို့က ယခုကဲ့သို့ အာဆီယံဒေသအတွင်းသို့ အမေရိကန်လေယာဉ်တင် သင်္ဘော(၂)စင်းရောက်ရှိနေခြင်းမှာ အမေရိကန်သမ္မတ အိုဘားမား အရှေ့တောင်အာရှနိုင်ငံများသို့ လာရောက်လည်ပတ်လိမ့်မည်ဟု ခန့်မှန်းပြောဆိုကြသည်။ မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်လည်ပတ်စဉ် ထုတ်ပြန်ကြေငြာချက်များအရ သမ္မတအိုဘားမားအနေဖြင့် ၎င်း၏ သမ္မတပထမသက်တမ်းမကုန်ခင် မြန်မာနိုင်ငံသို့ သွားရောက်လည် ပတ်မည်ဟု ပြောဆိုကြေငြာထားသောကြောင့် ၄င်းလေယာဉ်တင်သင်္ဘောကြီး (၂)စီး၏ လှုပ်ရှားမှုသည် သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းကြသည်။

Myanmar Navy Facebook