Friday, October 26, 2012

ဘာတီးလင့်တ်နာ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့်တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)

by Yangon Press International on Monday, 22 October 2012 at 01:07 · ဝေမိုးတွေ့မေးသည်။
ကျွန်တော်တို့ ရှာဖွေ နေတာက ဒုက္ခသည်တွေကိုပေးမယ့် ငွေကြေးတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့လူမျိုးတွေရဲ့ အခွင့်အရေးကို စောင့်မျှော်နေတာပါလို့ ရေးထားတယ်။ သူတို့မျှော်လင့်သလို၊ သူတို့ရှုမြင်ထားတဲ့ အခွင့်အရေးမျိုးကို ဒေါ်စု မပြောတဲ့အတွက်ကြောင့် ကချင်လူထု စိတ်ပျက်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ (မော်ကွန်းမဂ္ဂဇင်းအမှတ်(၂)တွင် ပါရှိသော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
 MAWKUN:
 တကယ်လို့ အဖြေမထွက်ဘဲ လုံးလည် ချာလည်လိုက်နေမယ်ဆိုရင် ၂၀၁၅ အလွန်ခေတ်ကိုကော ဘယ် လို မှန်းကြည့်နိုင်မလဲ။ အစိုးရဘက်က ကေအိုင်အိုလို အဖွဲ့တွေကို ပြောတာရှိတယ်။ နောက်သုံးနှစ်လောက်မှာ နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုတာမျိုးပေါ့ ။ LINTNER:
 မြန်မာအစိုးရက တောင်းဆိုမှုတွေကို အလွယ် တကူမလိုက်လျောဘူး။ သုံးနှစ်အတွင်းမှာ ဘယ်လိုပဲ ထိပ်တိုက် တွေ့နေတဲ့အဖွဲ့တွေကိုဖြစ်စေ ချေမှုန်းဖို့ လုပ်နိုင်ပါတယ်။ နည်းမျိုးစုံကိုသုံးနိုင်ပါတယ်။ တိုက်မယ်၊ ဆွေးနွေးမယ်၊ ပရိယာယ် သုံးမယ်။ လွတ်လပ်ရေးရပြီးကတည်းက သူတို့ဘယ်လို ဖြေရှင်း ခဲ့လဲဆိုတာ ကြည့်လိုက်ရင်၊ လွတ်လပ်ရေးမရခင်ကတည်းကလို့ ပြောနိုင်တယ်။ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုး ဖြစ်သင့်တယ်၊ ဘယ်ကိုဦးတည်မလဲဆိုတာနဲ့ပတ်သက်လို့ အလေးအနက် ဆွေး နွေးဖို့ အားထုတ်ခဲ့တာ မြန်မာ့သမိုင်းမှာဆို နှစ်ကြိမ်ရှိခဲ့တယ်။ ပထမဆုံးညီလာခံက ပင်လုံမြို့မှာလုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီညီလာခံမှာ တိုင်းရင်းသားအားလုံး မပါဝင်ခဲ့ဘူး။ ကရင်က ပင်လုံညီလာခံကို သပိတ်မှောက်ခဲ့တယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားတိုင်းရင်းသားတွေ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်။ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားတွေ ပါခဲ့တယ်။ ဒါလောက်ပဲ။ ပြဿနာပြေလည်လောက်အောင် မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် လွတ်လပ်ရေးရပြီးတာနဲ့ တိုက်ပွဲ တွေစတော့တာပါပဲ။ ဒုတိယအကြိမ်ကြိုးပမ်းမှုက ပိုပြီးလေးနက် အရေးကြီး တယ်။ မြန်မာနိုင်ငံကို နိုင်ငံတစ်ခုအနေနဲ့ ဘယ်လိုဖွဲ့စည်းတည် ဆောက်ပုံနဲ့ ဆက်ရှိနေသင့်သလဲဆိုတဲ့ ညီလာခံလုပ်ခဲ့တယ်။ ဦးနုက ၁၉၆၂ အစောပိုင်းမှာ ရန်ကုန်မှာ တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးနှီးနှောဖလှယ်ပွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက ဖြစ်ပျက်နေ တဲ့ပဋိပက္ခတွေ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ဦးနုဟာ ဖက် ဒရယ်စနစ်ကို သဘောတူပုံရတယ်။ ရှင်းလင်းပြချင်ပုံရတယ်။ အဲဒီအချိန် လူနည်းစုတိုင်းရင်းသား လက်နက် ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့အချိန်ပါပဲ။ ဒီနှီးနှောဖလှယ်ပွဲကို စစ်တပ် က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အ္တရာယ်တစ်ခုလို့ ရှုမြင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်နေ၀င်းက ၁၉၆၂ မတ်လမှာ အာဏာ သိမ်းလိုက်တယ်။ နှီးနှောဖလှယ်ပွဲမှာ ပါဝင်တဲ့သူတွေကိုလည်း ဖမ်းဆီးလိုက်တယ်။ အဲဒီအထဲက တစ်ယောက်ပျောက်သွား တယ်။ သမ္မတစပ်ဝ်ရွှေသိုက် အဖမ်းခံရတယ်။ သုံးလအကြာမှာ သူ ထောင်ထဲမှာ ဆုံးသွားတယ်။ ဖက်ဒရယ်လစ်ဇင်အကြောင်း ဆွေးနွေးမှုရပ်တန့်သွားခဲ့တယ်။ ဦးနေ၀င်း အာဏာသိမ်းလိုက် တာ ပြည်တွင်းစစ်ပိုပြီး အရှိန်ပြင်းသွားတယ်။
MAWKUN: ဒီအချက်က အရေးကြီးပါတယ်။ ဖက်ဒရယ် အယူအဆနဲ့ အာဏာသိမ်းမှု။ အခု စစ်တပ်နဲ့အစိုးရမှာ ဦးဆောင်နေသူတွေဟာ မဆလခေတ်ပညာရေးမှာ ကြီးပြင်းလာ ကြပါတယ်။ အဲဒါက ဘာသင်လဲဆိုတော့ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုကို ပြိုကွဲအောင်လုပ်တာဆိုတဲ့ သဘောပေါ့။ တချို့ NLD ခေါင်းဆောင်တွေတောင်မှ ဖက်ဒရယ်ဝါဒနဲ့ပတ်သက်လို့ မဆွေးနွေးချင်ကြဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဒီလို အမြင်မျိုးကို ဦးနေ၀င်းက သွတ်သွင်းထားခဲ့ပါတယ်။ ဒီလို အနေ အထားတွေကို ဘယ်လိုထင်ပါသလဲ။
 LINTNER: ဖက်ဒရယ်စနစ်ကို ကျင့်သုံးရင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာကွဲသွားလိမ့်မယ်လို့ သူတို့ကကြောက်ရွံ့နေ တယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ တိုင်းပြည်တွေရဲ့သမိုင်းကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားလူနည်းစုအပေါ် အခြေခံထားတဲ့ ဖက်ဒရယ်စနစ်က အတော့်ကိုနည်းပါးတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ လော့စ်အိန်ဂျယ်လိစ်က ဆီမီနာတစ်ခုကို ကျွန်တော် တက်ခဲ့ဖူးတယ်။ ဗမာပြည်အကြောင်းဆီမီနာပါ။ ဗမာပြည်ဟာ ဘာကြောင့် ဖက်ဒရယ်စနစ်မဖြစ်ရတာလဲလို့ မေးတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဖက်ဒရယ်ပြည်ထောင်စု၊ ဂျာမန်ဟာလည်း ဖက်ဒရယ်တိုင်းပြည်ပဲ။ မလေးရှားနိုင်ငံတောင် မှပဲ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတယ်လို့ပြောတယ်။ ဘာကြောင့် မြန်မာပြည်က ဖက်ဒရယ်မူကို မကျင့်သုံးနိုင်ရတာလဲ။ အဲဒီမှာ ပြောဖြစ်တာက အခု ဒီကယ်လီဖိုးနီးယားပြည်နယ်လို က္ဘာမှာ ရှိတဲ့လူမျိုးပေါင်းစုံကို မြင်တွေ့နေရတယ်။ အမေရိကန်ပြည် ထောင်စုမှာ ပြည်နယ်တွေကို လူမျိုးစုနေထိုင်ရာအလိုက်ခွဲထား တာမဟုတ်ပါဘူး။ ပိုလန်ပြည်နယ်၊ ရုရှားပြည်နယ်၊ အီတလီပြည်နယ်၊ အိုင်းရစ်ပြည်နယ်၊ အင်္ဂလိပ်ပြည်နယ်ရယ်လို့ ခွဲထားတာ မရှိဘူး။ အမေရိကမှာရှိတဲ့ပြည်နယ်တွေက ပထ၀ီအနေအထား ပေါ်အခြေခံပြီး ခွဲထားတာပါ။ ဂျာမန်ကိုကြည့်ရင်လည်း ရှေး ဟောင်းနိုင်ငံအပေါ်အခြေခံပြီး ပြည်နယ်ကိုခွဲထားတယ်။ မလေး ရှားဟာလည်း လူမျိုးရေးကိုရှေ့တန်းတင်တဲ့ နိုင်ငံတစ်ခုပဲ။ လူမျိုး ပေါင်းစုံရှိတယ်။ ဒါပေမဲ့ တရုတ်ပြည်နယ်၊ အိန္ဒိယပြည်နယ်၊ မလေးပြည်နယ်ရယ်လို့ မရှိပါဘူး။ ဒါကြောင့် က္ဘာမှာရှိတဲ့ လူမျိုးစုကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ပြည်နယ်တွေဟာ ပြိုကွဲတာကိုတွေ့ရတယ်။ ယခင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတယ်။ ယူဂို ဆလားဗီးယားလည်း ပြိုကွဲသွားတယ်။ အိန္ဒိယကတော့ လူမျိုး ပေါင်းမြောက်မြားစွာရှိပေမယ့် တစ်နိုင်ငံတည်းစနစ်ပါပဲ။ မြန်မာ ပြည်ရဲ့ ဖက်ဒရယ်အနာဂတ်ကို စိတ်ကူးကြည့်မယ်ဆိုရင် အမေရိ ကန်ပြည်ထောင်စုတို့၊ မလေးရှား၊ ဂျာမနီတို့ပုံစံကို မကြည့်ပါနဲ့။ အိန္ဒိယပုံစံဟာလည်း မပြည့်စုံပါဘူး။ သူ့မှာလည်း လူနည်းစု တိုင်းရင်းသားပြဿနာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကြည့်ရ မယ်ဆိုရင် အမေရိကန်ပုံစံထက် အိန္ဒိယပုံစံကို ကြည့်ရလိမ့်မယ်။ MAWKUN: အတိုက်အခံ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစု ကြည်နဲ့ သူ့ပါတီရဲ့တိုင်းရင်းသားပေါ်လစီကို ဘယ်လိုမြင်ပါသလဲ။
 LINTNER: ကျွန်တော်ကြားရတာ၊ ပြီးတော့ ကျွန် တော်နဲ့ စကားပြောခဲ့တဲ့သူတွေ ဒီလူတွေဆီက သိရသလောက်ပဲ ပြောနိုင်မှာပါ။ NLD နဲ့ (ဒေါ်)အောင်ဆန်းစုကြည်ဟာ လူနည်း စုတိုင်းရင်းသားတွေ နေထိုင်ရာဒေသက လူတွေအများကြီးရဲ့ အကြီးအကျယ်ဝေဖန်နေတာကို ခံနေရပါတယ်။ လူနည်းစုတိုင်း ရင်းသားလား၊ လူများစုလားတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေရှိတဲ့နေရာတွေဆီက ဆိုးဆိုးဝါးဝါးဝေဖန်နေတာတော့သိပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေပေါ်မှာ လုံလောက်တဲ့ နားလည်ထောက်ထားမှုမရှိဘူးလို့ ဝေဖန်ခံနေ ရပါတယ်။ မကြာသေးခင်က ဥပမာတစ်ခုကို ပြောပြပါမယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်စဉ်ကပေါ့။ ဒေါ်စုကြည် ဘယ်ကိုသွားသွား ဧရာမလူထုကြီးက ဆီးကြိုနေတယ်။ မြန်မာပြည်မှာ သူမဟာ အကျော်ကြားဆုံးပုဂ္ဂိုလ်ပါပဲ။ သူ ကချင်ပြည်နယ်ကိုသွားတဲ့အခါမှာပေါ့။ မြစ်ကြီးနားမြို့ကိုသွားတယ်။ ခါတိုင်းလိုပါပဲ။ အဲဒီမှာသူက ကချင်ဝတ်စုံ ကိုလည်းဝတ်ပါတယ်။ ပြီးတော့ လူထုကိုစကားပြောတယ်။ ကချင်လူထုက သူပြောဆိုတဲ့အပေါ်မှာ ကျေနပ်မှုမရဘဲ စိတ်ပျက်သွားကြတယ်။ ကချင်မှာရှိတဲ့ ကျွန်တော်နဲ့သိတဲ့သူတွေအားလုံး အဲဒီပွဲကို သွားကြတယ်။ သူဟာ ဖြစ်နေတဲ့စစ်ပွဲနဲ့ ပတ်သက်လို့ တစ်စုံတစ်ခုတော့ ပြောလိမ့်မယ်၊ စစ်ပြေးဒုက္ခသည်တွေရဲ့ ဒုက္ခတွေ၊ ကချင်အပါအ၀င် လူနည်းစုတိုင်းရင်းသားတွေရဲ့ အကျပ် အတည်းတွေ၊ အတိဒုက္ခတွေအကြောင်းကို တစ်ခုခုတော့ ပြော လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့ သွားခဲ့ကြတာပေါ့ဗျာ။ ပြီးတော့ အဲဒီဒေသကလူတွေ ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်နေ တဲ့အကြောင်းပြောမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ သူက ဒါတွေကိုမပြောခဲ့ဘူး။ NLD ဟာ ကချင်နဲ့တရုတ်နယ်စပ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ပြင်ဆင်နေတယ်လို့ အဲဒီတုန်းကလား၊ တီဗီက လွှင့်တာလားမသိဘူး၊ ပြောခဲ့တယ်။ ကျွန်တော်သိတဲ့ ကချင် တစ်ယောက်က အဲဒီတုန်းက facebook မှာ ဒေါသတကြီး ရေးထားတာတွေ့ရတယ်။ သူကပြောတယ်၊ ကျွန်တော်တို့ ရှာဖွေ နေတာက ဒုက္ခသည်တွေကိုပေးမယ့် ငွေကြေးတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့လူမျိုးတွေရဲ့ အခွင့်အရေးကို စောင့်မျှော်နေတာပါလို့ ရေးထားတယ်။ သူတို့မျှော်လင့်သလို၊ သူတို့ရှုမြင်ထားတဲ့ အခွင့်အရေးမျိုးကို ဒေါ်စု မပြောတဲ့အတွက်ကြောင့် ကချင်လူထု စိတ်ပျက်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။
MAWKUN: ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းတွေ ကို လေ့လာကြည့်မယ်ဆိုရင် ယေဘုယျဆန်နေတာပဲ များနေ တာတွေ့ရတယ်။ အဲဒါဘယ်လို ထင်ပါသလဲ။
 LINTNER: (ရယ်လျက်) ဒေါ်စုမှာ ဘာမူဝါဒတွေရှိလဲ ကျွန် တော်မသိဘူး။ ကျွန်တော်က သူပြောတာတွေကိုပဲသိတာပါ။ သူ့မိန့်ခွန်းတွေကိုပဲ ပြောနိုင်တာပါ။ ကချင်အများစုက သူ့ကို လေးစားတယ်။ သူ့ကိုစကားပြောချင်တယ်။ သူတို့ရဲ့ ပြဿနာ တွေကို ပြောပြချင်တယ်။ MAWKUN: ဟုတ်ပါပြီ။ ဒေါ်စုမိန့်ခွန်းနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မိန်းခွန်းကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဗိုလ်ချုပ် အောင်ဆန်းက ဒေသကွဲပြားမှုအလိုက် ပြောတဲ့အကြောင်း အရာ ကွဲသွားတယ်လို့မြင်ပါတယ်။ ဥပမာ-မ္တလေးမှာ ပြောတဲ့ အခါ၊ ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာအကြောင်းကို ပြောသွားတယ်။ မန္တလေးက သံဃာတော်တွေအများအပြားရှိတဲ့မြို့ဖြစ်နေတာကိုး။ ကချင်ပြည်နယ် မြစ်ကြီးနားကျတော့ မန္တလေးနဲ့မတူ တော့ဘူး။ အဲဒီမှာ ဖက်ဒရယ်စနစ်အကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြောင်းတွေကို ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ်။ ဒါ ကြောင့် သူ့ရဲ့မိန့်ခွန်းတွေက ဒေါ်စုနဲ့အတော့်ကို ကွဲပြားတယ်လို့ ထင်တယ်။

LINTNER: ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက လူ တွေမှာ မတူကွဲပြားမှုတွေရှိတယ် ဆိုတဲ့အချက်ကို အမှန်တကယ် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ကို အတူ တကွလက်တွဲလုပ်ကြဖို့ တိုက်တွန်းတယ်။ သူပြောတဲ့အထဲက အထိရောက်ဆုံး မိန့်ခွန်းတစ်ခုက လွတ်လပ်ရေးမရခင်က ရန်ကုန်မှာရှိတဲ့ Anglo-Burmese (မြန်မာပြည်ဖွား အင်္ဂလိပ်) တွေကို ပြောခဲ့တဲ့စကားဖြစ်လိမ့်မယ်။ အဲဒီမိန့်ခွန်းကြောင့် မြန်မာပြည်ဖွား အင်္ဂလိပ်တွေက ၁၉၆၂ အထိ မြန်မာပြည်မှာ နေထိုင်သွားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကပြောတယ်။ “ ကဲ . . . လူကြီးမင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ခင်ဗျားတို့မှာ နိုင်ငံနှစ်နိုင်ငံရှိနေတယ်။ ခင်ဗျားတို့မှာ ဗမာပြည်ရှိတယ်။ ဗြိတိန် နိုင်ငံရှိတယ်။ ဗမာပြည်လွတ်လပ်ရေးရလာရင် လွတ်လပ်သွားပြီ။ ခင်ဗျားတို့မှာ ရွေးချယ်စရာရှိတယ်။ ဗြိတိသျှဖြစ်ချင်လို့လည်း ရတယ်။ ဒါမှမဟုတ် ဗမာဖြစ်ချင်တယ်ဆိုရင်လည်း ဖြစ်လို့ရ တယ်။ ဒီမှာဆက်နေပါ။ ခင်ဗျားတို့ကိုကြိုဆိုပါတယ်။ ခင်ဗျားတို့ ကို ဗမာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးမှာပါ ” မြန်မာပြည် ဖွားအင်္ဂလိပ်တွေ ရင်ထဲမှာ ခိုက်သွားတာပေါ့ဗျာ။ မြန်မာပြည်ဖွား အင်္ဂလိပ်တွေအများစုက လွတ်လပ်ရေးပြီးတဲ့နောက် ဒီနိုင်ငံထဲ မှာ သူတို့ရဲ့ကံကြမ္မာကို မလုံမခြုံခံစားနေရတဲ့အချိန် ဖြစ်နေတာကိုး။ အဲဒီတုန်းက အင်္ဂလိပ်-မြန်မာ ကပြားတွေဟာ လူနည်းစု ဒေသခံတွေပေါ့။ ပြီးတော့ ဗြိတိသျှကိုလိုနီရဲ့ အကြင်းအကျန်တွေ ဖြစ်နေတယ်။ အဲဒီအချိန်မှာတောင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံသားအဖြစ်လက်ခံပြီး သူတို့ကို ညီအစ်ကိုမောင်နှမရင်းချာ သဘောမျိုး ဆက်ဆံမယ်လို့ ပြောနိုင်ခဲ့တယ်။ ဒါကိုကြည့်ရင် အင်္ဂလိပ်-မြန်မာ ကပြားတွေဟာ ဌာနတိုင်းမှာ အရေးပါတဲ့နေရာ တွေကို ရနိုင်ခဲ့ကြတယ်။ နိုင်ငံခြားရေးဌာန၊ စစ်တပ်၊ လေ ကြောင်းဌာနတွေမှာ နေရာကောင်းတွေရခဲ့ကြတယ်။ အဲဒီ နောက် ၁၉၆၂ ခုနှစ်ရောက်လာတော့ အမျိုးသားရေးစိတ်ဓာတ် လွန်ကဲမှုတွေ ပေါ်ပေါက်လာတယ်။ ဘယ်သူက ဗမာ၊ ဘယ်သူက ဗမာမဟုတ်ဘူးဆိုတာ အရေးကြီးလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ပင်လုံမှာဆိုရင်လဲ အသိအ မှတ်ပြုမှုတွေလုပ်ခဲ့တယ်။ ကွဲပြားခြားနားနေတဲ့လူတွေကို တိုင်း ပြည်အတွင်း တစ်စိတ်တစ်ဒေသအဖြစ် ရှိစေချင်ခဲ့တယ်။ သူက ကွဲပြားမှုတွေထဲမှာ ညီညွတ်မှုရှိတယ်ဆိုတဲ့ အခြေခံအတွေးအ ခေါ်မျိုးရှိတဲ့ နိုင်ငံရေးသမားဖြစ်တယ်။ ကျွန်တော်တို့ဟာ ကွဲပြား ခြားနားတယ်။ ဒါပေမဲ့ ညီညွတ်လို့ရတယ်ဆိုတာမျိုးပေါ့။

MAWKUN: ဒါတွေကိုကြည့်ခြင်းအားဖြင့် တိုင်းရင်း သားအရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲတဲ့ အလုပ်ဖြစ်နေတယ်မဟုတ်လား။ အခုအနေအထားက သူ့အနေ နဲ့  အစိုးရနဲ့  တိုင်းရင်းသားတွေကြားမှာ နေနေရတဲ့လူ (ကြားလူ) အနေအထား ဖြစ်မနေဘူးလား။

 LINTNER: အနှေးနဲ့အမြန်ဆိုသလို သူဟာ နေရာတစ်ခုမှာ ရပ်တည်ရတော့မယ်။ အဲဒီနေရာဟာ လူကြိုက်နည်း မယ့်နေရာပေါ့။ အတိအကျတော့ မပြောနိုင်ဘူး။ တော်တော်ခက်ခဲမယ့် နေရာပဲ။
MAWKUN: တိုင်းရင်းသားတွေ အသစ်ဖွဲ့ထားတဲ့ တပ်ပေါင်း စုအဖွဲ့ United Nationalities Federal Council (UNFC) လို အဖွဲ့မျိုးကိုရော ဘယ်လိုမြင်ပါသလဲ။ ပထမမူလ စဖွဲ့တုန်းက အစိုးရစစ်တပ်ကလာရင် အချင်းချင်းကူနိုင်အောင် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မဟာမိတ်အဖြစ် ကေအိုင်အိုလို အဖွဲ့က ရည်မှန်းခဲ့တယ်။ နောက် အစိုးရနဲ့စကားပြောရင် တစ်ဖွဲ့ ချင်းမပြောဘဲ တပ်ပေါင်းစုအနေနဲ့ ပြောမယ်ဆိုပြီး မူရှိခဲ့တယ်။ ဒါပေမဲ့ ဒီအတိုင်းမဖြစ်ခဲ့ဘူး။
 LINTNER: ဖြစ်နေတဲ့ ပဋိပက္ခက ဗမာနဲ့အခြားလူမျိုး စုတွေရဲ့ကြားမှာပဲ ဖြစ်တဲ့ပြဿနာ မဟုတ်ပါဘူး။ အဲဒီလောက်ထိ မရိုးစင်းပါဘူး။ ပြဿနာအများစု၊ ပဋိပက္ခအများစုမှာ တိုင်း ရင်းသားလူနည်းစု အချင်းချင်းကြားမှာဖြစ်နေတာလည်း တွေ့ရ တယ်။ ကရင်နဲ့ရှမ်းတွေက တစ်ဖက်ကိုတစ်ဖက် အယုံအကြည် မရှိဘူး။ ရှမ်းပြည်မှာ ပအို့ဝ်အုံကြမှုစတာဟာ ရှမ်းစော်ဘွားတွေ ကို တွန်းလှန်အုံကြွမှုကနေ စတင်တာ။ ဒါကြောင့် ဒီပဋိပက္ခ တွေဟာ တစ်ခု၊ နှစ်ခုတည်းတင်မဟုတ်ဘူး။ အလွှာပေါင်းများစွာ ပါဝင်နေတယ်။ ဒါတွေကို ကြည့်ရင်တကယ့်အိပ်မက်ဆိုးပဲ။ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်ကိုကြည့် ရင် ၆၀ ရာခိုင်နှုန်းလောက်က ရှမ်းတွေဖြစ်ပြီး ကျန်တဲ့ ၄၀ ရာခိုင် နှုန်းက အခြားတိုင်းရင်းသားတွေဖြစ်နေတယ်။ ကချင်၊ ၀၊ တရုတ်၊ ကိုးကန့်-တရုတ်၊ လားဟူ၊ ပအို့ဝ်၊ ပဒေါင်၊ ပလောင် စသ ဖြင့် အခြားလူမျိုးတွေ အများကြီးရှိတယ်။ ရှမ်းပြည်နယ်ဟာ လည်း မြန်မာအစိုးရနည်းတူ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာပဲ။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာအ နေနဲ့ ဗမာက ၆၀ ရာခိုင်နှုန်းရှိပြီး ကျန်တဲ့လူမျိုးစုက ၄၀ ရာခိုင် နှုန်းလောက်ရှိနေလို့ပါပဲ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်း ကတော့ ဒုတိယပင်လုံလို ညီလာခံတစ်ခုခေါ်ပြီး ဆွေးနွေးကြဖို့ ပါပဲ။ ပြီးတော့ တိုင်းရင်းသားအားလုံး သဘောတူတဲ့ အခြေခံဥပ ဒေအသစ်တစ်ခုကို ရေးရပါမယ်။ ဒါကြောင့် ကျွန်တော့်အမြင် ကတော့ မြန်မာပြည်မှာဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာတွေရဲ့ ဇာစ်မြစ်ကို မဖြေရှင်းနိုင်သရွေ့ ပဋိပက္ခတွေ ဆက်ရှိနေပါမယ်။
MAWKUN: မူးယစ်ဆေးဝါးပြဿနာကရော ဘယ်လို လဲ။ ဒါလည်း ဆက်စပ်နေမယ့် ပြဿနာတစ်ခုပဲမဟုတ်လား။

 LINTNER: မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာက ပြည်တွင်းစစ်ပွဲကြောင့်ဖြစ်လာတဲ့ တိုက်ရိုက်ရလဒ် တစ်ခုပါပဲ။ မြန်မာပြည်ရဲ့ ဘိန်းထုတ်လုပ်မှုက ဗြိတိသျှတွေ မိတ်ဆက်ပေးခဲ့တာပါ။ ဘိန်းထုတ်လုပ်မှုကျယ်ပြန့်လာတာဟာ ၁၉၅၀ ခုနှစ်တွေမှာ စခဲ့တယ်။ နောက် ၆၀ ခုနှစ်တွေ၊ ၇၀ ခုနှစ် တွေအထိ အများအပြားထုတ်လုပ်ခဲ့တယ်။ ဘိန်းထုတ်လုပ်မှုအကြောင်းအရင်းက အာဖဂန်နစ္စတန် လိုပါပဲ။ စစ်ပွဲကြောင့်လို့ ပြောရမယ်။ ဥပမာတစ်ခုပြရရင် ကိုးကန့် ပေါ့။ ကိုးကန့်ဒေသက မြန်မာနိုင်ငံမှာ အကောင်းဆုံးလက်ဖက် ထွက်တယ်။ ကိုးကန့်လက်ဖက်ဟာ နာမည်ကြီးတယ်။ လက်ဖက် ဟာ ကိုးကန့်ဒေသအတွက် အဓိက၀င်ငွေရသီးနှံပါပဲ။ အဲဒီဒေသ မှာ စပါးမစိုက်ပျိုးတဲ့အတွက် ကိုးကန့်တွေအတွက် စားရေရိက္ခာ ၀ယ်ဖို့ ငွေရမယ့်သီးနှံ စိုက်ပျိုးဖို့လိုပါတယ်။ အတိတ်ခေတ်ကာလ ကတော့ သူတို့ လက်ဖက်ရောင်းဖို့ လားရှိုးကို ဆင်းလာလေ့ရှိပါ တယ်။ ဒါကြောင့် လားရှိုးမြောက်ဘက်က အဓိကစစ်ဆေးရေး ဂိတ်ကို AT ဂိတ်လို့ခေါ်ကြတယ်။ AT ဟာ ဘာကိုပြောသလဲ အခုလူတွေ သိပ်မသိကြတော့ဘူး။ AT က Animal Transport ကို အတိုကောက်ခေါ်တာပါ။ ရုတ်တရက် အဲဒီနေရာဟာ စစ်ပွဲ ဇုန်တစ်ခု ဖြစ်လာတယ်။ ဒီနေရာကို ငွေကြေးနဲ့ဖြတ်သန်းရတာ မလုံခြုံတော့ဘူး။ ဒါကြောင့် ဒီဒေသကလူတွေက ဘိန်းကို ပြောင်းစိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ လားရှိုးကိုဆင်း လာပြီး ရောင်းစရာမလိုတော့တဲ့အတွက် ကြောင့်ပါပဲ။ ဘိန်းကုန်သည်က ရွာကိုလာပြီးဝယ်တယ်လေ။ အာဖဂန် မှာလည်း အလားတူပြဿနာမျိုးပါပဲ။ စစ်ပွဲကြောင့် ပုံမှန်သီးနှံ တွေစိုက်ပျိုးရောင်းချဖို့ မဖြစ်နိုင်တော့တဲ့အခါ ဘိန်းကိုပြောင်း စိုက်ကြတာပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ဘိန်းကိုစိုက်ပျိုးတာ အခြားသီးနှံတွေထက် လွယ်ကူတယ်။ ဘိန်းဝယ်မယ့်လူက ကိုယ့် ဆီကို အရောက်လာတယ်။ သွားရောင်းနေစရာ မလိုဘူး။ ဒီလိုအခြေအနေမျိုးကို ပလောင်ဒေသမှာလည်း မြင်တွေ့ နေရတယ်။ နမ့်ဆန်ဒေသတွေမှာ အဲဒီလို ရင်ဆိုင်နေရတယ်။ ကူမင်တန် ဗိုလ်ချုပ်စကားပြောတဲ့ စကားတစ်ခွန်းရှိတယ်။ သူကပြောတယ်။ ကွန်မြူနစ်စနစ်ရဲ့ မကောင်းဆိုးဝါးကိုတိုက်ဖို့ အတွက် ငါတို့မှာ စစ်တပ်လိုတယ်။ စစ်တပ်ဆိုတာ လက်နက်လို တယ်။ လက်နက်ဝယ်ဖို့အတွက် ငွေလိုတယ်။ ဒီတောင်တန်းမှာ ငွေရမယ့်နည်းလမ်းက ဘိန်းစိုက်တာပဲတဲ့။
 MAWKUN:
 မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြဿနာတွေ ပပျောက်သွားဖို့ အဖြေကရော။
 LINTNER: အဖြေကတော့ ပင်လုံလိုမျိုး တိုင်းရင်းသား အားလုံးပါဝင်နိုင်တဲ့ ညီလာခံတစ်ခုနဲ့ တိုင်းရင်းသားအခွင့် အရေးတွေကို အာမခံနိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့ပါပဲ။
(သူရိန်ဝင်းဘာသာပြန်သည်။)
 ပြီး//