Wednesday, October 10, 2012

"ရှေ့ဘုရင်ခေတ်က မြန်မာဘုရင်များနှင့် ကချင်လူမျိုးများဆက်ဆံပုံ.

"ရှေ့ဘုရင်ခေတ်က မြန်မာဘုရင်များနှင့် ကချင်လူမျိုးများဆက်ဆံပုံ.." မြန်မာအစတကောင်းကဆိုသည့် စကားအရ၊ တကောင်းခေတ်၊ ပုဂံခေတ်ကစ၍နောက်ဆုံး ရွေဘိုမင်းဆက်အဆုံး မင်းတုံးမင်းနှင့် သီပေါမင်းများ အထိ၊ မင်းအဆက်ဆက် အုပ်စိုးလာခဲ့သော မြန်မာဘုရင်များ လက်ထက်တွင် ကချင်လူမျိုးများသည် မြန်မာဘုရင်များ၏ လက်အောက်သြဇာခံများ မဟုတ်ခဲ့ကြပေ။ ကချင်ဒူဝါအများအပြားသည် မြန်မာရှင်ဘုရင်များနှင့် မဟာမိတ်အနေနှင့်သာ ဆက်ဆံခဲ့ခြင်း၊ စစ်ရေးစစ်ရာတွင် မဟာမိတ်အနေနှင့်သာ ထိရောက်စွာကူညီခဲ့သည်။ တန်းခိုးကြီးသော မြန်မာရှင်ဘုရင်အချို့၏ အုပ်ချုပ်မူအာဏာသည် ဧရာဝတီမြစ်ကြောင်းခရီးဖြင့် အထက်သို့ဗန်းမော်၊ ကောင်းတုံအထိ ကုန်းလမ်းခရီးဖြင့်မိုးညုင်း၊ မိုးကောင်းအထိသာပြန်နှံ့ခဲ့သည်။ မြို့စားများအနေနှင့် မိုးညုင်းမြို့စား၊ မိုးကောင်းမြို့စားများလည်းရှမ်းဗမာများသာ ဖြစ်ခဲ့သည်။ ထိုမြို့စားများအပေါ် တွင်ပြင်လျှင် မြန်မာဘုရင်မင်းဆက်များတွင် မင်းပြောင်းမင်းလွဲကြုံ၍ တန်းခိုးမှေးမှိန်သော ဘုရင်များလက်ထက်တွင် သြဇာမညောင်းခဲ့ချေ။ ကချင်လူမျိုးများသည် မည်သည့် မြန်မာဘုရင်၏လက်အောက်သြဇာခံ မဟုတ်ဘဲသော် လည်းအရေးကြီးသောစစ်ပွဲများတွင်မဟာမိတ် အနေဖြင့်မြန်မာရှင်ဘုရင်များနှင့် လက်တွဲ၍ တိုင်းပြည်၏ ရန်သူများကိုထိရောက် စွာကာကွယ်တိုက်ခိုက်ခဲ့သည်။ သက်သေအထောက်အထားတစ်ခုပြရသော်..မြန်မာအာသံစစ်ပွဲ၊ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ များတွင် စစ်သူကြီး မဟာဗန္ဓုလနှင့် အတူ ထိပ်ဆုံးရှေ့မှနေ၍ ချီတက်တိုက်ခိုက်ခဲ့သော ဟူးကောင်းနယ် ကချင်ဒူဝါတဦးဖြစ်သည့် ဒိုင်ဖါဒူဝါနှင့် ကချင်စစ်သည် တော်အမြောက်အများပါဝင် ခဲ့ခြင်းမှာ အထင်အရှားဖြစ်သည်။ ဒိုင်ဖါဒူဝါသည်သီဟသူရဘွဲ့မှစ၍ လက်ျာကျော်ထင်ဘွဲ့များအထိ ရရှိခဲ့သည်။ ၄င်းဘွဲ့တော် တံဆိတ်တော်များနှင့် စစ်သုံးဓါးများသည် ယခုဒိုင်ဖါဒူဝါ၏ မြေးမြစ်များလက်တွင် ကျန်ရစ်ခဲ့သည်။ ဒိုင်ဖါဒူဝါမျိုးရိုးစဉ်ဆက်တွင် ကျန်ရစ်ခဲ့ သောရာဇဝင်စကားအရဆိုလျှင် အင်္ဂလိပ်နယ်ချဲ့စစ်သားများသည် မြန်မာပြည်မြစ်ဝ ကျွှန်းပေါ်ဒေသသို့ရောက်နေသဖြင့်၊ ၄င်းတို့အားခုခံတိုက်ခိုက်ရန်အတွက် မင်းကြီးမဟာဗန္ဓုလသည် အာသံပြည်ဘက်မှ စစ်ကြောင်းလှည့်၍ မြစ်ဝကျွှန်းပေါ်ဒေသသို့ စစ်ချီရာတွင် အာသံပြည် စစ်ကြောင်းတွင်ကွပ်ကဲတိုက်ခိုက်ရန် ဒိုင်ဖါဒူဝါကို ဗိုလ်မှူးကြီးအဖြစ် အာဏာကုန် လွဲအပ်ထားခဲ့သည်ဆို၏။ ဒိုင်ဖါဒူဝါ ကွပ်ကဲတိုက်ခိုက်နေသော စစ်ကြောင်းတွင် အင်္ဂလိပ်တို့သည် အကျအဆုံးများစွာနှင့်ရှေ့ သို့မတိုးနိုင်ဘဲရှိခဲ့သည်ဟုဆို၏။ ဤကားမြန်မာရှင်ဘုရင်များနှင့် ကချင်လူမျိုးများ ဆက်ဆံခဲ့ရပုံအကျဉ်းချုပ်မျှသာဖြစ်၏။ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ( ဦးဇန်ထာဆင်)