JIC
____________
ဟေး- စိုးရတပ်မတော်
စဉ်းစားအုံးနော်။
ပြည်တွင်းစစ်ပေါ်
ဆယ့်ခြောက်လကျော်။
ဘယ်မှာငြိမ်းချမ်း
အတုအပဇာတ်လမ်း။
မကြာခဏ
ဆွေးနွေးခဲ့ကြ။
ဆွေးနွေးကြံစည်
မအောင်မြင်သည်။
အောင်မြင်ဖို့မဟုတ်၊
အကြံပက်စုတ်။
ရှေ့ကဆွေးနွေး
နောက်ကမြွေပွေး။
လိုက်လိုက်လာတတ်
ကြောက်ခမန်းမှတ်။
ငြိမ်းချမ်းပြုသူ
ကြားကကူလူ။
နာမည်ပျက်လို့
စိတ်ပျက်သတဲ့။
သြော-် ကချင်နဲ့သူ
သူစိမ်းတူတူ။
ပေါင်းလို့မပျော်
မကောင်းဘူးနော်။
သူ့ဦးနှောက်မှာ
အဆိုးသာပါ။
အကောင်းမမြင်
အစဉ်ပြစ်တင်။
အခုလည်းဘဲ
ငြိမ်းချမ်းရေးတဲ့
ဆွေးနွေးရအောင်
သူကဦးဆောင်။
ဟုတ်ပါ့မလား?
သံသယတွေများ။
နောက်ကစီစဉ်
ယာဉ်တန်းတွေပြင်။
ဥာဏ်နီဥာဏ်နက်
ဦးနှောက်ကပျက်။
ပြီးတော့ပြောမယ်
KIO ခေါင်းမာသတဲ့လေ…..။
မနောမြေ - စိန်
(၂၉.၁၀.၂၀၁၂၊နံနက် ၁:၀၀)