Tuesday, May 20, 2014

KIA အနစ်‌နာ ခံ တာ မြန်‌မာ တနိုင်‌ငံလုံးအတွက်‌


By-DuWa
အခုလို လက်နက်ကိုင် ခုခံ နေတဲ့ လူမျိုး၊ အနစ်နာခံတဲ့ လူမျိုး မရှိရင် မြန်မာ နိုင်ငံမှာ တကယ်တမ်း စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရပါ့မလား။ ဖက်ဒရယ် ဒီမိုကရေစီ ဟာ မြန်မာ နိုင်ငံရဲ့ တခုထဲသော ထွက်ပေါက်၊ ကမ္ဘာ့အလည်မှာ မြန်မာနိုင်ငံသားဟေ့ ဆိုပြီး မျက်နှာပန်းလှစေမဲ့ စနစ် ဖြစ်လာမယ် ဆိုရင်... ကျနော်တို့ ကချင်တွေ အနစ်နာခံခဲ့တာ အကျိုးရှိမှာပါ။
တကယ်တော့ ဖက်ဒရယ် ဆိုတာ အာဏာရှင် စနစ်ရဲ့ ဆန့်ကျင်ဖက် စနစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်းက ဖက်ဒရယ် ကို မုန်းတယ်။ ဖက်ဒရယ် လို့ ပြောလိုက်တာနဲ့ အာဏာရှင် မြတ်နိုးသူတိုင်း ဆန့်ကျင်မှာ အမှန် ဖြစ်ပါတယ်။
အာဏာရှင် ဆိုတာ တစ်ဦး တစ်ယောက်လဲ ဖြစ်နိုင်သလို၊ အစုအဖွဲ့တစ်ခု၊ လူမျိုးတစ်မျိုးလဲ ဖြစ်နိုင် ပါတယ်။ ဥပမာ... စီးရီးယား သမ္မတ အာဆပ် ခေါင်းမာနေတာဟာ သူ့ကို ထောက်ခံနေတဲ့ ရှီယာ (Shi-ites or Shia) မူဆလင် အဖွဲ့ဝင်တွေ ကြောင့် ဖြစ်ပါတယ်။
မြန်မာ နိုင်ငံမှာလဲ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စု၊ အာဏာရှင် အတွက် ဖက်ဒရယ်ဟာ အပယ်ခံ ဖြစ်ခဲ့ရတယ်။ တကယ်တော့ လူမျိုးတိုင်း နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် အရေးကြီးတာ ဖက်ဒရယ် ပါ။
Like ·  ·