Tuesday, May 27, 2014

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကို ဖြိုခွဲနေခြင်း


ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ ဖက်ဆစ်စစ်အုပ်စုလက်ကိုင်တုတ်ကြံ့ဖွံ့အစိုးရဟာ နိုင်ငံရေးပွဲစားတချို့နဲ့
စားဖားသတ္တဝါ တချို့ကိုသုံးပြီး အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ ပြယုဂ်နဲ့ တိုင်းရင်းသား
လက်နက်ကိုင်တော်လှန်ရေးအင်အား စုကို အရှက်မရှိပြောင်ပြောင်တင်းတင်းဖြိုခွဲနေပြီ။

နောက်ကြောင်းပြန် အတိုချုံး ပြန်သုံးသပ်ရမယ်ဆိုရင်နဝတ/နအဖ စစ်အုပ်စုဟာ
၁၉၈၉-၁၉၉၅ ခုကစပြီး တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအတော်များများနဲ့
အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးစကားပြောမယ်ဆိုပြီး တော့ နည်းမျိုးစုံနဲ့သပ်သျှိုဖြိုခွဲ လုပ်ခဲ့တယ်။
တချို့အဖွဲ့အစည်းများ နိုင်ငံရေး စစ်ရေး အတော်အထိနာသွားတယ်။နိုင်ငံရေးပြောချင်ရင်
"အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင်ထမ်းဆောင်နိုင် ရေး"
 ဆိုတဲ့ဦးတည်ချက်နဲ့ အခြေခံမူ ၁၀၄ ချက် ချမှတ်တဲ့ အတုအယောင်အမျိုးသားညီလာခံတက်ရောက်စေခဲ့တယ်။ အဲဒီဦးတည်ချက်နဲ့ အခြေခံမူများအပေါ် ဘယ်အဖွဲ့အစည်းမှကျော်လွှားလို့မရ။နောက်ဆုံးတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း
၁၃ ဖွဲ့စုစည်းပြီး ဒီမိုကရေစီနဲ့တိုင်းရင်းသားတန်းတူရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံမူတခုကို
တင်ပြခဲ့တယ်။ ဒါပေမဲ့စစ်အုပ်စုက "မင်းတို့အဲဒါတွေရချင်ရင် တောထဲပြန်ဝင်ပြီးတိုက်ယူ"
လို့ မိုက်ရိုင်းစွာကြိမ်းဝါးတာဘဲခံရပြီးအမှိုက်ပုံထဲရောက်သွားလို့ စိတ်ပျက်လက်ပျက်နိဂုံးချုပ်ခဲ့ရတယ်။

နအဖ စစ်အုပ်စုဟာ အနာဂတ်အမျိုးသားနိုင်ငံရေးတွင်တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင်
ထမ်းဆောင်နိုင် ရေး ဆိုတဲ့ဦးတည်ချက်အတိုင်း ပြည်သူတရပ်လုံးအပေါ်ဆက်လက်ကျွန်ပြုထားပြီး
တိုင်းရင်းသားလူမျိုးစုများ အမျိုး ဖြုတ်ရေးဖြစ်တဲ့ ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းပြဋ္ဌာန်းအတည်ပြု
လိုက်ပြီးတာနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးအကြွင်းမဲ့လက်နက်ချရေးဖြစ်
တဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် နဲ့ ဌာနေပြည်သူ့စစ်အဖြစ်အသွင်ကူးပြောင်းရန် ၃ ကြိမ်တိုင်တိုင်
 ခြိမ်းချောက် ရာဇသံပေးလိုက်တယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ ၃ ဖွဲ့မှအပ
လုံးဝလက်မခံဘဲ အာခံလိုက်တဲ့အတွက်အရှက်မရှိ လျှော့ထား လိုက်သယောင်ယောင်နဲ့ ဒီနေ့ အပစ်အခတ်
ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်တပ်ကာ သွေးတိုးစမ်းပြီး နည်း မျိုးစုံနဲ့ သပ်သျှိုဖြိုခွဲနေတာကို
အားလုံးအသိပင်ဖြစ်တယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး ပြယုဂ်ဖြင့် ဖြိုခွဲခြင်း

ဗိုလ်သန်းရွှေ ဖက်ဆစ်စစ်အုပ်စု ကြိုးကိုင်ထားပြီးအရပ်သားအသွင်ယူစစ်အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ
 တက်လာ တာနဲ့တပြိုင်နက် အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးကနေပြည်ထောင်စုငြိမ်းချမ်းရေး ဆိုပြီး
တလျှောက်လုံး အသံ ကောင်းဟစ်လာခဲ့တယ်။ အပစ်အခတ်ရပ်စဲခြင်း-ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတာ
 ကမ္ဘာ့လူသားတိုင်း ကြိုက်နှစ် သက်ကြတာဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာတို့ကလည်းချီး
ကျူးဂုဏ်ပြုကြတယ်။ ဥရောပအဖွဲ့ကလည်း ဒေါ်လာသန်း ၄၀ လောက်ကူညီသွားတယ် ဆိုတာလည်း
ကြားရတယ်။

အဲဒီလိုသတင်းကြားရတာနဲ့ ဒီအထုပ်ကြီးကို လုစားဝေစားကြဖို့နိုင်ငံရေးပွဲစား ဟန်ယောင်ဝှေ၊
 စားဖားများဖြစ်ကြတဲ့ မင်းဇော်ဦး၊ အောင်နိုင်ဦး၊ ညိုအုန်းမြင့်၊အောင်သူငြိမ်း၊ အင်ဒရူးငွန်ကျုံးလျံ၊
မန်းငြိမ်းမောင်တို့ဟာ ဦးသိန်းစိန်ဆီ သွားပြီးအရှက်မရှိ ခြေသလုံးသွားဖက်ကြတယ်။
ဒါကြောင့် ကျီးကဘုတ်ကိုရိုသေ၊ ဘုတ်ကိုကျီးကရိုသေဟန်ဆောင်ကြပြီး ဟန်ယောင်ဝှေကို
တိုင်းရင်းသားအင်အားစုတွေ ၂၀၀၈ ခု ဖွဲ့စည်းပုံအောက် ခေါင်းငုံ့အညံ့ခံထည့်သွင်း ရေးကျွန်ပွဲစားကြီး
အဖြစ်လည်းကောင်း၊ ကျန်စားဖားတွေကို နိုင်ငံရေး၊ စီးပွားရေး၊ဥပဒေရေး၊ ငြိမ်းချမ်းရေး အကျိုး
 တော်ဆောင်များ အဖြစ်လည်းကောင်း အထုပ်ကြီးကို ဝါးစေဝေစားကြတာပေါ်တင်ကြီးတွေ့ရှိရတာဖြစ်တယ်။
Read more+++click on link +++++
(တိမ်ကြားမင်းခေါင်တင်ပြသည်)http://ehkhaungthaunt.blogspot.dk/2014/01/blog-post.html?m=1