Sunday, May 18, 2014

သောင်းကျန်းသူ ဆိုတာ


ရေး > Duwa Kachin
သောင်းကျန်းသူ ဆိုတာ သေနတ်ကိုင်ပြီး စည်းမရှိကမ်းဘောင်မရှိ ဥပဒေ မရှိ၊ ထိန်းချုပ်သူ ပြည်သူ မရှိသော သေနတ်ကိုင် အဖွဲ့အစည်း ကို ဆိုလိုခြင်း ဖြစ်ပါတယ်

ဒီလိုဆိုရင်....

ကိုယ့် နည်း ကိုယ့်ဟန် ပြည်ထောင်စု စစ်တပ်လို့နာမည်ယူ..

ကိုယ့် ဟာ ကိုယ် ဒီမိုကရေစီ အစိုးရ ဆိုပြီး အာဏာတက်ယူ...

ကိုယ့်ဟာ ကိုယ် စိတ်ကြိုက် အခြေခံ ဥပဒေ တွေ ရေးဆွဲ...

ကိုယ့်ဟာ ကိုယ် မြို့တော် ပြောင်းချင်သလို ပြောင်း အုပ်ချုပ်...

ပြည်သူ့ အစိုးရ ထိန်းကွပ်တဲ့ စနစ် မရှိ...

ထင်ရာစိုင်း မြေနေရာ ယူ...

စိတ်ထင်သလို မဒိမ်းကျင့်...

စိတ်ထင်သလို ဥပဒေ မဲ့ ဖမ်းဆီး...

စိတ်ထင်သလို တိုင်းရင်းသား ကျေးရွာ တွေ မီး တက်ရှို့ နေတဲ့ ဗမာ စစ်တပ် ကို သောင်းကျန်းသူ လို့ နာမည် မတပ်ပဲ ဘုန်းတောင်ဘွဲ့တွေ လိုက်ပေးနေရင်... ငါတို့ အရူး ဖြစ်ပြီ ပေါ့။

ကေအိုင်အေ ကိုတော့ ကချင်လူထု က လုံးဝ ထောက်ခံ လျှက် ပါ။ ပြည်သူလူထု ရဲ့ထိန်းကွပ်မှု အောက်မှာ လုံးဝ ရပ်တည် နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ 
9