Wednesday, May 28, 2014

စနစ် နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရပါမည်။



By  Duwa Kachin

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေတာ တွေ့ရပါတယ်။ ဒီအထဲမှာ ဒေါ်စု သမ္မတ ဖြစ်ရေး မဖြစ်ရေး ထက် ပြည်သူက ရွေးကောက်တင်မြောက်တဲ့ သမ္မတ အစစ်အမှန် နေရာရရေး က ပိုအရေးကြီးတာပါ။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ တောင်းဆိုနေတာလဲ အဲဒီ စနစ် ပါပဲ။ ဒါပေမယ့် လူနည်းစု အစိုးရက တိုင်းရင်းသား ဒေသ တွေပါ မကျန် စီမံကွပ်ကဲ နေတဲ့ စနစ် ကို တော့ တိုင်းရင်းသားတွေက လုံးဝ ကြိုက်တာ မဟုတ်ပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လဲ ဒီအချက်ကိုတော့ မမေ့ထားသင့်ပေ။



လက်နက် နဲ့ ငြိမ်းချမ်းရေး ဆိုတာ ထက် ပိုအရေးကြီးတာ စနစ် နဲ့ ငြိမ်ချမ်းရေး ပါ။ စနစ် မပြောင်းပဲ လက်နက်စွန့်လို့ မရ။ လက်နက် စွန့်ဖို့ စနစ် အရင်ပြင်ရမယ်။ ဒါက လောက ငြိမ်းချမ်းရေး နိယာမ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူပုဂ္ဂိုလ် တစ်ယောက် ဖြစ်ဖြစ်၊ ဒေါ်စု ဖြစ်ဖြစ် သမ္မတ ဖြစ်လာရင် အရင်ဆုံး လုပ်ရမည့် တာဝန်သည် စနစ်ပြောင်းဖို့ ဖြစ်ပါတယ်။ လူပြောင်းဖို့ မဟုတ်။ အခု လက်ရှိ စနစ် အရ ဆိုရင်တော့ ဘယ်လို ပုဂ္ဂိုလ်မျိုး သမ္မတ ဖြစ်လာလဲ ဘာမှ ထူးခြားမှာ မဟုတ်ပါ။

စနစ် ဆိုတဲ့ နေရာမှာ....

(၁) ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ဖြစ်ပါတယ်။ (Top-down to Bottom-up). အဲဒါမှ လှိုက်လျော ညီထွေတဲ့ အစိုးရ တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

(၂) အီးဂါးဝါးမန့် (Electronic-Government) အလျှင်အမြန် ဖြစ်လာဖို့ အရေးကြီးပါတယ်။ ၀န်ထမ်းတွေရဲ့ အကျင့်ပျက်ချစားမှု ကို ဒီနည်းနဲ့ ကို်င်သွယ်မှာ ဖြစ်တယ်။ လူတိုင်း အစိုးရ ရုံးသွားစရာ မလိုတဲ့ စနစ် ဖြစ်လာတဲ့ အခါ ၀န်ထမ်းတွေကို လတ်ထိုးမှု လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။ လုံးဝ မရှိတော့ဘူးလို့ တော့ မပြောလိုပါ။ အတော်အသင့် လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။

(၃) တိုင်းရင်းသား အားလုံးရဲ့ မူလဇာတိဂုဏ် ကို လေးစားဖို့ ဖြစ်ပါတယ်။ ဘယ်လူမျိုး မဆို ကိုယ့် ယဉ်ကျေးမှု နဲ့ ဘာသာအယူဝါဒ ကို တန်ဖိုးထားတတ်ကြပါတယ်။ မကူညီချင်နေ မနှောက်ယှက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ကိုယ့်လူမျိုးရဲ့ တန်ဖိုးများ လူမျိုးခြား တမျိုးမျိုးရဲ့ ၀ါးမျိုခြင်း ဆိုတဲ့ စိုးရိမ်မှုဟာ လက်နက်ကိုင် တော်လှန်ဖို့လုံလောက်တဲ့ ခံစားချက် ဖြစ်ပါတယ်။

(၄) တိုင်းရင်းသား များရဲ့ ယဉ်ကျေးမှု၊ စာပေ နဲ့ လွတ်လပ်စွာ ရပ်တည်ခွင့် ကို မတားဆီး ရပါ။ လက်ရှိကမ္ဘာမှာ နီယိုလက်ဘရာလီဇမ် ဖြစ်ထွန်းလာတာ နဲ့ အမျှ ဘယ်သူမပြု မိမိမှု ဆိုသလို ခေတ်ရေစီးကြောင်းကို လူငယ်တွေ လိုက်သွားတတ်ကြပါတယ်။ ဒီတော့ လူကြီးတိုင်းရဲ့ အမြင်မှာ ကိုယ့် ဇာတိအစစ်အမှန် ပျောက်ကွယ်တော့မလား ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိလာတယ်။ ဒီမှာ နီးစပ်ရာ လူများစု ကို အပစ်တင် တတ်ကြပါတယ်။ ပိုဆိုးသည်မှာ ပိတ်ပင်တားဆီးမှုမျိုးစုံ လုပ်လာတဲ့ အစိုးရကရှိနေတော့ ထင်တာ မြင်တာ အပစ်ဖို့ ဘို့ အကြောင်းရင်းက လုံလောက်လာတယ်။ ဒီလို အခြေအနေမှာ လက်နက် စွန့် ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ နိုင်ငံတကာမှာလဲ လူမျိုးစုတိုင်းရဲ့ အခြေခံ ရပိုင်ခွင့် (Indigenous rights) ကို အလေးအနက်ထားနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီတော့ လက်နက်ကိုင်တော်လှန်ခြင်း ဆိုသည်မှာ အဲဒီလို အခြေအနေအတွက် လူမျိုးစု တစ်ရပ်ရဲ့ ရပ်တည်ခြင်းအတွက် တိုက်ပွဲဝင်ခြင်း (Fight for Existence) ဖြစ်သင့်တယ် ဆိုတဲ့ အယူအဆက သက္ကသိုလ်တိုင်းရဲ့ စာတမ်းဖတ်ပွဲမှာ တွေ့ရပါလိမ့်မယ်။

(၅) လူများစုကို လူနည်းစုက လေးစားခြင်း (ကြောက်ရွံ့ခြင်း မဟုတ်) ဆိုသည်မှာ နိုင်ငံ တခုရဲ့ တည်ငြိမ်ခြင်းနဲ့ တိုးတက်ခြင်းရဲ့ လမ်းစ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေချည်း နေထိုင်တာ မဟုတ်ပါ။ မြန်မာ နိုင်ငံနဲ့ အတူတူလောက် တိုင်းရင်းသား လူနည်းစု များပါတယ်။ သူတို့ဌာနေ ရှိတယ်။ ဒါပေမယ့် လူများစုဖြစ်တဲ့ ထိုင်းလူမျိုးတွေ ကို လေးစား ကြပါတယ်။ အထင်ကြီးကြပါတယ်။ တိုင်းရင်းသား ဒေသ တွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းပဲ လုပ်တယ်။ ကြီးစိုးရေး မလုပ်ဘူး။ သူ့ဒေသ သူ့ လူ အုပ်ချုပ် ခိုင်းတယ်။ ဘန်ကောက်လို မြို့ကြီးက ထိုင်းလူမျိုးတွေ လာပြီး ဗိုလ်မကျ ဘူး။ တောင်ပိုင်းက မလေး မူဆလင်တွေ အုံကြွမှု ဖြစ်ပေမယ့် အဲဒီ မလေးလူမျိုးတွေကို ၀န်ကြီးအဆင့်ထိ နေရာပေးတယ်။ စစ်တပ်မှာ ထိပ်ဆုံး ပုဂ္ဂိုလ်တောင် ပါသေးတယ်။ နိုင်ငံအထဲမှာ ရှိနေတဲ့ လူသားတိုင်း တရားဝင် နေထိုင်တယ် ဆိုရင် ဥပဒေ ရဲ့ အကာအကွယ် ရစေတယ်။ ဗမာ တွေကို ဘယ်လောက်မုန်းမုန်း မြန်မာ ၂ သန်းလောက်ကို မောင်းထုတ်ရေး မရှိဖူးပါဘူး။ လူမျိုးရေး အဓိဂရုန်း တွေ မရှိဘူး။ တရုတ်တွေ စီးပွါးရေးမှာ လွတ်လွတ်လပ်လပ် လုပ်နိုင်လို့ နိုင်ငံ့ ဘဏ္ဍ တိုးပွါးစေတယ်။ ကုလားတွေလဲ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းကို သွားနေရတာပါ။
Posted: 26 May 2014 09:29 PM PDT
မနှစ်က တောင်ကြီးသွားတော့ ဟဲဟိုး လေဆိပ်မှာ ဆင်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းလေဆိပ် ထုံးစံ အတိုင်းပေါ့ ပစ္စည်းသယ်ခ ဆိုပြီး တောင်းလေ့ရှိတယ်။ တစ်အိတ်ကို ငါးရာ၊ တစ်ထောင် ဆိုပြီး လူပုံအလည်မှာ တောင်းနေကြတာပါ။ တူညီ ၀တ်စုံ ၀တ်ထားတဲ့ လူတွေကြီးပါပဲ။ 

ဒူဝါ ကို ပအို့ တိုင်းရင်းသားလို့ ထင်ရတဲ့ သုံးဘီးဆိုင်ကယ် မောင်းသမားက လေဆိပ်အထွက်မှာပဲ သူ့သုံးဘီးငှားဖို့ တစာစာ တောင်းဆိုနေတာနဲ့ တောင်ကြီးသွားဖို့ ဈေးညှိလိုက်တယ်။ အိတ်ထုတ်ရအုံးမယ် လို့ ပြောတော့ သူထုတ်ပေးမယ် ပေါ့။

ဒါနဲ့ အတူစောင့်နေကြတယ်။ အိတ်တွေသယ်လာတဲ့ လက်တွန်းလှည်း အပြည့် ထွက်လာပါပြီ။ 



ကိုယ့်အိတ် သူ့အိတ်ရွေးကြရင်း နဲ့ ကျနော့ အိတ်ကို လက်ညှိးထိုးလိုက်တယ်။ အဲဒီမှာပဲ လေဆိပ် ၀န်ထမ်းလို့ ထင်ရသူ ယူနီဖေါင်းဝတ် တစ်ယောက်က အိတ်သယ်ခ တစ်ထောင် လို့ ဆိုလာတယ်။ ငါ့လူ ပအို့ ကောင် က သူ့ ပအို့လေသံ နဲ့ “ဟို ကို ကြီးဟာ” (တိုင်းရင်းသား အချင်းချင်းမို့လို့နားလည်လိုက်တာပါ) လို့ပြောလိုက်တော့ လေဆိပ် ၀န်ထမ်း ကြားလိုက်တဲ့ အသံက “ဟို ဘိုကြီးဟာ“ ဖြစ်နေတယ်။ အဲဒါနဲ့ အော်.. ဗိုလ်ကြီးဟာ လား.. တဲ့။ ဒါဆို ယူသွား.. ဆိုပြီး အလကား လွတ်လိုက်တယ်။ ဒူဝါ့ကို ဗမာ စစ်ဗိုလ်ထင်သွားပုံ ရပါတယ်။

ဒါနဲ့ ဒူဝါ လဲ မကျေနပ်တော့.. ငါ ဗိုလ်ကြီး မဟုတ်ဘူး သာမန် အရပ်သား ပါ လို့ ပြောလိုက်တယ်။

ဒီတော့.. ဒါဆို အိတ်သယ်ခ ပေး.. တဲ့။ မပေးနိုင်ဘူး လို့ပြောလိုက်တယ်။

ဘယ်က လဲ... (သူမေးတာ ဘယ် ဌာနကလဲ လို့ ဆိုပုံ ရပါတယ်။)

မြစ်ကြီးနားကပါ။

ကချင်လား တဲ့။

ဟုတ်ပါတယ်။

အိတ်သယ်ခ ပေးရမယ်.. တဲ့။

ခင်များက ၀န်ထမ်းလား.. လို့မေးလိုက်တယ်..

ဟုတ်တယ်လေ... တဲ့။

ဒါဆို.. တရားဝင် ကောက်တာလား.. ဆိုတော့..

တရားဝင်တော့ မဟုတ်ဘူး.. တဲ့။

တရားဝင် မဟုတ်ရင် မပေးနိုင်ဘူး.. လို့ ပြောလိုက်တယ်။

မဟုတ်ဘူးလေ... လူတိုင်းပေးရတာပဲ.. တဲ့။

လူတိုင်းပေးလဲ ကျနော် မပေးနိုင်ဘူး.. ငါက လေဆိပ် အခွန်ဆောင်ပြီးသား... ခင်များတို့ လေဆိပ် ၀န်ထမ်းတွေက ပစ္စည်းသယ်ပေးရမဲ့တာဝန်ရှိတာပဲ.... တရားဝင် ကောက်တယ် ဆိုရင် လေဆိပ် တံဆိပ်တုံးပါနဲ့ ငွေ လက်ခံ ဖြတ်ပိုင်း ပေးပါ။ ကောင်တာနဲ့ ကောင်းကောင်း ကောက်ပါ။ လို့ ပြောလိုက်တယ်။

အဲဒီမှာ သူက ကြောင်တောင် တောင် ဖြစ်နေချိန်.. ငါသွားပြီနော်...

နောက်မှာ သဲ့သဲ့ ကြားလိုက်တဲ့ အသံ...

ဒီ ကချင် တွေ တော်တော် မလွယ်ဘူး.. ခေါင်းမာတယ် တဲ့။