Wednesday, May 29, 2013

ကုလအထူးကိုယ်စားလှယ်နှစ်ဦးအား ကချင်လူထုခေါင်းဆောင်များ ဂုဏ်ပြု

By:Jade Land's photo.
ကုလအထူးကိုယ်စားလှယ်နှစ်ဦးအား ကချင်လူထုခေါင်းဆောင်များ ဂုဏ်ပြု

Post 29 May 2013 by Kachin Wave News 

မေလ ၂၉ ရက်တွင် မနော်ကွင်းရှိ ရိုးရာခန်းမ ဆောင် ၌ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR) နှင့် ကချင်လူထုခေါင်းဆောင်းများမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်လာသော ကုလအထူးကိုယ်စားလှယ် Mr.VJ Nambia နှင့် Mrs.Maria တို့အား ကျေးဇူးတင်သည့် အနေဖြင့် ကချင်ရိုးရာ မဂွန်လစ်( Magun Lit) ထမင်းပလိုင်နှင့် ကချင်ရိုးရာ ၀တ်စုံများ ဖြင့် ချီးမြင့်ဂုဏ်ပြုခဲ့ကြသည်။

ကချင်လူထုများမှ ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် ပါဝင်လာသော ကုလအထူးကိုယ်စားလှယ် ၂ ယောက်အား ကျေးဇူးတင်သည့် အနေဖြင့် အခုလို ကချင်ရိုးရာလုပ်ထုံ လုပ်နည်းအတိုင်း ကျေးဇူဆပ်၊ အသိအမှတ်ပြုကာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလာအောင် အဆုံးထိ ပါဝင်သွားရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နဲ့ မာရီယာတို့ က ခင်ဗျားတို့နောက်မှ အမြဲရပ်တည်ပေးနေမှာပါ။ ခင်းဗျားတို့ကြိုဆိုခဲ့တဲ့ ခင်းဗျားတို့ရဲ့လက်ဆောင်တွေ ခင်းဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ပြီး ကျွန်တော်တို့ ၂ ယောက် ဘယ်မှ ပြေးလို့မရတော့ဘူးဆိုတာကို သိနေပြီ။ ဆက်လက်ပြီး ဆွေးနွေးပွဲတိုင်းမှာ ပါဝင်သွားဖို့ ကတိပေးပါတယ်” ဟု Mr.VJ Nambia က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒေသခံပြည်သူများမှ ကုလအထူးကိုယ်စားလှယ် ၂ ယောက်အား ကချင်တိုင်းရင်းသားတွေ အတွက် မားမားမတ်မတ် ရပ်တည်ပေးဖို့ မျော်လင့်ကြောင်း ဆွေးနွေးပွဲတိုင်းကို ကုလ အစီအစဉ်အတိုင်း မှန်ကန်စွာ ပါဝင် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း စစ်ရှောင်သူများအား ဆက်လက်ကူညီပေးရန် မျော်လင့်ကြောင်းနှင့် ကတိပေးထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ မျော်လင့်ကြေင့် အစရှိသည်တို့ကို တင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲအား မေလ ၃၀ မှ ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။