"တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်"
Wednesday, May 8, 2013
KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင်တွေကြား အထင်အမြင်လွဲမှားမှုဖြစ်ပွားအောင် အာဏာပိုင်တို့က လုပ်ဆောင်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီမသေက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်တို့က လုပ်ဆောင်နေတာလို့ ဧရာဝတီနဲ့ သီးသန့် တွေ့ဆုံရာမှာ သူက ဆိုပါတယ်။
ဒါ့အပြင် ဒီကေဘီအေနဲ့ BGF တို့အကြား လတ်တလော တင်းမာမှုဖြစ်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားတွေကိုလည်း ပြောဆိုထားပါတယ်။
မြန်မာ့တပ်မတော်ဟာ "တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်" လို့လည်း သူက ပြောပါတယ်။
မြ၀တီမှာရှိတဲ့ သူတို့ရဲ့တပ်စခန်းမှာ တွေ့ဆုံမေးမြန်းထားတာပါ။