JIC
ပြေရာပြေကြောင်း
ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိ
၂၀၁၁ ဂျွန် ၉ မှာ -
စမိတာမှားပေါ့ကွာ။
တရားတဲ့ကချင်
ကတိတည်တဲ့ ကချင်
သည်းခံခဲ့တဲ့ ကချင်
ရိုးသားတဲ့ ကချင်။
လုံးဝမမှား ခဲ့တဲ့ ကချင်
ဘိုးဘွားမြေပိုင်တဲ့ ကချင်
လူ့ခွင့်ရေး အကြီးအကျယ်
ဆုံးရှုံးနေရတဲ့ ကချင်။
ဖိနှိပ်ခြင်း ခံနေရတဲ့ ကချင်
မတရားစစ် တိုက်နေရတဲ့ ကချင်
အသားလွတ် အလုခံနေရတဲ့ ကချင်
မနာလို မုန်းတီးခြင်းခံနေရတဲ့ ကချင်။
အထင်သေးခြင်းခံနေရတဲ့ ကချင်
နှိပ်ကွပ် နှိပ်စက်ခံနေရတဲ့ ကချင်
အမျိုးဖြုတ် ခံနေရတဲ့ ကချင်
သတ်ဖြတ်ခြင်းခံနေရတဲ့ ကချင်။
စစ်စိုးရလုပ်စုတ် ထားတာ
အရာရာ ပေါ်ကုန်နေပြီဗျာ။
တရှက်မှ ဆယ်ချက်မက၊
မျက်နှာဘယ်မှာ ချိတ်ရပါ့။
ဒီကချင်ကို မှားမိနေပြီ။
စိတ်ရင်းနဲ့တောင်းပန်သင့်သည်။
အမင်္ဂလာ ဖြစ်နေပြီ။
စစ်တပ် ရုတ်သိမ်းသင့်တာ - ကြာနေပြီ။
ကချင်ကို တောင်းပန်ပြီးသကာလ၊
ရှေ့တန်းက ဆုတ်သွားမှ
အောက်ပြည်ငြိမ်းချမ်းမယ်၊
တိုင်းပြည်လည်း သာယာမယ်။
မနောမြေ-စိန်
(၄.၁၂.၂၀၁၂၊ နံက် ၁၂ :၃၀ )
ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိ
၂၀၁၁ ဂျွန် ၉ မှာ -
စမိတာမှားပေါ့ကွာ။
တရားတဲ့ကချင်
ကတိတည်တဲ့ ကချင်
သည်းခံခဲ့တဲ့ ကချင်
ရိုးသားတဲ့ ကချင်။
လုံးဝမမှား ခဲ့တဲ့ ကချင်
ဘိုးဘွားမြေပိုင်တဲ့ ကချင်
လူ့ခွင့်ရေး အကြီးအကျယ်
ဆုံးရှုံးနေရတဲ့ ကချင်။
ဖိနှိပ်ခြင်း ခံနေရတဲ့ ကချင်
မတရားစစ် တိုက်နေရတဲ့ ကချင်
အသားလွတ် အလုခံနေရတဲ့ ကချင်
မနာလို မုန်းတီးခြင်းခံနေရတဲ့ ကချင်။
အထင်သေးခြင်းခံနေရတဲ့ ကချင်
နှိပ်ကွပ် နှိပ်စက်ခံနေရတဲ့ ကချင်
အမျိုးဖြုတ် ခံနေရတဲ့ ကချင်
သတ်ဖြတ်ခြင်းခံနေရတဲ့ ကချင်။
စစ်စိုးရလုပ်စုတ် ထားတာ
အရာရာ ပေါ်ကုန်နေပြီဗျာ။
တရှက်မှ ဆယ်ချက်မက၊
မျက်နှာဘယ်မှာ ချိတ်ရပါ့။
ဒီကချင်ကို မှားမိနေပြီ။
စိတ်ရင်းနဲ့တောင်းပန်သင့်သည်။
အမင်္ဂလာ ဖြစ်နေပြီ။
စစ်တပ် ရုတ်သိမ်းသင့်တာ - ကြာနေပြီ။
ကချင်ကို တောင်းပန်ပြီးသကာလ၊
ရှေ့တန်းက ဆုတ်သွားမှ
အောက်ပြည်ငြိမ်းချမ်းမယ်၊
တိုင်းပြည်လည်း သာယာမယ်။
မနောမြေ-စိန်
(၄.၁၂.၂၀၁၂၊ နံက် ၁၂ :၃၀ )