Monday, December 31, 2012

မင်းကိုနိုင် မင်းပြောတဲ့ သမိုင်းအမှန်ကိုရှင်းပေးပါ



၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သမိုင်း ကို အမှန်ရေးကြပြောကြပါဆိုလို့ ပြောလိုက်တော့မယ်။
မင်းကိုနိုင် ကိုကိုကြီး စသော ၈၈ မျိုးဆက်ကျောင်းသားများ ဆိုပြီး ကနေ့ ဖြစ်ပြနေတာ ဘာကြောင့်လဲ?
ဒီအတိုင်းတော့ ပရာ ကျော်ကုလားတွေလို၊ သကြား မုံန့်ဖက်ထုပ် ရောင်းတဲ့ လူတယောက်လို ၀ယ်ကြပါအုံန်းလို့ တကြော်ကြော် အော်ရင်း ၀ယ်သူရှာ အမြတ်ရလာမယ့်အေ၇းကို ကျိုးစားရင်း ဖြစ်လာကြတာတော့ မဟုတ်ပါ။
ကိုမင်းကိုနိုင်တို့ အပါဝင် ၈၈ ကျောင်းများဆိုတဲ့ ဝေဇယန္တာ ရုံးခန်းက ပုဂ္ဂိုလ်များ ရထာဘူတကျကျစဉ်စားဖို့ လိုလာတဲ့ အချက်က ၈၈ ဆိုတာ လက်ရှိ အဆိုပါရုံးခန်းက လူတွေပဲ လုပ်လာတာပဲ။ လုပ်လာပြီး အခုလို ၈၈ ဆိုတဲ့ ခေါင်းစီးကြီးကို တပြပြနဲ့ ငိုတလှယ်ရီတလှယ် လုပ်ပြပြီး တိုင်းပြည်ကို လှည့်လည်ပြီး ဆန္ဒပြနေသူတွေ ၊ကိုယ့် အခွင့်ရေးသူ့ အခွင့်ရေး မျှတရေးတွေကို ဆောင်ရွက်လာသူတွေကို လမ်းပေါ်တက်ရင်ပဲ ၂၀၀၈ နဲ့ မှတ်မျဉ်းထားပြီး ဥပဒေချိုးဖေါက်နေတယ်ဆိုတာ မျိုး အလုပ်မဖြစ်နိုင်တာမျိုး၊ ပြီးတော့ နောက်ပြန်လှည့်ခံရမှာမျိုး ကို ပြန်ဝါဒဖြန့် ပြလာတာကတော့ ၈၈တုန်းက သေသွားသူတွေ မမျှော်လင့်ခဲ့တဲ့ အသက် ဘ၀ ရှိသမျှ တိုင်းပြည်အတွက် ဒီမိုကရေစီရေးအတွက် ပေးသွားကြသူတွေ မထားခဲ့တဲ့ ပရမတ် တခုဆိုတာ မြင်ဖို့ လိုလာတယ်။
၈၈ ဆိုတာ တပြည်လုံး လှည်းနေလှေအောက် မြင်းစောင်းမကျန် ၀င်ရောက် ဆန့်ကျင်ပြီး အာဏာရှင် တစုကို ဖြိုချပြတဲ့ နေရာမှာ တုနိုင်းမဲ့ရက်ရော တဲ့ သဒ္ဒါကို အခု ၈၈တွေ တမိနစ်စာလောက်ပြန်စဉ်းစားဖို့ လိုလာတယ်။
ကိုမင်းကိုနိုင် နဲ့ အခု ၈၈ ဆိုတဲ့ ပုဂ္ဂိုလ်တွေ သိအောင် ပြောရရင် ၈၈ရဲ့ ပုံ၇ိပ် ကနေ့ထိဖြစ်နေတဲ့ မ၀င်းမော်ဦး ပြောခဲ့တဲ့ "ဒီမိုကရေစီ မရမခြင်း သမီးကို အမျှ မဝေပါနဲ့"ဆိုတဲ့ စကားဟာ အခု ရှစ်ပူးတွေ လူထုအတွက် ရှေ့မထွက်ပဲ ပန်းကုံးစွပ် လက်ခုပ်သြဘာ ရဖို့သာလုပ်ပြီး စစ်မှန်တဲ့ သတ္တိနဲ့ တောင်းဆိုသွားတဲ့ လူငယ် ကျောင်းသူတယောက်ရဲ့ သွေးအိုင်ထဲက မှာတမ်းကို
အလေးထားစေချင်တယ်။
အထက (၂)ရှေ့မှာ လူမဆန်တဲ့ စစ်ဘီလူတွေပစ်ချခြင်းခံ၇တဲ့ မိချောင်းကန် အပိုင်း (၁) မြစာရံဘုရားလမ်း အိမ်အမှတ် 291 က လေးတန်းကျောင်းသားလေးက " ဦးရယ် သားတို့ကို မပစ်ပါနဲ့ ပြည်သူ့စစ်သား တို့စစ်သား" ဆိုပြီး အော်နေကြတဲ့ လေးတွေကို လူမဆန်တဲ့ လက်နက် အ၇န်းပစ်ခတ်ပြီး ကျဆုံးသွားသူ မျိုးထွန်းဦး၊ ဇမြောက်ပိုင်းရပ်ကွက် ဘုရားကြီးလမ်းထဲက အိမ်အမှတ် 240 မှာနေတဲ့ ၄ တန်းကျောင်းသူလေး မသီတာ ပြီးတော့ ၁၆ ရပ်ကွက်ထဲက ခလေး 5 ယောက် အပါဝင် အားလုံး ပေတရာ လမ်းမမှာ အရုပ်ကျိုးပြတ် ပြုတ်ကျသွားတဲ့အချိန်မှာ အဲဒီမြင်ကွင်းလေးကို မင်းတို ၈၈ ထဲက အခု ခေါင်းဆောင် မင်းကိုနိုင် တယောက်မြင်ခဲ့ပါတယ်။
သူတို့ထဲမှာ သွေးအလိပ်လိပ်နဲ့ လူးနေတဲ့ကြားက သူတို့ အိမ်မက် ဖြစ်တဲ့ ဒီမိုကရေစီ ရမှ အမျှဝေပေးပါလေးဆိုတာကို ကျန်နေသေးတဲ့ အသက်ငွေ့ငွေ့နဲ့ မှာခဲ့တာ မင်းကိုနိုင် ကြားနေ မြင်နေမလားပဲ။
ကဲအခုတော့ ဒီမိုကရေစီတကယ်မရသေးပဲ မင်းတို့ အမျှဝေပြီး လိမ်လည်တဲ့ သာဓုတွေ အကြိမ်ပေါင်းများစွာ ခေါ်ပေးနေတာ ငါတို့ကြားတယ်။
မင်းကိုနိုင် အပါဝင် ၈၈ ဆိုတာ တပြည်လုံး အတိုင်းတာနဲ့ ပိုင်ဆိုင်ကြတာကို မင်းတို့ကပဲ မောင်ပိုင်စီးပြီး ထိပ်စီး တက်ယူထားတာကိုက တရားမျှတမှု ၊ တန်းတူမှု စတဲ့ ကျောင်းသား၇ဲဘော်တွေ ပြည်သူတွေ အသက် ဘ၀ စတာတွေကို နိဗ္ဗာန်န ပစ္စယော ဟောတုဆိုပြီး ပေးခဲ့တဲ့ သူတွေ သူရဲကောင်းတွေအားလုံးကို ခေါင်းပုံဖြတ်ပြီး ကိုကိုကြီး ထိုင်းနိုင်ငံ ဒီမိုခရိုနီမင်္ဂလာဆောင် လာတက်တုန်းက ပြောသလို ၂၀၀၈ ကို ပဲ ဦးတည်ပြီး ၂၀၀၈ ဥပဒေအောက်က သွားရတော့မဲ့ အာဏာရှင် လက်ထဲက နွားရုပ်လေး တွေလို ဖိညစ် ကိုင်တွယ်ပုံသွင်းခံ၇တဲ့ ၇ွှံ့စေးတုံးလေးလို တတိုင်ပြည်လုံးကို သွားချင်တယ်ဆိုရင် ၈၈ ကျောင်းသားများ သိုမဟုတ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဆိုတာလေးကို ဖြုတ်ပေးပါ။ သေသွာသူ သူရဲကောင်းတွေက အဲဒီ အယူဝါဒတွေကို မှာသွားပြီး ခေါင်းချသွားတာမဟုတ်လို့ ကျေးဇူးပြုပြီး ပယ်ဖျက်ပေးပါ။
တခုတော့ရှိတယ် အခု နိုင်ငံတကာက ၈၈ကျောင်းသားတွေထဲမှာ အရှောင်တွေရော အချောင်တွေရော လုပ်နေကြတဲ့ ပြောင်းလဲရေးဆိုပြီး ပြောတဲ့ကိုယ့်အခွင့်ရေးသူ့အခွင့်ရေး အရောင်းဝယ်မလုပ်နေသူတွေလို မင်းတို့ မလုပ်ဘူးဆိုရင် အခု မင်းတို့ရဲ ၈၈ မျိုးဆက်ဟာ ဖျက်မရတဲ့ သမိုင်းခေါင်းစီးမှာ ထာဝရ ထွန်းလင်းနေမှာပါ။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး
ပုသိမ်ထောင် နိုင်ငံရေးအကျဉ်းသားဟောင်း
ထိုင်းနိုင်ငံတွင် နိုင်ငံရေးစွဲချက်ဖြင့် ၂ ကြိမ်ထပ်မံ ထိန်းသိမ်းခံခဲ့ရသူ