မမ က ခုတလော ခရစ္စမတ်အတွက် အလုပ်ရှုပ်နေလို့ စာမရေးဖြစ်လိုက်ဘူး။ ခုတော့
ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်အဖြစ် မမတို့ရဲ့ နိုင်ငံတော်သီချင်းကို
(New Version) လက်ဆောင်လေး ရေးပေးလိုက်တယ်။ နိုင်ငံတော် အလံလည်း
ပြောင်းသွားပြီ ဆိုတော့ နိုင်ငံတော်သီချင်းကိုလည်း ပြောင်းရေးပေးရမယ်လေ။
မြန်မာနိုင်ငံတော် သီချင်း (New Version)
မြန်မာမြေ၊.... အဆင်မပြေ.....
ရွှေများစွာ၊ ငွေများစွာ ဒို့ဖြောင်စားနေ
လူထုကို ချေမှုန်းမယ်၊ ဆင်းရဲအောင်ထားမယ်
ဒါဒို့အမွေ၊ ဒါထုံးစံ၊ အမြဲ ထာဝစဉ်ပေ
အမှန်တရားတွေ၊ ဂတိစကားတွေ၊ ဘေးဖယ်ထားကွယ်
ဒို့တွေ၊ အမြဲလေ၊ သက်ဆုံးထိ၊ ပြည်သူကို နားမလည်၊
တပ်မတော်ကို အရိုးစွဲ၊
ခိုးယူမယ်လေ.... ပြည်သူ့ငွေတွေ......
By: peter moe