BY: FACEBOOK Ven Ravika
၁။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေခြင်းကို နိုင်ငံတကာက မထောက်ခံတော့ဘူးတဲ့။ ဒါဟာ ကျောင်းသားတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မထောက်ခံတဲ့စကား၊ တော်လှန်ရေးစိတ်ဓာတ် ခေါင်းပါးတဲ့စကားသာ ဖြစ်တယ်။
၂။ လက်နက်ကိုင်တိုက်ပွဲ ခေတ်မမီတော့ဘူးဆိုရင် တမတ်သားနိုင်ငံရေးကော ကမ္ဘာ့စံချိန်မီလားလို့ မေးပါရစေ။ တိုင်းရင်းသားတွေ၊ ကျောင်းသားတပ်မတော်သားတွေ လက်နက်စွန့်ဖို့ မပြောခင် လွှတ်တော်ကနေ တမတ်သားတွေ ထွက်ပေးဖို့ အရေးဆိုသင့်တယ်။
၃။ သေနတ်အစား လက်ပ်တော့ကိုင်စေချင်တယ်လို့ သမ္မတသိန်းစိန်ပြောတဲ့စကားဟာ တိုင်းရင်းသားများကို ဘာအခွင့်အရေးမှမပေးဘဲ တော်လှန်ရေးခုခံအားကျရောဂါကို ကူးစက်ပြန့်ပွားစေလိုခြင်းဖြစ်တယ်။
၎။ ဒီတော့ စစ်လည်း တိုက်ရမယ်၊ ဆွေးနွေးမှုလည်း ရှိရမယ်။ ဒီမိုကရေစီစစ်စစ် ရတဲ့အထိပေါ့။ ဖက်ဒရယ်ပြည်ထောင်စုပေါ်တဲ့အထိပေါ့။
လက်နက်ကိုင်တိုက်ပွဲ ခေတ် မီ
,
READ ABOUT,
News syria,
NEWS libya
,
Western nations already recognizing the opposition 'Transitional National Council' as Libya's legitimate government.
WEST SUPPORT REBEL