Monday, December 17, 2012

ဒို့တာဝန် အရေးသုံးပါး

ဒီတစ်ခါ မြန်မာအစိုးရ အဆက်ဆက်ကျင့်သုံးလာခဲ့ပြီး လက်ရှိ ဗမာအစိုးရက
လက်တွေ့ကျကျ ဆက်လက်ကျင့်သုံးနေတဲ့ မတူသော မူဝါဒများကို ရေးပေးလိုက်တယ်။
                                       ဒို့တာဝန် အရေးသုံးပါး
၁. ပြည်ထောင်စု မရှိရေး
၂. တိုင်းရင်းသား စည်းလုံးမှု ကို ဖျောက်ဖျက်ရေး
၃. အချုပ်အခြာအာဏာကို သေသည့်တိုင်အောင် ကိုင်စွဲရေး
                               ဗမာအစိုးရ ၀န်ထမ်းများ သဘောထား (၄) ရပ်
၁. ပြည်ပအားကိုး မြင်းမေးရိုး၊ ကိုယ်ကျိုးသမားများအား ကြိုဆိုကြ။
၂. ဗမာအစိုးရဌာနတိုင်းတွင် လာဒ်ယူရေးနှင့် လာဒ်မပေးသူများအား ဆန့်ကျင်ကြ။
၃. နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သောပြည်ပနိုင်ငံ
များအား
ဝိုင်းလိမ်ကြ။
၎. ပြည်တွင်းပြည်ပမှ လာဒ်ပေးသူများအား ဘုံမိတ်ဆွေအဖြစ် လက်ခံ ဆက်ဆံကြ။

                                      နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
၁. ပြည်သူများဆင်းရဲ ဒုက္ခရောက်အောင် တရားဥပဒေများကို ကြိုက်သလိုပြဌာန်းရေး။
၂. အမျိုးသမီးများအရေးကို နှိမ့်ချထားပြီး ဗမာစစ်သားများမှ
အမျိုးသမီးများကို မုဒိန်းကျင့်ရေး။
၃. တစ်ဖက်သတ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် သတ်မှတ်ရေးဆွဲရေး။
၎. ဥပဒေသစ်နှင့် အညီ ပဋိပက္ခများပြားသော နိုင်ငံတော်သစ်ကို တည်ထောင်ရေး။

                                          စီးပွားရေး ဦးတည်ချက် (၄) ရပ်

၁. သဘာဝ ဓါတ်ငွေ့ကို အဓိက ထုတ်ရောင်းစားပြီး ကိုယ်ကျိုးစီးပွားကဏ္ဍများကို
ဘက်စုံတိုးတက်လာအောင် ပြုလုပ်ရေး။
၂. ဈေးကွက်စီးပွားရေးစနစ်ကို ဘန်းပြပြီး နိုင်ငံတော် ဘဏ္ဍာကို ကြိုက်သလိုသုံးစွဲရေး။
၃. ပြည်တွင်းပြည်ပမှ သူခိုး၊လူလိမ် များနှင့် ပူးပေါင်းကာ
ကိုယ်ကျိုးစီးပွားမြန်မြန်ရှာဖွေယူရေး။
၎. နိုင်ငံတော်၏ စီးပွားရေး တစ်ရပ်လုံးဘား ဗမာတပ်မတော်မှအာဏာရူးတို့၏ ဆွေမျိုးများ၏
လက်ဝယ်တွင်သာ ရှိအောင်ပြုလုပ်ရေး။

                                               လူမှုရေး ဦးတည်ချက် (၄) ရပ်
၁. ဗမာ လူမျိုးများ၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တကို လိမ်လည် လှည့်ဖျားမှု
များဖြင့် ဖော်ဆောင်ရေး။
၂. အမျိုးဂုဏ်၊ ဇာတိဂုဏ် ဘယ်လောက်မြှင့်မားကြောင်းကို သီပေါမင်း၏
ပါတော်မူပုံနှင့် မီးမောင်းထိုးပြရေး။
၃. မျိုးချစ်စိတ်ဓါတ်ကိုလည်း သီပေါမင်း၏ သတ္တိဖြင့် ဖော်ပြရေး။
၎. တစ်မျိုးသားလုံး၏ ကျန်းမာရေးအတွက် အနူရောဂါသည်များကို စံနမူနာထားကာ
ဗမာစစ်တပ်မှ ခြေပြတ်
လက်ပြတ်ဖြင့် တောင်းစားနေသူများ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့အောင် ဆောင်ရွက်ရေး။
                                               ဒီမိုကရေးစီ ဦးတည်ချက် (၃) ရပ်
၁. ဒီမိုကရေစီ  အရေခြုံပြီး ကမ္ဘာကို လှည့်ဖြားကာ တိုင်းပြည်ကို
ကြိုက်သလို အုပ်ချုပ်ရေး။
၂. တစ်မျိုးသားလုံးအား ဒီမိုကရေစီ ဆိုသည့် စာလုံးများကို
အလွတ်ကျက်မှတ်ခိုင်းပြီး အနှစ်သာရကို ဖုံးကွယ်ထားရေး။
၃. ဒီမိုကရေစီကို ဘန်းပြကာ ပြည်တွင်းငြိမ်းချမ်းရေးကို
နှေင်တမလွန်ဘ၀တွင်မှ ရရှိအောင် ပြုလုပ်ရေး။
 
By Peter Moe