Monday, December 31, 2012

2013 ခုနှစ် အတွက် နှစ်သစ်လက်ဆောင် သီချင်းလေး ရေးပေးလိုက်တယ်။



မြန်မာအစိုးရကျောင်းတိုင်းမှာ သီဆိုနေသော ဇာတိမာန် သီချင်းလေးကို New Version အဖြစ်ရေးထားတာပါ။

                             
                           ဒါအမှန်ပေ


၁. (ဒါတို့တိုင်း၊ ဒို့မြေ၊ တို့ မြန်မာပြည်)၂
(စုတ်ပဲ့တဲ့ ဂုဏ်ကျက်သရေ၊ မမတို့ ရွှေထီးရွှေနန်း ပျောက်ဆုံးပြီ။)၂
လာပါပြီ၊ သူတောင်းစားတွေကို မွေးထုတ်ပေးနေ၊
ရာဇ၀င်၊ ဒို့ရာဇ၀င်တွေ အမြဲတမ်းဆိုးနေ၊
ပိုင်ဆိုင်လာ၊ ဘိုးဘွားအမွေတွေ၊ အမြဲတမ်း ဒို့ဖြောင်လို့နေ၊
မျိုးရိုးက အူကြောင်ကြားလေ

သံပြိုင်--- တက်လူတွေ၊ တက်လူတွေ၊ ဆေးရုံတက်တာ မပြီးနိုင်လေ၊
            ပိုက်ဆံရှင်းတာ မတတ်နိုင်ပေ၊ အဲဒါအမှန်ပေ၊
အောက်က မခံဘူးဟေ့၊ အမျိုးသမီးတို့ရေ၊
အထက်က မနေနေ့ဟေ့၊ အမျိုးသားတို့ရေ၊
တန်းတူအခွင့်အရေးဟာ အရေးကြီးတယ်လေ၊
တန်းတူအခွင့်အရေးဟာ အဓိကပါပေ၊
အားလုံးအတွက် ဒါအမှန်ပေ

၂. ဗမာစစ်သားလေးတွေ တောင်းရမ်းစားလို့နေ၊
ဂျိုင်းထောက်လေးနဲ့ကွယ် ခွက်တစ်လုံးကိုင်ကာလေ၊
ကမ္ဘာမိုးမြေ၊ သူသာအသိဆုံးလေ၊
လောင်ချာ သေနတ်ကြီးတွေ ကိုယ်စီထမ်းကာလေ၊
သွေးသံရဲရဲ နဲ့ စစ်မီးမွေးမယ်လေ၊
တတိုင်းပြည်လုံးသိစေ၊ သူသူငါငါလေ၊
မျိုးရိုးက သီပေါမျိုးလေ၊
By: Peter moe