Saturday, December 22, 2012

ကောက်ရိုး

Myitrum manang ni, “Yihku” ngu ai ,M Ga shagawp re yaw. M shiga grai kahtet ai. Manmaw lam, MKA lam she tsit mat sai; unawng uwa she re nga ma ai. Kalang nawt nawt rai, grai ni mat re nga ai. Hangkaibum na myawk n gap bun ai 2-3 ya rai sai. Kanaw lung shara la nga ai . Shanhte a masha ni hpe hkra na tsang ai majaw rai na re. Hkristmas  nhtoi rai n du yang den na ngu, grang dakat nga ma ai da. KK n hkraw na re. Kyu gaw grai hpyi shaja ga ngu yang , IDP law malawng kyu pyi n kam hpyi, Nawku jawng mung n kam sa hkra pyaw bu nga ma ai. She mau sai oi. Shatan mung n mai ai; grai shalu chye ma ai. Jauman ni gaw nau shakut nna, hkyinghkum 24 kyu ding-yang hpyi nga ai . Num Hpungtau langai (Hpt:Lahpai Nang Htang) pyi katsing si nna, Mangshi tsi rung she du mat wa sai. Shi a matu ma kyu hpyi dum ga yaw.
JIC++++
ကောက်ရိုး

အဖဘုရားသခင် ! ! !
အသုံးတော်ခံလိုပါ၏။
တန်ဖိုးမရှိသော ကောက်ရိုး
စွန့်ပစ်ခံ ကောက်ရိုး
နွားစာကောက်ရိုးမျှသာ။
ကောက်ရိုးကို တန်ဖိုးထား
နွားစာခွက် ခင်းလို့ထား
ကယ်တင်ရှင် မြတ်သောဘုရင်ဖွားမြင်ပြီး
အိပ်စက်ရာမှာ သုံးတဲ့ကောက်ရိုးမွေ့ယာ
တပည့်တော်ကို သုံးတော်မူပါ။
အရှင်ထာဝရဘုရား ! ! !
သုံးတော်မူပါ။
တပည့်တော်၏ အသက်တာ
စေလိုရာ စေခိုင်းပါ။
မထိုက်တန်သော်လည်း
ကောက်ရိုးတမျှင်ကဲ့သို့
အသုံးခံရလိုပါ၏။
မြတ်သောဘုရားသခင် ! ! !
မိမိတိုင်းပြည် မိမိလူမျိုး
လွတ်မြောက်ရေး အတွက်
တပြည့်တော်အား ကွက်လပ်တနေရာစာ
ဖြည့်စွက် ခွင့်ပေးတော်မူပါ။

လူမျိုးတော်တို့သည်
ဒုက္ခဆင်းရဲခြင်းမှ ကြေကွဲဝမ်းနည်းခြင်း
ဆာငတ်မွတ်သိပ်ခြင်း
စစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရခြင်း
ရင်ဆိုင်ခုခံ တိုက်ခိုက်နေရခြင်း
ဖိနှိပ် ညှင်းပမ်းခံရခြင်း
မတရား စွပ်စွဲခံရခြင်း
ပျော်ရွှင်မှုကင်းဝေးခြင်း
ငြိမ်းချမ်းရေးနှင့်ဝေးရခြင်း
အနိငှာရုံ အပေါင်းခညောင်းလျက်ရှိကြပါ၏။
ထို့အတွက် ! ! !
တပည့်တော်၏ အနိမ့်ဆုံးဘ၀မှ
ကောက်ရိုးကဲ့သို့
အမြင့်ဆုံးတနေရာဆီတိုး၍
ကောက်ရိုးတချောင်းအဖြင့်
အသုံးပြုပါမည့် အကြောင်း
လေးမြတ်စွာ တောင်းလျှောက်အသနားခံပါ၏ ဘုရား ! ! !

မနောမြေ - စိန်
(၂၁၊၁၂၊ ၂၀၁၂၊နံက်၂း၀၀)