Friday, December 28, 2012

အခုလို အချိန်မှာ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်ခင်ဗျားတို့ ရပ်နေတဲ့ နေရာမှာ တွေ့ရာသချိုင်း ဓါးမဆိုင်းဘဲ စစ်အာဏာရှင်တွေကို တိုက်သင့်တယ်။


အခုလို အချိန်မှာ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တဲ့ လူတချို့ ကချင် ဥက္ကဌကြီး ဘရန်ဆိုင်းရဲ့ ကျေးဇူး တချို့တ၀က်လောက်ကိုပဲ မှတ်မိကြမယ်ဆိုရင်၊ စစ်ရေး မဟာမိတ် ဆိုပြီး ထိုးခဲ့တဲ့ လက်မှတ်တွေကို မှတ်မိကြမယ်ဆိုရင်၊ ငါတို့လည်း တိုင်းရင်းသားတမျိုးပါလား ဆိုတာကို တွေးတော တတ်မယ်ဆိုရင်။ ကချင်စစ်ပွဲဟာ လူမျိုးတခုတည်းရဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေရတဲ့ ခုခံစစ် မဖြစ်သင့်ဘူးလို့ စဉ်းစားမိကြမယ်ဆိုရင်၊ မာနယ်ပုလော တိုက်ပွဲမှာ ကချင်ရဲဘော်တွေ မြောက်ပိုင်းက တောင်ပိုင်းကို လာပြီး ကူတိုက်ပေးတာတွေကို မှတ်မိမယ်ဆိုရင် ခင်ဗျားတို့ ရပ်နေတဲ့ နေရာမှာ တွေ့ရာသချိုင်း ဓါးမဆိုင်းဘဲ စစ်အာဏာရှင်တွေကို တိုက်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ငါတို့နဲ့ မဆိုင်ဘူးဆိုရင်တော့ မီးဆိုတာ မလောင်ခင် ၀ိုင်း မတားရင် တောက်လျှောက်လောင်မှာပါပဲ။ ကောင်းမြတ်သော ဘုရားသခင် မွေးနေ့ ဖြစ်ပါစေ။ ဘာသာမတူရင်တော့ မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ။