By Kachin duwa blog
လက်ပံတောင်းတောင် ကြေးနီမော် က ဒေသခံများဘ၀ |
ပြိုင်ဖက်မရှိ တဦးထဲ အာဏာပါဝါ နဲ့ စီးပွါးရေး လုပ်နေတဲ့ ဦးပိုင် ကုမ္မဏီကို သမ္မတ အဆင့်တောင် ထိလို့မရတဲ့ သဘောကို လက်ပံတောင်းတောင် မှာ အထင်အရှား တွေ့ရပါတယ်။
နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။
ဒေသခံ ပြည်သူ့ဆန္ဒ |
ဦးပိုင်လား၊ နိုင်ငံတော်လား မသဲကွဲ |
ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ စစ်တပ် အပိုင်စား စီးပွါးရေး ကုမ္မဏီ ဆိုတာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာပြည်မှာ ရှိနေပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း ဆိုတော့ လုပ်ချင်တိုင်းလုပ်လို့ရနေတာလဲ အဆန်းတော့ မဟုတ်။ ဒါပေမယ့်၊ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန် စစ်တပ်မှာ ကိုယ်ပိုင်စီးပွါးရေး ဆိုတာလဲ မရှိပါလားနော်။ လက်နက်တွေ ခေတ်မီပေမယ့် ပြည်သူကို လုပ်ချင်တိုင်း လုပ်လို့မရတာ ဘာကြောင့်ပါလိမ့်။ စနစ်ကွာတယ်လေ။
ဒေသခံများက ဒီလိုရေမျိုးစိမ့်ဝင်လာတဲ့ ရေကိုသောက်ရတယ် |
တရုတ်စာ နဲ့ မြန်မာ့ရဲ |
လက်နက်မဲ့၊ အကာအကွယ်မဲ့၊ ပြန်တိုက်ခိုက်သူ မရှိတဲ့ ဆန္ဒပြတောင်းဆိုမှု ကို လက်နက်အင်အားနဲ့ ညသန်းခေါင်း အိပ်မောကျချိန် ဖြိုခွင်းပြီး လူတွေ အများကြီးကို အနာတရ ဖြစ်စေတာ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိပါ။ ထိုင်း နဲ့ တောင် အဖရိကမှာ ဖြစ်တုန်းက ဆန္ဒပြတဲ့လူတွေအရင် လက်နက်တွေနဲ့ တိုက်ခိုက်လာလို့သာ ရဲက ပစ်တာပါ။
ဒီတော့ မြန်မာ ပြည်ဟာ ဘယ်နေရာ၊ ဘယ်ဒေသ မဆို အချိန်မရွေး ဦးပိုင်ရဲ့ အပိုင်စားမြေတွေ ဖြစ်နေပါတယ်။ ဦးပိုင် ကုမ္မဏီ က စစ်တပ်ကို နိုင်ငံတော် တာဝန်ယူစရာ မလိုအောင် ထောက်ပံ့သလား ဆိုတော့၊ အခုတလော လွတ်တော်ကနေ တပ်မတော် အသုံးစရိတ် မလောက်လို့ ဒီနှစ် အတွက် ဘက်ဂျက် တိုးတောင်းတဲ့ ကျပ်ငွေ သန်းပေါင်း xxxxxxxx နဲ့ အတူ အငြိမ်းစား ဗိုလ်ချုပ်တွေရဲ့ အလုပ်သမားကအစ နိုင်ငံတော် ဘက်ဂျက် သန်းပေါင်း xxxxxx ထည့်ပေးလိုက်ရ ပါသတဲ့။
ပညာရေး နဲ့ ကျန်းမာရေးမှာ ထပ်ဖြည့်တယ် ဆိုတာ လဲ တခါမှ မကြားဖူးတာ အမှန်ပါ။ ပြည်သူ သန်း ၆၀ ကို (တပ်မတော် မိသားစုက အစ) တိုက်ရိုက် အကျိုးတက်ရောက်တာ ပညာရေး နဲ့ ကျန်းမာရေး ဘက်ဂျက်တွေပါ။
ဒီတော့ မြန်မာပြည်ဟာ နေရာဒေသမရွေး၊ အချိန်မရွေး ဒိုက်ကောက်စားသွားနိုင်တဲ့ အနေအထားပါ။ ၂၀၀၈ အခြေခံ ဥပဒေ မပြင်သေးသ၍ပေါ့။