Friday, September 16, 2016

အ မေ ရိ ကန် SANCTION ဖြေ လျော့ မှု နဲ့ ဗ မာ စစ် တပ် ရဲ့ အ မြောက် ဆံ။


La Raw Raw
15 - 9 - 2016
နိုင် ငံ တော် အ တိုင် ပင် ခံ ပု ဂ္ဂိုလ် နှင့် နိုင် ငံ ခြား ရေး ၀န် ကြီး ဒေါ် အောင် ဆန်း စု ကြည် နိုင် ငံ တော် ခ ရီး စဉ် အ ဖြစ် ၁၃-၉-၂၀၁၆ ဒေ သ စံ တော် ချိန် ည ၉း၀၀ ချိန် ခန့် အ မေ ရိ ကန် နိုင် ငံ ၀ါ ရှင် တန် ဒီ စီ မြို့ ကို ရောက် လာ ပါ တယ်။ ဒဏ် ခတ် ပိတ် ဆို့ မှု တွေ ဖြေ လျော့ ဖို့ လည်း တောင်း ဆို ပါ တယ်။ ဒါ နဲ့ တ ပြိုင် နက် ဗ မာ စစ် တပ် ဟာ၁၃- ၉- ၂၀၁၆ နေ့ KIA ဗ ဟို ဒေ သ Nhkram Post အား လက် နက် ကြီး စ တင် ပစ် ခတ် ပါ တယ်။ သ မ္မ တ အို ဘား မား နဲ့ ဒေါ် အောင် ဆန်း စု ကြည် ၁၄-၉-၂၀၁၆ ည ပိုင်း တွေ့ ဆုံ ပြီး မေ ရိ ကန် နိုင် ငံ၊ ဘ ဏ္ဍာ ရေး ၀န် ကြီး ဌာ န ရဲ့ နာ မည် ပျက် စာ ရင်း သွင်း ခံ ထား ရ တဲ့ လူ ပု ဂ္ဂိုလ် နဲ့ ကု မ္ပ ဏီ (၁၁၁) ခု ကို ပယ် ဖျက် ပေး မယ် လို့ သ ဘော တူ ခဲ့ ပါ တယ်။ ဒါ နဲ့ တ ပြိုင် နက် တည်း ဗ မာ စစ် တပ် ဟာ ယ နေ့ ၅:၄၀ ချိန် မှ စ တင် ကာ KIA ရဲ့ Nhkram Post အား လက် နက် ကြီး နဲ့ စ တင် ပစ် ခတ် ခြင်း၊ ၇း၀၀ ချိန် ခန့် မှ စ တင် ကာ ခ ယာ တောင် ကုန်း မှ လိုင် ဇာ ဘက် ကို လက် နက် ကြီး (၅) ကြိမ် ထက် မနည်း ပစ် ခတ် ခဲ့ ပါ တယ်။
ဒါ တွေ ဟာ ဒေါ် အောင် ဆန်း စု ကြည် ၁၃-၉-၂၀၁၆ နေ့ စ တင် ကျင်း ပ နေ တဲ့ (၇၁) ကြိမ် မြောက် ကု လ သ မ ဂ္ဂ အ ထွေ ထွေ ညီ လာ ခံ (UNGA) မှာ'' မြန် မာ ပြည် ငြိမ်း ချမ်း နေ ပြီ'' လို့ မိန့် ခွန်း ပြော ပြီး တာ နဲ့ တ ပြိုင် နက် ''ငြိမ်း ချမ်း ရေး မ လို လား ကြောင်း'' ဗ မာ စစ် တပ် က နေ ပြ သ လိုက် တာ ဖြစ် ပါ တယ်။ ငြိမ်း ချမ်း ရေး ကို တိုင်း ရင်း သား လက် နက် ကိုင် တော် လှန် ရေး အ ဖွဲ့ များ (EAOs) များ က လို လား နေ ပြီး ဗမာ စစ် တပ် က ငြိမ်း ချမ်း ရေး မ လို လား ကြောင်း၊ ငြိမ်း ချမ်း ရေး ကို ဖျက် ဆီး နေ ကြောင်း ပေါ် လွင် နေ ပါ တယ်။ငြိမ်း ချမ်း ရေး ရ သွား ယင် ဗ မာ စစ် တပ် ရဲ့ အ ခန်း က ဏ္ဍ မှေး မှိန် သွား မှာ ကို စိုး ရိမ် နေ ပါ တယ်။ ဒါ ကြောင့် ရ ရှိ ပြီး သား ''ယုံ ကြည် မှု'' တောင် ပျောက် ကွယ် သွား နိုင် ကြောင်း ရေး သား လိုက် ရ ပါ တယ်။
.....BumLen Awng.