Friday, September 23, 2016

Saiga Brang and 22 others shared Khine Min Myat's post.
Khine Min Myat with Bo Thant and 4 others.
မောင်တောတွင်ဖမ်းမိသောWY စိတ်ကြွဆေးပြား သိန်း ၆၀ ကျော် အဓိကတရားခံများမှာ မြန်မာ့တပ်မတော်ဖြစ်ကြောင်း ဖွင့်ဟဝန်ခံပြီ
ကျေးဇူးပြုပြီး Share ပေးကြပါ
၂၁ရက်၊စက်တင်ဘာလ၊၂၀၁၆
ရခိုင်ပြည်နယ် မောင်တောမြို့မှာ စိတ်ကြွဆေးပြား သိန်း (၆၀) ကျော်ကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့များသည် ယမန်နေ့က ဖမ်းမိခဲ့ကြ သည်။
မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြဝင်းမှ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့အဝင် သုံးမိုင် အုတ်သဲ ကျောက်လုပ်ငန်းဝင်းအတွင် အုတ်ပုံထဲတွင် သိုဝှက်ထားသည့် WY စိတ်ကြွ မူးယစ် ဆေးပြား ခြောက်ဆယ့်နှစ်သိန်း သုံးသောင်း သုံးထောင် ရှစ်ဆယ် (၆၂၃၃၀၈၀) ကို ရှာဖွေ ဖမ်းမိခဲ့သည်။
၎င်းနောက် မောင်တောမြို့ လသာရွာမှ နုရူလာမိန်မှာအိမ်ကို ဆက်လက် ၀င်ရောက်ရှာဖွေရာ နောက်ထပ် WY စိတ်ကြွ ဆေးပြား ၆၈၂၅၀၀ ကို ထပ်မံ ဖမ်းမိသည်။
ထိုသို့ ထပ်မံ ဖမ်းမိခြင်းမှာအုတ်သဲကျောက် လုပ်ငန်းပိုင်ရှင် တရားခံ ညီချစ် လွတ်မြောက်နေတဲ့ အတွက် ထပ်မံ စောင့်ကြည့် ရှာဖွေရာမှာ အုတ်ပုံ အတွင်းမှ ပီနံအိပ် ၂၇ လုံး ကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲက WY ဆေးပြား ၆၂၃၃၀၈၀ ကို ဖမ်းဆီးရမိပါတယ်။ တစ်ပြိုင်တည်းမှာဘဲ သတင်း အရ လသာရွာ နုရူလာမိန် အိမ်ကိုဝင်ရောက်ရှာဖွယ်ရာ အိမ်သာခန်းထဲမှာ နောက်ထပ် ၆၈၂၅၀၀ ထပ်မံ ရှာဖွေ တွေ့ရှိပါတယ်။
ဖမ်းဆီးရမိသည့် ဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၃၈၀၀ ကျော်ဖိုးရှိကြောင်း သိရပါတယ်။
ထိုသို့ စိတ်ကြွဆေးပြားများ စံချိန်တင်ဖမ်းမိခြင်းနဲ့ ပက်သတ်၍ အုတ်သဲကျောက် လုပ်ငန်းပိုင်ရှင် ဦးညီချစ်၏ယာဉ်မောင်း မိုးဇော်ဦး (၂၈ နှစ်) နှင့် ကျောက်ခွဲစက်လုပ်ငန်းစာရေး ရှောင်ရှုဇူဟာရ် (၃၂ နှစ်) အား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ရာတွင်
အုတ်သဲကျောက် လုပ်ငန်းပိုင်ရှင် ဦးညီချစ်မှာ
မြန်မာ့တပ်မတော်မှ အရာရှိဟောင်းတစ်ဦးဖြစ်နေပြီး
ဆေးပင်စင်ဖြင့် တာဝန်မှ ရပ်နားပြီး အုတ်သဲကျောက်ကို အရောင်ပြကာ
မြန်မာ့တပ်မတော်၏မူးယစ် စီးပွားရေးများတွင် လျှို့ဝှက်စွာ ဆက်သွယ်လုပ်ဆောင်နေကြောင်းသိရသည်။
ဤမျှများပြားသော မူးယစ်ဆေးဝါးများကို ဦးညီချစ်အနေဖြင့် ယခုတစ်ကြိမ်တည်း သယ်ယူရောင်းချနေခြင်းမဟုတ်ပဲ ယခင်နှစ်များကပင် မြန်မာ့ တပ်မတော်၏ အဆက်သွယ်များဖြင့် ပါကစ္စတန် အရှေ့အလယ်ပိုင်း ISSIS များထံသို့ အကြိမ်ကြိမ်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ယဉ်မောင်း မိုးဇော်ဦးမှ ဖွင့်ဟဝန်ခံခဲ့လေသည်။
ယခုဖမ်းဆီးရရှိမှုမှာ မောင်တောမြို့နယ်တွင်း စံချိန်တင် အများဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး
မြန်မာ့တပ်မတော်၏ အဓိကဝင်ငွေ ပင်မလမ်းကြောင်းဖြစ်နေ၍ မည်ကဲ့သို့ ဆက်လက်စုံစမ်း အရေးယူဖော်ထုတ်သွားမည်ကို
ရခိုင်ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ထံ အကြောင်းကြားသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး ဦးကျော်မြဝင်းက ပြောကြားသည်။
"မြန်မာနိုင်ငံ၏ အဓိက ကာကွယ်မှုတာဝန်ယူထားကြသော မြန်မာ့တပ်မတော်ကိုယ်တိုင် ပါဝင်ပတ်သတ် ကျူးလွန်နေသော ကြီးလေးသည့် ရာဇဝတ်မှု ဖြစ်နေသောကြောင့် ပြည်ထောင်စုအစိုးရ တို့ပါဝင်ဖြေရှင်းသင့်တယ်"ဟု ရဲမှူးကြီးမှပြောသည်။
ယခုကဲ့သို့ မူးယစ်ရာဇဝတ်မှုများကို မြန်မာ့တပ်မတော်မှ ကိုယ်တိုင်ပါဝင် ကျူးလွန်နေခြင်းမှာ ယခုတစ်ကြိမ်တည်းမဟုတ်ပေ
အစိုးရအပြောင်းအလဲကာလတွင်လည်း ရန်ကုန်တိုင်းထဲတွင်လည်း အစိုးရ အရာရှိများ၏ မှူးယစ်စိတ်ကြွဆေးများကို အကြိမ်ကြိမ် ဖမ်းမိခဲ့သော်လည်း အစိုးရအပြောင်းအလဲကာလမို့ အရေးယူနိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ယခုတစ်ကြိမ်တွင် နိုင်ငံတော်အစိုးရမှ မည်သို့ကိုင်တွယ် ဖြေရှင်းသွားမည်ကို စောင့်ကြည့်ကြမည်ဖြစ်သည်။
Khine Min Myat(ပြန်လည်မျှဝေသည်)