Monday, June 17, 2013

ခံစားချက် စာစု

======= ခံစားချက် စာစု ==============

ဗမာအစ တကောင်းကတဲ့.... (ပါးစပ်ရာဇ၀င်လား/
သုသေသနလားမပြောတတ်)
ဗမာတွေ တကောင်းမှာ စည်ပင်နေတဲ့အချိန် ကျုပ်တို့ကချင်တွေဘယ်နေခဲ့တုန်း
ဗမာတွေ တကောင်းမှာ မြို့ ပြလုပ်ချိန် တခြားတိုင်းရင်းသားတွေ ဘယ့်နှယ့်တုန်းဟဲ့
(ပါးစပ်ရာဇ၀င်လား /သုသေသနလား မပြောတတ်ပေမယ့် သူတို့တွေ ကိုယ့်နေရာ
နဲ့ကိုယ်သီးခြား နေခဲ့တယ်) ဆိုတာကတော့ အဖြစ်နိုင်ဆုံး အဖြေပါ~~)
-
-
-

ပုဂံ-အင်းဝ-ကုန်းဘောင်-ညောင်ဦး-ဘာညာဘာညာ ခေတ်တွေဆိုရင် လည်း
ဗမာက ဗမာသပ်သပ် နေခဲ့သလို တခြားတိုင်းရင်းသားတွေလည်း သပ်သပ်နေခဲ့
တယ် ဆိုတာကတော့ အဖြစ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံး အဖြေပါ~~
(မြန်မာဘုရင်တွေက မှူးမတ်တွေကို နယ်နှင်ဒဏ်ပေးရင် မဲဇာတောင်ခြေကိုပို့
ပါတယ်~~ မဲဇာတောင်ဆိုတာ အခုစစ်ကိုင်းအဆုံး ကချင်ပြည်နယ်အစ ဒေသ)
-
-
-

သီပေါဘုရင်ပါတော်မူသွားပြီးနောက် အင်္ဂလိပ်က အားလုံးကို စုစည်းပြီး ဗားမား
ကိုလိုနီနိုင်ငံအနေနဲ့ အုပ်ချုပ်ခဲ့ပါတယ် ~~တောင်တန်းဒေသနဲ့ မြေပြန့်ဒေသအုပ်
ချုပ်ပုံစံကွဲခဲ့ပါသေးတယ် ဘာကြောင့်လဲဆိုတော့ တူကိုမတူလို့လို့ ယူဆရပါတယ်
~~ အင်္ဂလိပ်စာကို ရုံးသုံးစာ~~ အင်္ဂလိပ်စကားကို ရုံးသုံးစကားနဲ့ပါ~~ အဲ့အချိန်
တုန်းက ဗမာလည်းဗမာပြည်မှာနေတယ်~~ကချင်လည်း ကချင်ပြည်မှာနေတယ်
ပေါ့~~ ကျန်တဲ့တိုင်းရင်းသားတွေလည်းထိုနည်းတူစွာပါပဲ~~ ဒါလည်းသိနေတဲ့
သမိုင်းအဖြေပါ~~
-
-
-

၁၉၄၈ လွပ်လပ်ရေးရဖို့ ချင်း-ရှမ်း-ကချင် တို့ကိုညှိယူခဲ့တယ် .. ကချင် သပ်သပ်
မနေဖို့ ဗမာနဲ့ ပူးပေါင်းဖို့ပေါ့... ကချင်-ဗမာ တန်းတူဆက်ဆံရမယ်ဆိုတဲ့ မူတစ်
ခုကိုသဘောတူလို့ ပင်လုံမှာစာချုပ်ဖြစ်ခဲ့တာပါ~~ အဲဒီ အချိန်အထိ ကချင်က
ကချင်ပဲဗမာက ဗမာပါပဲ~~ဒီတစ်ခါမှာတော့ သက်သေပြစရာရှိပါတယ်~~
-
-
-

အဲဒီအချိန်တုန်းက ကချင်လူမျိုးအများစုက ဗမာစကားလုံးဝမတတ်ကြပါဘူး..
ကချင်လိုပဲပြောတယ်~~ကချင်လိုပဲဝတ်တယ်.. ကချင်လိုပဲစားတယ်..ကချင်
လိုပဲနေတယ်~~ ရန်ကုန်အထိကျောင်းသွားတက်တဲ့သူတွေလောက်သာဗမာ
စကားကို ရေရေလည်လည်တတ်ကြတယ်~~ ပညာတတ်အချို့ လောက်သာ
ဗမာစကားကို ကောင်းကောင်းတတ်ကြတယ်~~~ သို့သော် ဗမာအကျင့်ကို
မသိသေးဘူးလို့ ဆိုရမယ်~~
(ကချင်နဲ့ ဗမာမတူခဲ့ကြောင်း သက်သေပေါ့နော်)
-
-
-

အခုတော့ ဗမာစောက်ကျင့်ကို ကချင်တစ်မျိုးသားလုံးသိနေပြီ~~ ဗမာစကား
ကိုလည်း အားလုံးနီးပါးတတ်နေပြီ~~ ဗမာယဉ်ကျေးမှုဆိုတာလည်း မမြင်ချင်
မှအဆုံးဖြစ်နေပြီ~~ တချို့သောတိုင်းရင်းသားများလည်း ဗမာကာပြားတွေ~
ဖြစ်ကုန်ပြီ~~ ကိုယ့်ဘာသာစကားကိုမေ့ကုန်ပြီ~~ ကိုယ့်ယဉ်ကျေးမှုတွေ ~~
ပျောက်ကုန်ပြီ~~
-
-
-

“လူသိများတဲ့ဘာသာ လူဦးရေများတဲ့ စကားကို နိုင်ငံတော်ဘာသာစကား နိုင်ငံ
တော်လူမျိုး နိုင်ငံတော် ဘာသာ နိုင်ငံတော် ယဉ်ကျေးမှု”

လို့သတ်မှတ်တာဟာဘယ်သူမှမငြင်းနိုင်တော့မယ့် အချိန်အခါ ရောက်ရှိလာခဲ့ပြီ
ဖြစ်ပါတယ်၊၊ ဒီလိုဖြစ်အောင်ကိုလည်း ဆွေစဉ်မျိုးဆက် များစွာ ရင်းနှီး ကြံဆောင်
လာခဲ့တာဖြစ်တယ်~~ စစ်အစိုးရဟာ ဒီစနစ်အသက်သွင်းရာမှာ အဓိက
ဇာတ်ကောင် ဖြစ်နေခဲ့လို့ အခုအချိန်အထိ နိုင်ငံတော်တည်ထောင်ရေး အဓိက
အရေးပါသူ လို့ သမုတ်ခံနေရတာဖြစ်ပါတယ်~~
-
-
-

တိတိကျကျပြောရရင် ဗမာလူမျိုးအများကြီးက စစ်အစိုးရကို မကြိုက်ကြပါဘူး
ဒါပေမယ့် ဒီအမျိုးသားရေး အမြင်နဲ့ကြည့်ရင် သူတို့ပီတိဖြစ်နေကြပါတယ်~~~
အမျိုးသားရေး အမြင်ဆိုတာ တစ်နိုင်ငံလုံး တစ်သွေးတစ်သား တစ်မျိုးတစ်ဘာ
သာဖြစ်ရေး လို့ အဓိပါယ်ဖွင့်ဆိုကြပါသေးတယ်~~
-
-
-

နောက်ပြီးတိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးဖြစ်အောင်လုပ်
လိုက်ပါတယ်.. အနည်းဆုံးတော့ ဗမာက အနူတောထဲ လူချောဖြစ်ချင်ခဲ့တာကိုး
တိုင်းရင်းသားတွေကို ဗမာပုံပြင် ဗမာစာအတင်းရိုက်သွင်းခဲ့တယ်~~ တိုင်းရင်း
သားတွေအပေါ် မတရားသဖြင့် လွမ်းမိုးခဲ့တဲ့ သာဓကတွေပေါ့ဗျာ~~
-
-
-

ကဲ.~~စာကိုရှည်နေပြီ~~ ကျုပ်ပြောချင်တဲ့ အဓိကအကြောင်းအရာကကချင်
ပြည်နယ်ကို ဗမာပိုင်တယ်ဆိုတဲ့ အစွဲကို လွှင့်ပစ်လိုက်ပါ~~ရှမ်းပြည်~~ ချင်း
ပြည်~~ ရခိုင်ပြည်~~ ကယန်းပြည်~~ စသူတို့ ဒေသတွေကိုလည်း ဗမာတစ်
မျိုးသားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ သမိုင်းလိမ်ကြီးကို ဖယ်ထုတ်ပစ်လိုက်ပါတော့
သူတို့တွေရဲ့  ဘာသာ၊ စကား၊ ယဉ်ကျေးမှုတွေကို လွပ်လပ်ခွင့်ပေးလိုက်ပါ~~
သူတို့ဒေသရဲ့ လိုအပ်ချက်ကို သူတို့ကလွှဲပြီးတခြားဘယ်သူမှ ပိုမသိနိုင်ပါဘူး~ တခြားဘယ်သူမှလည်းပိုလို့ နားမလည်နိုင်ပါဘူး~~ တခြားဘယ်လူမျိုးကမှ
လည်း သာလို့ စေတနာမေတ္တာ မထားနိုင်ပါဘူး~~ ဒါကြောင့်မို့ အဲဒီလိုဖြစ်ရ
အောင်လို့ ~~ အာဏာခွဲဝေပြီး ~~ ကိုယ်တိုင်ဥပဒေပြုရေး~~ ကိုယ်တိုင်တရား
စီရင်ရေး~ ကိုယ်တိုင်အုပ်ချုပ်ရေး~~ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရေး ဆိုတဲ့အခွင့်
အာဏာတွေကို တိုင်းရင်းသားပြည်နယ်ကိုယ်စီတိုင်း အချိန်အခါကျလို့ ရက်ရက်
ရောရော ပြန်ပေးလိုက်စေချင်ပါတယ်~~
-
-
-

ခင်ဗျားတို့ ဗမာကိုလည်း လူမျိုးခပ်ကြီးကြီး တစ်မျိုးအနေနဲ့လေးစားအသိအမှတ်
ပြုပါတယ်~~ ခင်ဗျားတို့ဆိုင်ရာဘိုးဘွားပိုင်နယ်မြေလည်း သပ်သပ်ရှိပါတယ်~~
အောင်ဆန်းစုကြည်ပဲရရ ~~သိန်းစိန်ပဲလုပ်လုပ်~~ ခင်ဗျားတို့ဒေသကို ကိုယ်စား
ပြုစေချင်တယ်~~ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး တစ်နိုင်ငံလုံးစာ အလုပ်မလုပ်
တဲ့ ဗမာခေါင်းဆောင်တွေကိုတော့ ................ လက်သင့်မခံနိုင်တော့ပြီလို့ပဲဆု
ပါရစေခင်ဗျာ၊၊။ ၊၊ ၊၊