===================
၂၀၀၉ တုန်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့ အောင်မြေ (၁) ကျေးရွာကနဲ့
၂မိုင်လောက်ဝေးသောနေရာမှာ လယ်သွားလုပ်ခဲ့ရာ နေ့လယ် အလုပ်နားပြီး
နွားကျောင်းရင်းနဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတစ်ယောက်လည်း
နွားကျောင်းနေတာကို ဆုံဖြစ်သည်
ကျတော်က စကားစပြောပြီး ဒီလယ်ကွင်းတွေ ပိုင်ရှင် အစစ်မှာ အရင်တုန်းက
စစ်ဖြစ်ပြီး ထွက်ပြေးသွားကြတယ် ဆိုတာ ဟုတ်လား ဦးလေးဟု မေးမိရာက
"ဟုတ်ချင်လည်းဟုတ်မယ်" ဆိုပြီး စစ်ရေးနဲ့ ပတ်သက်ပြီး သူအတွေ့အကြုံတွေကို
ဖွင့်ပြောပြတော့သည်
သူပြောတဲ့ထဲမှာ အမှတ်အမှတ်ရဆုံး တစ်ခုမှာ "
မင်းတို့တွေ ဘယ်တော့မှ ဗမာ စစ်သားမလုပ်ကြပါနဲ့ ဗမာစစ်သားကို
လူကောင်းထင်ပြီး မိတ်ဆွေအဖြစ်လည်း လုံးဝမပေါင်းသင်းမိစေနဲ့ အခုငါတို့
မြို့တွေမှာ ရှိကြတဲ့ စစ်သားတွေဟာ လူနဲ့တူပေမယ့် အဲဒီစစ်သားတွေ
တောင်ပေါ်ဒေသမှာ ရောက်သွားရင် အရိုင်းစိုင်းကောင် လူစိတ်မရှိကြသော အကောင်တွေ
ဖြစ်လျှက်ရှိတယ်"ဆိုပြီး စကားစပြောတော့သည်
"ငါ့ နာမည်က
ငွါးဆီးပါ ဝိုင်းမော်မြို့ စီလီမှာ နေတာပါ လွန်ခဲ့တဲ့ အနှစ် ၂၀
တုန်းကစဒုံးမြို့မှာ နေလာခဲ့ပြီး အဲဒီခေတ်တုန်းက စဒုံးမြို့ အထက်ပိုင်း
ကာပတီး တွေမှာ ကွန်မြူနစ် အဖွဲ့က အုပ်စိုးထားပြီး ဗမာတပ်မတော်နဲ့
အကြီးအကျယ် တိုက်ပွဲဖြစ်တဲ့ခေတ်ပါ အဲဒီအချိန်ငါက ပေါ်တာ ၃ ခေါက်ထမ်းဖူးတယ်
ရွာထဲက အလည့်ကျ ခွဲတန်းအရ ထမ်းတာ ၂ခါ အတင်းအဓမ္မင်္ီလမ်းမှာ တွေ့ပြီး
ခေါ်ဆောင်သွားခြင်း ခံရတာ ၁ခါပါ" ပြောပြပါသည်
သူကဆက်ပြောပြီး
"တစ်နေ့တုန်း ငါ့မှာ မြင်း၂ကောင်နဲ့ တောင်ယာမှာ စပါးသွားတိုက်ပြီး
အပြန်လမ်းမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တိုးပြီး ခေါ်ဆောင်ခြင်း ခံခဲ့ရသည်
အနှောက်မှာ ပါလာတဲ့ လူတွေကတော့ မိန်းမ ၁၁ယောက်လောက်ရှိပြီး ငါအပါအဝင်
ယောက်င်္ကျား ၆ယောက်ပါ အများပိုင်း.လီဆူတွေဖြစ်ပြီး မိန်းမတွေကတော့
သူတို့ရွာမှာ ယောင်္ကျားလေးတွေ အရှေ့က စစ်ကြောင်းတွေ အကုန်ပေါ်တာ
ခေါ်ဆောင်သွားလို့ လူမရှိတော့တဲ့ အတွက် ခေါ်လာတယ်လို့ ပြောပြပါတယ်
တစ်ရက်ကျော်လောက် သွားလိုက်တဲ့အခါမှာ အိမ်ခြေ၁၀အိမ်ကျော်ရှိတဲ့
ရွာတစ်ရွာမှာ ရောက်သွားခဲ့သည် ရွာထဲကလူတွေအကုန် ထွက်ပြေးသွားပြီး ဘယ်သူမှ
မရှိပါ အဲဒီရွာမှာ မွေးထားတဲ့ ကြက်ဝက် နွားတွေ တွေ့သမျှပစ်သတ် ချက်စားကြတယ်
ညရောက်တော့ ငါတို့၁၇ယောက်ကို အိမ်တစ်အိမ်ထဲမှာ စုပုံလိုက်ပြီး အပြင်မှာ
စစ်သားက စောင့်နေတယ် ယောင်္ကျာနဲ့ မိန်းမ ဟိုဘက်ဒီဘက် ခွဲအိပ်ခိုင်းပြီး
မိန်းမတွေကို ငါတို့ရှေ့မှာ စစ်သား အယောက် ၂၀ လောက်က အလှည့်ကျ
မုဒိန်းကျင့်တယ် နည်းနည်းချောတဲ့ မိန်းမကို စစ်ဗိုလ်တွေဆီ ရွေးပို့ပေးတယ်
တစ်နေကုန် ပစ္စည်းထမ်း ရေလည်းကောင်းကောင်းမသောက်ရ မစားရပဲ ပင်ပန်းလာတဲ့
ကြားက ညရောက်တော့လည်း ကောင်းမနားရ နှိပ်စက်ဒဏ်ကို မခံနိုင်လို့
တစ်ချို့တွေက အော်ပြီး ငြင်းဆန်ကြတဲ့လူကို ဆံပင်ဆွဲ ပါးရိုက်သည်
တောတောင်ထဲ လမ်းလျှောက်လုံး ကြိုသလို အနိုင်ကျင့်ကြတယ် စခန်းချ
နားပြီဆိုတာနဲ့ ငါတို့က မနားရပဲ ထမင်းချက် သူတို့ စစ်သားတွေကို ပြုစုပေး
လုပ်နေရသည် ဒီလိုနဲ့ ၂ပတ်လောက်ကြာတော့ တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ရပြီး
ငါတို့ကလည်း ခြေဦးတည်ရာ ထွက်ပြေးလိုက်ရသည် ငါနဲ့အတူပါလာတဲ့ မိန်းမ
သုံးရောက် ကျန်တဲ့လူက သေသလား ရှင်သလားတောင် မသိတော့ဘူး " ဆိုပြီးပြောပြပြီး
အဆုံးမှာ ထပ်မှာသေးသည်
မင်းတို့တွေ စားစရာ မရှိလို့
တောင်းစားရရင်တောင် ဗမာ စစ်သားမလုပ်ကြနဲ့ ဗမာစစ်အရာရှိ ဘယ်လိုကောင်မျိုး
ဘာအဆင့်ပဲ ရှိနေနေ လုံးဝမလေးစားမိစေနဲ့ အားမကြမိစေနဲ့ ဂုဏ်လည်းမယူပါနဲ့
ငါတစ်သက်မှာ ဗမာစစ်သားလောက် ရိုင်းစိုင်းရုပ်မာသော အရာဆိုတာ
ကြားလည်းမကြားဖူးဘူး မြင်လည်း မမြင်ဖူးဘူး ဒီဗမာစစ်သားနဲ့မှ အင်မတန်
စိတ်နားဖို့ ကောင်းပြီး ရွံရှားဖွေ ရက်စက်ရုပ်မာမှု့ကို ငါကြုံခဲ့ရသည်"
ဟုပြောပြရင်း စကားဆုံးခဲ့ကြသည်