Sunday, June 30, 2013

တော်လှန်ရေးဆိုတာ ဘာလဲ

                                       
              ဂေါင်းစဉ်က တော်လှန်ရေးဆိုတော့ ကျနော့ကို တော်လှန်ရေးသမားလို့မထင်လိုက်ပါနဲ့ ကျနော်ဘာမှမသိသူပါ၊ ကျနော်စိတ်မှာခံစားနေရတာတွေကို ကိုယ်ပိုင်မှတ်စုမှာ လွတ်လွတ်လပ်လပ် လက်ကမြင်းတာပါပဲ၊ တော်လှန်ရေးဆိုတာ စနစ်တခုကိုဖြစ်စေ ဒါမှမဟုတ် လုပ်ရပ်တခုကိုဖြစ်စေ မကြိုက်     မနှစ်သက်ခဲ့ရင် တော်လှန် မောင်းထုပ် တိုက်ပွဲဝင်ကြခြင်းပါပဲ၊ ဉပမာ အင်္ဂလိပ် ကိုလိုနီ ဂျပန် ကိုလိုနီ မျိုးတွေလို အဖက်ဖက်မှ ယုတ်မာ ပက်စက် ကြသူတွေကို ရရာလက်နက်ကိုင်ကာ ကျွန်ပြုခံ လူ့ဘဝ ၌ ရှင်သန် နေရခြင်းထက် သေရခြင်းက မြတ်၏၊ ဟူ၍ လက်ခံလာကြရာမှ အစပြု လာခြင်းဖြစ်တယ်၊ ထိုနည်းအတူ လက်ရှိ မြန်မာနိုင်ငံ မှာလည်း ပြည်နယ်အသီးသီးကို လူမျိုးတစုက ကျွန်ပြု စိုးမိုးခြင်းကြောင့် တိုင်းရင်းသားတွေ ဟာ ရရာ လက်နက်ကိုင်ကာ တော်လှန်မောင်းထုပ် လာခဲ့တာဟာ နှစ် ခြောက်ဆယ်ကျော်လာခဲ့ပါပြီ၊ ဒါပေမဲ့ တိုင်းရင်းသား တပ်မတော်တွေဟာ ဒီနေ့အထိ အောင်ပွဲမခံ နိုင်တာ ဘာကြောင့်လဲ၊  ဗမာတပ်မတော်ရဲ့ ဂေါင်းဆောင်တွေလို ဉီးနှောက် မကောင်းလို့ပေါ့ ပြီးရင် ပြတ်သားမူ မရှိလို့ပေါ့ ဗမာဂေါင်းဆောင်တွေဟာ စစ်တိုက်တာ နှစ်ခြောက်ဆယ်ကျော်ရှိပါပြီ၊ ဗမာလူမျိုး တထောင်ပြည့်အောင် မသေ သေးပါဘူး၊   တိုင်းရင်းသား အချင်းချင်းကိုသာ ဟိုဖက် ဒီဖက်လှည့်ပြီး အချင်းချင်းသေခိုင်းနေတာပါ၊ ဗမာ့တပ်မတော်ထဲမှာ တိုင်းရင်းသားတွေရှိပါတယ်၊ ဒီလူတွေကလည်း အရိုးကျွေးတာနဲ့ သခင်ကို ကာကွယ်ကြမယ် ဖြစ်သွားတော့  ကိုယ့်လူမျိုး ကိုယ်တိုင်းပြည်ဆိုတာ မသိတော့ဘဲ  စွမ်းစွမ်းတမန်  သေပွဲဝင် တော့တာပါပဲ၊ ဗမာ့ဂေါင်းဆောင်တွေကတော့ ဘယ်လောက်ပဲသေသေ ဗမာသေတာ မဟုတ်ဘူး၊ အပြုံးမပျက် စိန်လက်စွပ်နဲ့၊ ခန့်ညားထေဝါ လက်ထပ်လာဝယ်၊ ဗမာဟေ့၊ ရယ်လို့ သောင်းသောင်းဖျဖျ ပျော်မြုံးနေကြတုန်းပါပဲ၊ ဒါဟာ ဗမာ့ဂေါင်းဆောင်တွေရဲ့ နည်းပညာနဲ့ ပြတ်သားမူတွေပဲ၊ တိုင်းရင်းသားဂေါင်းဆောင်တွေလို့ တော်လှန်ရေး တော်လှန်ရေး နဲ့ တကျပ်မပြည့်တဲ့ ရွှေတမတ်သားကို လုနေတာမဟုတ်ပါဘူး၊  ဒီကလူတွေသာ လုပ်ပိုင်ခွင့်ပေးမယ်၊ သွားလာခွင့်ပေးမယ်၊ ဘာညာ ဆိုရင် နောက်ပြန် လှည့်မကြည့်ပဲ ပြောသမျ ဂေါင်းငုသွားကြတယ်၊ ဒါကြောင့် အင်အားရှိသမျတိုင်းရင်းသားတွေဟာ အင်အားနည်းတဲ့ လူ့ဖဝါးအောက်မှာ ပြားပြားမှောက်ကြရတယ်၊ ပြည်သူ့ပေါင်းများစွာလည်း ကိုယ်မွေးတဲ့နေရာ ရှိလျှက် နိုင်ငံတကာမှာ ခိုလုံခွင့်တောင်းကြရတယ်၊ အရွယ်မဆန့်သေးတဲ့ အမျိုးသမီးတွေလည်း တိုင်းတပါးမှာ ဖာဖြစ်ကြရတယ်၊ ဒါကို အခွင့်ကောင်းယူပြီး ကူညီသလိုလိုနဲ့ ဗမာအမျိုးသားလေးတွေဆီမှာ ဒုတိယ မယားအဖြစ် ပွဲတော်တင်ခြင်း ခံကြရတယ်၊ ဒါလည်း ရွှေတမတ်သားလုပွဲ အဆုံး မသတ်နိုင်သေးပါဘူး၊ ဒါကြောင့် (တော်လှန်ရေးဆိုတာ ဘာလဲ) ဆိုတာကို သိချင်လွမ်းလှပါပြီ၊  ပါတီပြိုင်ပွဲလား၊ အချင်းချင်းသတ်ပွဲလား၊   ကုတင်လုပွဲလား၊ နိုင်ငံရေးသိပ်ပံစာအုပ် အဖတ်ပြိုင်ပွဲလား၊ သူရဲဘော ကြောင်လို့လား၊ တော်လှန်ရေးဆိုတာ ပန်းပေါက်တန်းကစားတာ မဟုတ်တော့ ပျော်ဖို့ မကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်ပြုခံ ဘဝ ၌ အသက်ရှင်သန်ခြင်းထက် သေခြင်းက ပိုမြတ်ပါတယ်၊ ဒါကြောင့်    နေရာမှန် လူမှန် နဲ့ တိုင်းရင်းသားပေါင်းစုံ ဗမာ့ ကိုလိုနီ ကျွန်ပြု စနစ်ကို တိုက်ထုပ်ကြပါရန့့်        
                                        မခံနိုင်လွမ်းလို့ပါ။        ဆရိန်ရနဒီ ကျော်မင်းခိုင်  
                                         http://arakannadi.blogspot.com/2013/01/blog-post_3371.html