Thursday, June 20, 2013

လက်ဝါးကားတိုင်နဲ့ ဘုးရားဆင်းတုတော် နေပြည်တော်မှာ ထားတော့ ပိုကောင်းတာပေါ့

By Facebook

Zau Man Hpunggan updated his status: "(၁) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ မြစ်ကြီးနားဇုံနယ် အတွင်းရေးမှူး၊ သင်းအုပ်ဆရာ ဦးမရစ်ကွမ်းအောင်မှ “လက်ခံသင့်တဲ့ အရာတော့ မဟုတ်ဘူး။ လက်ဝါးကားတိုင်ဆိုလည်း ကျွန်တော်တို့က လက်ဝါးကားတိုင်ကို ရှိခိုးတာ မဟုတ်ဘူး။ ကျွန်တော်တို့ဘုရားသခင်ကိုသာ ယုံကြည်ရှိခိုးတာ။ ပြီးတော့ ဒီလမ်းက ကောက်ခဲ့တဲ့ ကျည်ဆံတွေကလည်း မြန်မာအစိုးရ တပ်မတော်သားတွေရဲ့ ကျည်ဆံသာ ဖြစ်တယ်။ ဒါကြေင့် နိုင်ငံရေးအရတော့ မသိရဘူး။ ဘာသာရေးအရတော့ လုံးဝ လက်မခံသင့်ဘူး”

(၂) မြစ်ကြီးနားတက္ကသိုလ်မှ ဆရာဦးဂွမ်ဂျာနော်မှ “ဒီဆင်းတုတော်ကိုတော့ နေပြည်တော်မှာ သွားထားရင်ပိုကောင်းမှာ။ ဘာကြောင့်လည်းဆိုတော့ နေပြည်တော်မှာက နိုင်ငံတကာက ဧည့်သည်တွေလည်း ပိုများတယ်။ ဒါကြောင့် နေပြည်တော်မှာ ထားတော့ ပိုကောင်းတာပေါ့။ ဒီကို သယ်လာစရာမလိုဘူး။ လက်ဝါးကားတိုင်ကိုလည်း နေပြည်တော်မှာ ဂိုဏ်းဂဏပေါင်းစုံ ဘုရားရှိခိုးကျောင်းမှာ ထားသင့်တယ်။ နေပြည်တော်ကနေ ခိုင်းလိုက်လို့ ဖြစ်ရတဲ့ တိုက်ပွဲ ဖြစ်တဲ့အတွက် နေပြည်တော်မှာပဲ ထားရင် အကောင်းဆုံးပဲလို့ ထင်တယ်။”

(၃) မြစ်ကြီးနားတက္ကသိုလ်မှ မဟာကျောင်းသား ကိုဘရန်ကြွယ်မှလည်း “လိုင်ဇာကိုသွားပို့ပြီး ဘာလုပ်မှာလဲ။ ဘာဖြစ်လာမှာလဲ။ လိုင်ဇာကိုသွားဖို့က လုံးဝကို သဘောမတူဘူး။”

(၄) ကစ်သလစ်အသင်းတော်မှ လူငယ်တစ်ဦးဖြစ်သော မဘောက်ဂျာမှလည်း “ဘာသာရေးနှင့် နိုင်ငံရေးကိုတော့ မရောနှော ခိုင်းစေချင်ဘူး။ နိုင်ငံရေးကို ဘာသာရေး ဖက်သို့ မပြောင်းလဲ ခိုင်းစေချင်ဘူး”

(၅) ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ မဒေါင်ညွယ်မှ လည်း “ ဒီကိစ္စကို ဂျာနယ်တွေမှာ တွေ့ကတည်းက ဒေသခံတွေရဲ့အမြင်တွေကို မေးကြည့် ဖြစ်တယ်။ အားလုံးက ဒါက ဘာလဲဆိုတဲ့ မေးခွန်းက လူတိုင်းစီမှာ ဖြစ်သွားကြတယ်။ ပြီးတော့သဘော မတူကြဘူး။ ဒေသခံတွေရဲ့ ခံစားချက်နဲ့ အမြင်ကို ယူပြီး လုပ်ဆောင်သွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ သူတို့လုပ်တဲ့ ရည်ရွယ်ချက်က ကောင်းမှာပါ။ သို့သော် ဒါက လက်ဝါးကားတိုင်နဲ့ ဘုရားဆင်းတုတော် ဆိုတော့ အဓိပ္ပါယ်တစ်မျိုး သက်ရောက်သွားတယ်။ ပြည်သူလူထုကြားမှာ သာသာရေးဆိုင်ရာ အမြင်လွဲမှားမှုတွေ မဖြစ်ခိုင်းစေချင်ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ သမန်ပြည်သူလူထု နားလည်သဘောပေါက် လက်ခံအားပေးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမျိုးဆိုရင် ပိုပြီးတော့ ထိရောက်အောင်မြင်နိုင်မည်လို့ ခံယူတယ်”

(၆) လူမှုအဖွဲ့အစည်းမှာပါဝင် လုပ်ရှားနေသူ လူငယ် ကိုဇိုင်းဒူမှလည်း “ဒီအချိန်မှာ ကျွန်တော်တို့ ကချင်လူထုတွေ လိုအပ်နေတာဟာ လက်ဝါးကားတိုင်နဲ့ ဘုးရားဆင်းတုတော် မဟုတ်ဘူး။ တကယ်လိုအပ်နေတာက တရားမျှတမှုနှင့် စစ်မှန်သောငြိမ်းချမ်းရေးသာ ဖြစ်တယ်”"