Thursday, June 20, 2013

ကချင်စစ်ရှောင်နေထိုင်သူများ အစိုးရမှစီစဉ် ထားပေးသည့် ရွာသစ်တွင် မနေထိုင်လို

Lachid Kachin's photo.

(Kachin Wave)
ကချင်စစ်ရှောင်တိမ်းနေထိုင်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးမှ မြစ်ကြီးနားမြို့ ပလန အမှတ်(၄)ရှိ ရွာသစ်တွင်တည်ဆောက်လျက်ရှိသော တန်ဖိုးနည်း အိမ်ယာမြေများတွင် စားဝတ်နေရေး နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မနေထိုင်လိုကြောင်း ရွှေစက်စစ်ရှောင်စခန်းမှ ဦးနော်တောင်က ပြောသည်။
မိုးရာသီတွင် လမ်းများသွားလာ၍ မရခြင်းနှင့် မိမိတို့ရွာတွင်ရှိနေသော အိမ်များတွင်သာ နေထိုင်လိုကြောင်း ပြောသည်။
အဆိုပါရွာသစ်တွင် နေထိုင်ချင်သူများကို အစိုးရအဖွဲ့ များမှ လွန်ခဲ့သည့်အပတ်တွင် လျှောက်လွာပုံစံများ လာရောက်ပြောပြသွားကြောင်းနှင့် လျှောက်လွာပုံစံ(၂)မျိုးတွင် ဖြည့်ခိုင်းကြောင်း၊ ပိုက်ဆံ (၅၀၀၀) ကို အစိုးရအဖွဲ့အားပေးရမည်ဖြစ်ကြောင်း ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းမှ ဦးထွယ်အောင်ကပြောသည်။
ဆက်လျက်၍ “လျှောက်လွာပုံစံက မိမိသဘောအရ တန်ဖိုးနည်းအိမ်ယာ မှာသွားနေမယ်ဆိုတဲ့အကြောင်း နဲ့ မိမိတို့ နေခဲ့တဲ့ ဇာတိနေရာကို မပြန်တော့ဘူးဆိုတဲ့ ခံဝန်ချက်တွေ ကို သဘောတူရင် လက်မှတ်ထိုးဖို့ ပြောတယ်”ဟု ပြောသည်။
ရွာသစ်တွင် နေထိုင်လျှင် မိမိရွာ တို့ဘယ်တော့မှ မပြန်ရတော့ဘူး ဆိုတဲ့ သဘောဖြစ်ကြောင်းနှင့် မိမိတို့ သည် ယခုနေထိုင်နေသော စစ်ရှောင်စခန်းတွင်သာ ဆက်လျက်နေထိုင်လိုကြောင်း ဒေသငြိမ်းချမ်းသွားသည့် အချိန်မှ သာလျှင် မိမိဇာတိရပ်ရွာ သို့ ပြန်မည်ဖြစ်ကြောင်း ဒေါ်လုဘူ ကပြောသည်။
“ကျွန်မတို့ ကအိမ်တွေ ခြံတွေ ပေးပါဆိုပြီးတောင်းနေတာလည်း မဟုတ်ဘူး။ကျွန်မတို့ ဒီမှာ နေတယ် ဆိုတာ ကိုယ့်အိမ်ကို ကိုယ်ပြန်ချင်လို့နေ နေတာဖြစ်တယ်။ အဲဒီနေရာ ကိုတော့ လုံးဝမပြောင်းချင်ဘူး။မပြောင်းတဲ့လူတွေကို သတ်မယ်ဆိုလည်း ရဲရဲကြီးအသေခံလိုက်မယ် ”ဟု ဆက်ပြောသည်။
မိုးရာသီတွင် လမ်းများသွားလာ၍ မရခြင်းနှင့် မိမိတို့ရွာတွင်ရှိနေသော အိမ်များတွင်သာ နေထိုင်လိုကြောင်း ပြောသည်။ အဆိုပါ ရွာသစ်သည် မြစ်ကြီးနားမြို့ မှ (၁၈)မိုင်ခန့် ကွာဝေးသည်။
ရွာသစ်တွင် နယ်စပ်ရေးရာဝန်ကြီးများမှ စစ်ရှောင်နေထိုင်သူများအတွက် နေအိမ်း အလုံး (၂၀၃)လုံး ဆောက်လုပ်နေသည်ဖြစ်သည်။