Saturday, June 8, 2013

၁၉၈၂ နိုင်ငံသား ဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာ စံချိန် စံညွန်း အတိုင်း ပြုပြင်သင့်တယ် လို့ ပြော လိုက်ပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာ စံချိန် စံညွန်း အတိုင်း ပြုပြင်သင့်တယ် လို့ ပြော လိုက်ပါတယ်။

အဲဒါကို EMG အယ်ဒီတာ အာဘော်မှာ ဝေဖန်ထား ပြီး ကွန်မန့်တွေ အများပိုင်း သွားတဲ့ လမ်းကြောင်း ကို ဖတ်လိုက်တော့ နိုင်ငံတကာ နဲ့ မြန်မာ မဆိုင်ဘူး ဆိုတဲ့ သဘော ဖြစ်နေတယ်။

ဒူဝါ အနေနဲ့ မြင်တာက...

(၁) ၁၉၈၂ နိုင်ငံသား ဥပဒေ ဆိုတာ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အခြေခံမူ ဖြစ်တယ်။ ပြုပြင်သင့်တယ် ဆိုတာ ပိုတင်းတင်းကြပ်ကြပ် ဖြစ်ရင်လဲ ဖြစ်သွားမယ်။ လျှော့ရင်လဲ လျှော့သွားတယ်။ ဒါပေမယ့် အရေးကြီးတာက အဲဒီ ဥပဒေ ကို ၀န်ထမ်းတွေ ကိုယ်တိုင် မလိုက်နာတာ ပြဿနာ ပါ။

(၂) ၁၉၈၂ ဥပဒေမှာ ၀န်ထမ်း တွေကို အကျင့်ပျက်ခြစား ဖို့ တွန်းအားပေး ထားတာတွေ အများကြီး ပါတယ်။ တိကျ တဲ့ အခြေခံမူ မဟုတ်ပါ။ အခုထိ မြန်မာ နိုင်ငံသားတိုင်းက နိုင်ငံသား စိစစ်ရေး ကပ်ပြားပဲ ရသေးတယ်။ နိုင်ငံသား မှတ်ပုံတင် အစစ် မဟုတ်သေးဘူး။

(၃) နိုင်ငံတကာ နဲ့ မြန်မာ မဆိုင်ဘူး ဆိုရင်လဲ ကုလ သမဂ္ဂ အဖွဲ့ဝင်ကနေ နှုတ်ထွက်၊ ကမ္ဘာဘဏ်က ချေးငွေ တွေ မယူ၊ အာစီယံ ဥက္ကဌမလုပ်၊ မြောက်ကိုးရီးယား လို နေနိုင်တယ် ဆိုရင်တော့ နေပေါ့။ စစ်အစိုးရ ခေတ်မှာ အဲဒီလို နေခဲ့ဖူးတာပဲ။

(၄) နိုင်ငံသား မှတ်ပုံတင် ကပ်ပြားကို နိုင်ငံတကာသုံး အီလက်ထရောနစ် နည်းပညာသုံး Simcard ပါတဲ့ ကပ် ဖြစ်သင့် ပါပြီ။ အဲဒါမှ နိုင်ငံသား ကပ်ပြား စစ်မစစ် အလွယ်တကူ စစ်လို့ ရမယ်။ အဲဒါတွေ ဖြစ်လာဖို့ နည်း ဥပဒေ အရင် ပြင်ရမှာတော့ အမှန် ပါ။

(၅) နိုင်ငံသား ဖြစ်ခွင့်တောင် မကဘူး၊ ပြည်နယ်သား ဖြစ်ခွင့်လဲ သက်ဆိုင်ရာ ပြည်နယ် အလိုက် ဥပဒေ ရှိသင့် ပါတယ်။ အဲဒါမှာ ခိုးဝင်လာတဲ့ နိုင်ငံခြားသား ပြဿနာ ရှင်းထုတ်လို့ ရပါမည်။ မဟုတ်ရင် ၀န်ကြီးအဆင့်ရဲ့ လက်မှတ်တွေနဲ့ ၀င်လာတဲ့ တရုတ်တွေ ဘာမှ ပြောလို့ မရပါ။

(၆) ဧည့် နိုင်ငံသား ကိစ္စကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ မြန်မာပြည်မှာ အခု မရှိတော့ဘူး။ အားလုံး နိုင်ငံသား ဖြစ်ကုန်တယ်။ (ပိုက်ဆံ နဲ့)