Sunday, March 20, 2016

‪#‎SAVEOURRIVERS‬ ‪#‎SAVEOURLANDS‬ ‪#‎SAVEOURCOUNTRY‬‪#‎SAVEOURNATURE‬

‪#‎SAVEOURRIVERS‬ ‪#‎SAVEOURLANDS‬ ‪#‎SAVEOURCOUNTRY‬‪#‎SAVEOURNATURE‬
"ကချင်တွေ ကချင်ဖြစ်ပါစေ"
မြစ်ဆုံ စီမံကိန်း ကို ဆက်လုပ်မယ်ဆို၇င်တော့ ကချင်တိုင်း၇င်းသားတွေအနေနဲ့ သေသေချာချာ စဉ်းစားစေချင်ပါတယ်။
ကချင်တိုင်းရင်းသားတွေရဲ့ အမွေအနှစ်တွေဖြစ်တဲ့ သယံဇာတတွေကို ဗမာအစိုးရ ရောင်းစားတာ ခံမလား၊ ဒါမှမဟုတ် ကိုယ့်ဖာသာ တရုတ်ပြည်ကို ရောင်းစားပြီး ကချင်နိုင်ငံတော်သစ် တည်ဆောက်မလားဆိုတာကို သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ကချင် တိုင်းရင်းသား ဒေသခံတွေ ဘာအကျိုးအမြတ် ရမှာလည်း။
မြန်မာတနိုင်ငံလုံး ဒုက္ခရောက်မဲ့အရေး၊ ခင်ဗျားတို့ရဲ့ မြစ်ကြီးနားမြို့ကြီး ရေမြှပ်မဲ့အရေးကို ဘယ်အစိုးရပဲ ခွင့်ပြုခွင့်ပြု ကချင် တိုင်းရင်းသားတွေက ခွင့်ပြုသင့်သလား၊ ခွင့် မပြုသင့်သလား ခင်ဗျားတို့ စဉ်းစားကြစေချင်ပါတယ်။ အခုတင် မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတာဟာ ကချင်တိုင်းရင်းသား ဒေသခံတွေပါပဲ။ ခင်ဗျားတို့ရဲ့ ခါကာဘိုရာဇီတောင်ကြီးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစိုးရသစ်ကို အစည်းအဝေးလုပ်ခွင့်ပေးပြီး အကျိုးအမြတ် ခွဲဝေမဲ့ ကိုတေဇ ပဲ သိမ်းပိုက်အုံးမှာပါ။
ခင်ဗျားတို့ဆီက ကျောက်စိမ်းတွေ တူးပြီး ရောင်းတဲ့အခါမှာ တောင်ပြို၊ မြေပြိုပြီး သေရတာက ခင်ဗျားတို့ ကချင်တိုင်းရင်းသားတွေအပြင် ဆင်းရဲသား မြန်မာပြည်သူတွေပါ။
လက်ပံတောင်းတောင် အရေးကို သေသေချာချာ ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မျက်နှာလွှဲခဲပစ်လုပ်ခဲ့တဲ့ အတွက် လက်ပံတောင်းတောင်ဒေသက ပြည်သူတွေဟာ အခုဆိုရင် ငတ်သေပါတော့မယ်။ ချင်းတွင်းမြစ်ကြီး ပျက်စီးနေပါပြီ။
ကချင်တိုင်းရင်းသားတွေအနေနဲ့ တက်လာမဲ့အစိုးရဆီက သေချာတဲ့ ကတိက၀တ်၊ အကျိုးအမြတ် ခွဲဝေမှု့ကို မရဘဲနဲ့ ခွင့်ပြုမယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးပေးတဲ့ လူမျိုးတွေအဖြစ် သမိုင်းမှာ မှတ်တမ်းတင် ခံရပါလိမ့်မယ်။
Share this news all around the world.
LikeShow more reactions
Comment