Saturday, March 12, 2016

အပိုင်း ( ၃) ကချင်တိုင်းရင်းသားစစ်သည်များ ၏ ဘ၀ကောက်ကြောင်း


===========================
(ဤစာကို Faebook name - Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်)

KIA နှင့် CPB တို့၏ပဋိပက္ခ
*************************
၁၉၆၇ နှစ်အတွင်း တရုတ်ပြည်အတွင်းသို့ဝင်ရောက်သွားသော မရန်ဘရန်ဆိုင်းအနေနှင့် တရုတ်တို့နှင့်တိုက်ရိုက်ဆက်ဆံဆွေးနွေးရန် ရည်
ရွယ်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ စီစဉ်
ပေးမှုကြောင့် တရုတ်ပြည်တွင်းသို့ ရောက်ရှိနေ သော ဗမာပြည်ကွန်မြူနစ်ပါတီ CPB ဒုဥက္ကဌ
သခင်ဗသိန်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ ထို
အချိန်က ဗကပတို့အနေနှင့် အရှေ့မြောက်ဒေသ သို့ ဝင်ရောက်ရန်ပြင်ဆင်နေချိန်ဖြစ်ရာ KIA နှင့်
ဆွေးနွေးပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့ရန် သဘော
တူခဲ့ကြသည်။ထို့သဘောတူညီချက်ရပြီးနောက်
ဗကပတို့မှ KIA ကိုယ်စားလည်အဖွဲ့အား လက် နက်ငယ် ၈၀၀ ကျော်နှင့် ခဲယမ်းများအကူအညီ ပေးခဲ့ကြသည်။
သို့သော် မရန်ဘရန်ဆိုင်းသဘောတူလာခဲ့
သော ဗကပနှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့မှုအား
လထော်ဇော်တူးနှင့် KIA ခေါင်းဆောင်များက လက်မခံဘဲပယ်ချခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်
လည်း ၁၉၆၈ ခုနှစ် ဗကပ ဝင်ရောက်လာပြီး နောက် ရှမ်းမြောက်တွင် ဗကပနှင့်KIA တို့ကြား
လက်နက်ကိုင် ပဋိပက္ခများ ၈ နှစ်ခန့်ဖြစ်ပွါးလာခဲ့
တော့သည်။
၁၉၆၈ ခုနှစ် တွင်စတင်ခဲ့သော ဗကပ ၃၀၃
စစ်ဒေသနယ်မြေဖြစ်သည့် မူစယ်အရှေ့မြောက် ဖက်နယ်များဖြစ်သည့် မုန်းကိုး ဖေါင်းဆိုင် မုန်းပေါ်
မုန်းယား မုန်းဟောင် မုန်းစီး နမ့်ကျွမ်း ဒေသများ
သည်၎င်း ၂၀၂ စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ခမ်း
နှင့်မိုးမိတ်ကြားရှိ ရွှေလီချိုင့်ဝှမ်းဂွင်သည်၎င်း KIA
တို့စတင်အခြေစိုက် လှုပ်ရှားခဲ့သည့်ဒေသများဖြစ်
ခဲ့ရာ ဗကပနှင့် KIA တို့နယ်မြေစိုးမိုးထိမ်းချုပ်ရန်
အပြိုင်အားထုတ်ကြရင်း လက်နက်ကိုင်ပဋိပက္ခ များဖြစ်ပွါးတော့သည်။
၁၉၆၈ နှစ် ဗကပများဝင်ရောက်လာသည်နှင့်
KIA နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွါးခဲ့ရာ
၁၉၆၈ နိုဝင်ဘာလတွင် မုန်းယား၌ ဗကပတပ်မှူး
လဖိုင်နော်ဆိုင်းနှင့် KIA တပ်မဟာ ၄ မှူး လထော်
ဇော်ဒန် ( လထော်ဇော်ဆိုင်း၏ညီ ) တို့တွေ့ဆုံ ဆွေးနွေးပြီး အပစ်ရပ်ရန်သဘောတူခဲ့ကြသည်။
သို့သော် ၁၉၆၉ တွင် လက်နက်ကိုင်ပဋိပက္ခ များပြန်လည် ဖြစ်ပွါးခဲ့ပြန်သည်။ ၁၉၇၁ နိုဝင်ဘာတွင် KIA အထူးကိုယ်စားလည် လမုန်တူးဂျိုင်နှင့်
ဗကပတပ်မှူးကြီး လဖိုင်နော်ဆိုင်းတို့ မုန်းပေါ်တွင်
ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးပြီး အပစ်ရပ်ရန်
ပြန်လည်သဘောတူခဲ့ကြပြန်သည်။ သို့သော် ထို
အပစ်ရပ်သဘောတူညီချက်သည်လည်း သိပ်ကြာ
ကြာမခံခဲ့ပေ။ ၁၉၇၂ နှစ်ဆန်းပိုင်းတွင် ပြန်လည်၍ လက်နက်ကိုင်ပဋိပက္ခပြန်လည်ဖြစ်ပွါးခဲ့ပြန်ပါသည်။
ဤသို့ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်
တပ် ဗကပနှင့် KIA တို့ စစ်မျက်နှာ ၂ ဖက်စီဖွင့်၍
၃ ဦး ၃ ဖလှယ်တိုက်ခိုက်နေရတော့သည်။ ဤသို့
ဗကပနှင့် KIA တို့အပြင်းအထန်တိုက်ခိုက်လာချိန်
၁၉၇၂ နှစ်တွင် အစိုးရမှ KIA နှင့်အဆက်အသွယ် ပြု၍ ဗကပအားတိုက်ခိုက်ရန် KIAတပ်ဖွဲ့အား ကူညီမှုများပေးခဲ့သည်။ ၁၉၇၂ ဇွန်လမှစ၍ အစိုးရနှင့် KIA တို့ အဆက်အသွယ်ပြုကာ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်လာကြ သည်။
သို့သော် ၁၉၇၂ အောက်တိုဘာ လကုန်ပိုင်း
တွင် ထိုင်းနိုင်ငံနယ်စပ်မှ လက်နက်ခဲယမ်းမီး ကျောက်များသယ်လာသည့် KIA ရင်း ၈ တပ်ရင်း
မှူး ဗိုလ်ကြီးမထုနော် ( ယခု KDA ကောင်းခါး ပသစ ခေါင်းဆောင် ) ဦးစီး အင်အား ၃၀၀ လား မြင်း အကောင် ၂၅၀ ခန့်ပါသည့် စစ်ကြောင်းအား
တန့်ယန်းမြို့နယ်အတွင်း အစိုးရစစ်တပ်မှ ခြေလျင်
တပ်အပြင် လေကြောင်းပါအသုံးပြု၍ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ KIA စစ်ကြောင်းများစွာအထိနာ
ခဲ့ရပြီး အစိုးရနှင့် KIA တို့၏ဆက်ဆံရေး ပြတ်
တောက်သွားခဲ့တော့သည်။
သို့သော်လည်း ဗကပနှင့် KIA တို့၏တိုက်ပွဲများ
လည်းရပ်မသွားချေ။ ပို၍ပင်ပြင်းထန်လာသည်ဟု
ဆိုရမည်။ ၁၉၇၅ မတ်လတွင် KIA တပ်မဟာ ၎
မှူး လထော်ဇော်ဒန်သည် ရွှေလီချိုင့်ဝှမ်းဂွင် နန့်
ဟိုင်းဒေသ၌ ဗကပနင့် ဖြစ်ပွါးသော တိုက်ပွဲတွင်ကျဆုံးခဲ့သည်။
၁၉၇၆ KIO/KIA အတွင်း ခေါင်းဆောင်ပိုင်း
အပြောင်းအလဲဖြစ်ပြီးနောက် KIA နှင့် CPB တို့အ
ပစ်ရပ်ရေး မဟာမိတ်တပ်ပေါင်းစုဖွဲ့ရေးတို့ ပြန်
လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၇၆ မေလခန့်
၌ မုန်းကိုးဒေသ ကောင်းဒပ်တွင် ပြုလုပ်သော
ဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့သည်။ ဤအ
ကြိမ်ဆွေးနွေးပွဲတွင် နှစ်ဖက်နယ်မြေစိုးမိုးမှုနှင့်
ပတ်သက်၍ တိကျသော သတ်မှတ်ပိုင်းခြားမှုများ
ပြုလုပ်ခဲ့သည်။ အလဲအလှယ်များလည်းပြုလုပ်ခဲ့
သည်။ ဥပမာ မိုးမိတ်အထက်ဖက် တုန်းကြီး လွယ်ရဒေသအား KIA က CPB အားပေးပြီး တာမိုးညဲအနီးရှိ မုန်းပေါ်လေး တဝိုက်အား CPBမှ KIA နယ်အဖြစ်အသိအမှတ်ပြုခဲ့သည်။
KIA နှင့် CPB တို့၏လက်နက်ကိုင်ပဋိပက္ခမှာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်သည်။
ကချင်ပြည်နယ်တွင် ချီဗွေ ဆော့လော် ဆဒုံဘက်
ခြမ်းတွင် ဆက်စပ်မှုရှိသော်လည်း ပြသနာသိပ်မ ကြီးခဲ့ပေ။ အသစ်တက်လာသော KIO ဥက္ကဌ မရန်ဘရန်ဆိုင်းသည် ကွန်မြူနစ်ဝါဒကို မနှစ်သက်
သော်လည်း KIA အတွက် လက်တွေ့ကျသော လမ်းကို ရွေးခဲ့သည်ဟုဆိုရမည်။ KIA နှင့် CPB
သဘောတူညီချက်အရ CPB မှ KIA အားနိုင်ငံရေး စစ်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်း အပြင် လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ံကူညီခြင်းလည်းပါသည်။ သို့ဖြစ်ရာ KIA ၏ လက်နက်ခဲယမ်းပြသနာဖြေရှင်းရန် လွယ်ကူသွား သည်ဟု ဆိုရမည်။
ဤအကြိမ် KIA နှင့် CPB တို့၏ သဘောတူ
ညီချက်သည် ခိုင်မြဲသွားသည်။ ၁၉၇၆ မှ ၁၉၈၉
CPB ပြိုကွဲသည့် အချိန်ထိ KIA နှင့် CPB တို့ကြား
တွင် လက်နက်ကိုင်ပဋိပက္ခမရှိတော့ဘဲ KIA နှင့်
CPB တို့ပူးပေါင်း၍ အစိုးရစစ်တပ်အား တိုက်ခိုက် သည်သာ ရှိတော့သည်။
KIO/KIC/KIA
အများကတော့ အလွယ်တကူ KIA ဟုသုံးစွဲ
ကြသော်လည်း ကချင်တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့တွင် အဖွဲ့စည်း ၃ ခုခွဲ၍ ဖွဲ့ထားသည်။ KIOှ
Kachin Independence Organizatjon ကချင်
လွတ်လပ်ရေးအဖွဲ့ က နိုင်ငံရေးပါတီအဖြစ်၎င်း KIC Kachin Independence Council ကချင်
လွတ်လပ်ရေးကောင်စီက အုပ်ချုပ်ရေးအဖွဲ့အဖြစ်၎င်း
KIA Kachin Independence Army ကချင်
လွတ်လပ်ရေးတပ်မတော်ကစစ်တပ်အဖြစ်၎င်းခွဲခြား
ဖွဲ့စည်းထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် လှုပ်ရှားစည်းရုံးခဲ့သော KIA အနေနှင့် သူတို့
၏ နယ်မြေ စစ်တပ်လှုပ်ရှားမှုကို ၁၉၇၂ ခန့်တွင်
အခြေခံအားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုရမည်။
ကချင်ပြည်နယ် မြစ်ဆုံအထက်ဖက်အား မြောက်
ပိုင်းတိုင်းအဖြစ်၎င်း မြစ်ကြီးနားအောက်ဖက် ဧရာ
ဝတီမြစ်အနောက်ခြမ်းအား အနောက်ပိုင်းတိုင်းဟူ
၍၎င်း ဧရာဝတီမြစ်အရှေ့ဖက်ကမ်းအား အရှေ့ပိုင်း
တိုင်းဟူ၍၎င်း ရှမ်းပြည်မြောက်ပိုင်း ယခင် ကချင်
ပြည်ခွဲ Substate သတ်မှတ်ခဲ့သည့်ဒေသအား
တောင်ပိုင်းတိုင်းအဖြစ်၎င်း သတ်မှတ်ခဲ့သည်။
မြောင်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၁
အနောက်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၂
အရှေ့ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၃ တောင်
ပိုင်တိုင်းနယ်မြေတွင် တပ်မဟာ ၄ ဟူ၍ တိုင်းတစ်
ခုတွင် တပ်မဟာတစ်ခုဖွဲ့စည်းလိုက်သည်။
မြောက်ပိုင်းတိုင်းနယ်မြေတွင် အုပ်ချုပ်ရေး
အရ ပူတာအိုခရိုင်အပါ ခရိုင် ၃ ခု ဖွဲ့စည်းပြီး တပ်မဟာ ၁ အောက်တွင် ရင်း ၄/၇/၁၀ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။
အနောက်ပိုင်းတိုင်းနယ်မြေတွင် မြစ်ကြီးနား
ခရိုင် မိုးညှင်းခရိုင်အပါ ခရိုင် ၃ ခုဖွဲ့စည်းပြီး တပ်
မဟာ ၂ လက်အောက်တွင် တပ်ရင်း ၅/၆/၁၁ ဟူ
၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။
အရှေ့ပိုင်းတိုင်းနယ်မြေတွင် ဗန်းမော်ခရိုင်နှင့်
ဆဒုံးခရိုင်ဟူ၍ ခရိုင် ၂ ခုဖွဲ့စည်းသည်။ တပ်မဟာ
၃ လက်အောက်တွင် ရင်း ၁/၃ ဟူ၍ တပ်ရင်း ၂ ရင်း ထားရှိသည်။
တောင်ပိုင်းတိုင်းနယ်မြေတွင် ကွတ်ခိုင်ခရိုင်
လားရှိုးခရိုင် ကိုးတောင်ခရိုင်
ဟူ၍ ခရိုင် ၃ ခုဖွဲ့စည်းသည်။ တပ်ဟာ ၄ အောက် တွင် ရင်း ၂/၈/၉ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်း သည်။
KIA တို့ဖွဲ့စည်းထားပုံအရ တိုင်းတစ်ခုတွင် တပ်မဟာတစ်ခု ခရိုင်တစ်ခုတွင် တပ်ရင်းတစ်ရင်း
မြို့နယ် တစ်ခုတွင် တပ်ခွဲတစ်ခွဲ ဟူ၍ ထပ်မံဖြန့်ခွဲ
ထားရှိသည်ကို တွေ့ရသည်။ ဥပမာဆိုရလျင် KIA
အရှေ့ပိုင်းတိုင်း နှင့် တပ်မဟာ ၃ ဌနခတို့ တွဲ၍ ရှိပြီး ဆဒုံးခရိုင်တွင် ရင်း ၃ ဗန်းမော်ခရိုင်တွင် ရင်း
၁ တို့ဖြန့်ခွဲပြီး မြို့နယ်အလိုက် တပ်ခွဲများထပ်မံဖြန့်
ခွဲသည်။ ပုံမှန်အား ဒေသတွင် တပ်များဖြန့်ခွဲ၍
ပြောက်ကျားစစ်ဆင်လေ့ရှိသည်။ စစ်ဆင်ရေး
အကြီးပြုလုပ်ရန်လိုအပ်မှ တပ်များကိုစုစည်းလေ့ရှိ
သည်။
၁၉၇၂ ဖွဲ့စည်းမှုအရ KIO/KIA ၏
ဥက္ကဌ လထော်ဇော်ဆိုင်း
ဒုဥက္ကဌ လထော်ဇော်တူး
အတွင်းရေးမှူး ပုန်ရွှေဇော်ဆိုင်း
တွဲဘက်အတွင်းရေးမှူး လမုန်တူးဂျိုင်
ဗဟိုကော်မတီဝင်များအဖြစ် လားမားလရိန်
မရန်ဘရန်ဆိုင်း လထော်ဇော်ဒန် မရန်ဘရန်တောင် ဇော်မိုင် ဇော်ဖန် ဇော်ဘွန် ဇော်အိမ်
ခွန်ချို တို့ဖြစ်ကြသည်။
မြောက်ပိုင်းတိုင်းတိုင်းမှူး ထွယ်ရှောင်
တပ်မဟာ ၁ မှူး တူးဂျိုင်
အနောက်ပိုင်းတိုင်းမှူး လားမားလရိန်
တပ်မဟာ ၂ မှူး ဇော်တူး
အရှေ့ပိုင်းတိုင်းမှူး ခွန်ချို
တပ်မဟာ ၃ မှူး ဇော်မိုင်
တောင်ပိုင်းတိုင်းမှူး ဇော်ဖန်
တပ်မဟာ ၄ မှူး ဇော်ဒန်
တို့တာဝန်ယူခဲ့ကြသည်ဟုဆိုသည်။
၁၉၆၁ မှစတင်ဖွဲ့စည်းခဲ့သော KIO/KIA တို့
အနေနှင့် ၁၀ နှစ်ခန့် ရုန်းကန်လှုပ်ရှားပြီးချိန်တွင်
အခြေခံကျသည့် ဖွဲ့စည်းမှု တပ်ဖြန့်မှုကို လုပ်ဆောင် နိုင်ခဲ့သည်ဟုဆိုသည်။
ဆက်လက်ဖေါ်ပြပါမည်