Thursday, March 24, 2016

ဘာသာရေး၊လူမျိုးရေး ခွဲခြားသူ နိုင်ငံ့ရန်သူဟု ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား


\
Seng Jaw's
Seng Jaw with Mali Lung Byen and 18 others.
March 21 at 2:46pm ·

================================================
Lachid Kachin
21,3,2016

“ဘာသာရေးကိုအခြေခံပြီးတဲ့နောက်၊လူမျိုးရေးကိုအခြေခံပြီးတဲ့နောက်
ခွဲခြားချက်တွေဟာ တကယ်တမ်းဆိုလို့ရှိရင် နိုင်ငံတော်ကိုတည်ဆောက်
တဲ့သူတွေမဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်ပါတယ်”

ဒီလိုမျိုး အနှောက်အယှက် လုပ်နေတဲ့လူတွေ ကို တရားမျှတ စွာနဲ့ ကိုင်သွယ်
ဖို့ အရေးကြီးပါတယ် "လို့ ကာဒီနယ်ချားလ်မောင်ဘိုက လူမျိုးရေးခွဲခြားမှု
ကင်းစင်ရေးနေ့ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကားမှာ ထည့်သွင်း
မိန့်ကြားလိုက်ပါတယ်။

" နိုင်ငံရေး နိုင်ငံတော်မှာ ငြိမ်းချမ်း မှူရခြင်တယ်ဆိုလို့ ရှိရင် တရားမျှတစွာ
နဲ့ ဆက်လက်နေနိုင် ဖို့ရန် အတွက်ဖြစ်ပါတယ် ငြိမ်းချမ်း ခြင်းမှ ငြိမ်းချမ်း
ခြင်းက သာလျှင် ကျနုပ်တို့ရဲ့ နိုင်ငံတော် ကိုတိုးတက်နိုင်လိမ့် မယ်။

-ငြိမ်းချမ်း ခြင်းမတိုင်ခင် တရားမျှတခြင်း ။
-တရားမျှတခြင်းကနေ ငြိမ်းချမ်းခြင်း ။
-ငြိမ်းချမ်း ခြင်းမှနေ ပြီး တိုးတက် ခြင်း သို့
ကျနုပ်တို့ ဦးတည်ကြရမယ် ဖြစ်ပါတယ်။"

ဆိုရှယ်လစ်ခေတ်ကစလို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ဘာသာရေး
ခွဲခြားဆက်ခံမှုတွေနဲ့ပတ်သက်လို့လည်း ကာဒီနယ် ချားလ်မောင်ဘိုက
ဝေဖန်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကတည်းက လူမျိုးတစ်မျိုးပဲဖြစ်ရမယ်။ဘာသာ
တစ်ခုပဲဖြစ်ရမယ်ဆိုတဲ့ ပေါ်လစီဟာ ကျွန်တော်တို့လူမျိုးတွေအားလုံးကို
ကွဲပြားစေခဲ့တဲ့အရာဖြစ်ပါတယ်”လို့ ကတ်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်ဆရာ
တော် ကာဒီနယ် ချားလ်မောင်ဘိုက သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေအတွက် ဆက်လက်မဖြစ်ဖို့ သမိုင်းကနေသင်ခန်းစာယူသင့်ပြီလို့လည်း ကတ်သလစ်ခရစ်ယန်ဂိုဏ်းချုပ်ဆရာတော်က လာမယ့်အစိုးရသစ်
ကိုရည်ရွယ်တိုက်တွန်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့သူတွေ အုပ်ချုပ်တဲ့သူတွေဟာ အဆင့်အတန်းကြောင့်မို့လို့၊ယုံကြည်မှု
ကြောင့်မို့လို့၊လူမျိုးရေးကြောင့်မို့လို့ ကျုပ်တို့ဟာ ခွဲခြားခြင်းခံခဲ့ရတယ်။
မြန်မာနိုင်ငံတော်အသစ်ကိုတည်ထောင်တဲ့အခါမှာ ဒါမျိုးတွေဆက်လက်ပြီး
မဖြစ်ဖို့ရန်အတွက် သမိုင်းကနေဆက်လက်ပြီးတော့ ဆုံးမသွန်သင်ထား
တယ်”လို့လည်း ကာဒီနယ် ချားလ်မောင်ဘိုက အထက်ပါအခမ်းအနားမှာ
ဆက်လက်မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာလူမျိုးဖြစ်မှ ဘာရာထူး၊ဗုဒ္ဓဘာသာဖြစ်မှ ဘာအခွင့်အရေးရမယ်
ဆိုတဲ့ ခွဲခြားဆက်ဆံရချက်တွေကိုလည်း မိမိတို့ကြုံတွေ့ခဲ့ရကြောင်းလည်း
သုံးသပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများကင်းစင်ရေးနေ့ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Inya Lake
ဟိုတယ်မှာယနေ့နံနက်ပိုင်းကနေညနေပိုင်းအထိကျင်းပခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလူနည်းစုတွေ၊လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါအ၀င် ဘာသာပေါင်းစုံက စိတ်ပါဝင်စားသူတွေတက်ရောက်ပြီး လူမျိုးရေးခွဲခြားမှုတွေ
ပပျောက်ရေးအတွက် အကြံပြုချက်တွေကို နှီးနှောဖလှယ်ခဲ့ကြပါတယ်။