Saturday, March 12, 2016

အပိုင်း ( ၅) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ဘ၀ကောက်ကြောင်း

 ( ဤစာကို Facebook name Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။) CPB မှဖွင့်လှစ်သော KI သင်တန်းကျောင်းများ
*******************
၁၉၇၆ KIA နှင့် CPB သဘောတူညီချက်အရ
၁၉၇၇ တွင် CPB အခြေခံဒေသများအတွင်း KIA
တို့အတွက်ဖွင့်လှစ်သောနိုင်ငံရေးစစ်ရေးသင်တန်း ကျောင်း ၂ ခုပေါ်ပေါက်လာခဲ့သည်။ ပထမ ကျောင်းအား သုံးဆင့်ကေဒါသင်တန်းကျောင်းဟု
ခေါ်သည်။ မုန်လုံခေါ်ဟေမုန်လုံရွာတွင်ဖွင့်လှစ်
သည်။ မုန်လုံရွာသည် ကြူကုတ်ပန်ဆိုင်းနှင့်မုန်း
ကိုးကြားတွင်ရှိသည်။ မုန်လုံတောင်ခေါ် လွယ်ဂျုံ ဘွမ်၏ မြောက်ဖက် တရုတ်ပြည်ဖက်ကို မျက်နှာ မူထားသည့် ဆင်ခြေလျောတွင်ရှိသည်။ CPB အရှေ့ မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင်အတွင်း၌ ရှိသည်။အဆိုပါမုန်လုံတောင်သည် အမြင့်ပေ ၇၀၀၀ကျော်ရှိပြီး ရှမ်းပြည်မြောက်ပိုင်းတွင်အမြင့် ဆုံးဟုဆိုသည်။ မုန်လုံရွာသည်လည်း မြန်မာပြည် ပြည်တွင်းစစ်တွင် ဖျောက်ဖျက်မရသည့် အဖြစ် အပျက်များကြုံခဲ့ရသည့်ရွာဟုဆိုရမည်။
ထိုကျောင်းအား သုံးဆင့်ကေဒါသင်တန်း ကျောင်းဟုခေါ်ခြင်းမှာ ထိုကျောင်းတွင်တက် ရောက်ရန် သတ်မှတ်ထားသည့် KIA အရာရှိအ
ဆင့်အတန်းကိုဖေါ်ပြခြင်းဖြစ်သည်။ ထိုကျောင်း
တွင်တက်ရောက်မည့်သူများမှာ KIA တပ်ဖက်မှ
ဆိုလျင် တပ်ရင်းမှူး တပ်မဟာမှူး နှင့်ဗဟိုအဆင့်
အားသတ်မှတ်ထားပြီး အရပ်ဖက်ပါတီ အုပ်ချုပ်
ရေးမှဆိုလျင် ခရိုင် တိုင်း ဗဟိုအဆင့် ဟူ၍
အထက်အဆင့် ၃ ဆင့်တက်ရောက်ရန်တက်
ရောက်ရန်သတ်မှတ်ထား၍ဖြစ်သည်။
အဆိုပါ သုံးဆင့်ကေဒါသင်တန်းကျောင်း ကျောင်းအုပ်အဖြစ်နှင့် KIA အားသင်တန်းပို့ချရန်
CPB ဗဟိုကော်မတီဖြစ်သူ ဗိုလ်သန်းရွှေမှတာဝန်
ယူပါသည်။ ဗိုလ်သန်းရွေသည် ဂျပန်ခေတ် ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းဆရာအဖြစ်
တာဝန်ယူဘူးသကဲ့သို့ CPB အရှေ့မြောက်စစ်ဒေ
သ နိုင်ငံရေးမှူးအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ အရှေ့မြောက်စစ်ဒေသတွင် ဗိုလ်နော်ဆိုင်းကသူ
နှင့်တွဲ၍ တပ်မှူးကြီးအဖြစ်တာဝန်ယူခဲ့သည်။ ဂျပန်
ခေတ်မှစ၍ နိုင်ငံရေး စစ်ရေးအတွေ့အကြုံ ပြည့်
ဝသူဟုဆိုနိုင်ပြီး အရည်အချင်းရှိသူဖြစ်သည်။
အဆိုပါ KIA အတွက်ဖွင့်လှစ်သော သုံးဆင့်
ကေဒါသင်တန်းကျောင်းအား ၁၉၇၇ ဇန္နဝါရီတွင်
စတင်ဖွင့်လှစ်သည်။ အဆိုပါ သင်တန်းကျောင်း
ပထမပတ်တွင် ထိုစဉ် KIO အတွင်းရေးမှူး လယော်ဇောင်းဟရာ(လက်ရှိ KIO ဥက္ကဌ) ဦးစီး
ပြီး ၁၅ ယောက်တက်ရောက်သည်။ တိုင်းမှူးအ ဆင့်မှ ဆင်ဝါးနော် တပ်ရင်းမှူးအဆင့် ဗိုလ်ကြီး လခန်ပန်းအောင် (ကွယ်လွန်) ဗိုလ်ကြီးအင်ဘန်လ (ယခုဒုဥက္ကဌ) တို့ပါဝင်သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်းကာလကို ၆ လသတ်မှတ်ထားသည်။ ၅ လကို မုန်လုံ၌ သင် တန်းပို့ချ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်
ပြီး တရုတ်ပြည်တွင်း လှည့်လည်လေ့လာကြည့်ရှု
ရေးအစီအစဉ်တစ်လပါဝင်ပါသည်။ နိုင်ငံရေးသ
ဘောတရားများ ပို့ချချက်များမှာ တကယ်တမ်း
ဆိုလျင် KIA တို့နှင့် သဟာဇာတမဖြစ်လှချေ။ သို့
သော်သင်တန်းပို့ချသူ ဗိုလ်သန်းရွှေ၏ စိတ်ရှည်
လက်ရှည် ပြောဆိုဆွေးနွေးမှုများကြောင့် စိတ်ပါ
ဝင်စားမှု အတန်သင့်ရခဲ့သည်။ အပြန်အလှန်ဆွေး
နွေးငြင်းခုံမှုများနှင့် စည်ကားသည်ဟုဆိုနိုင်သည်။
KIA အရာရှိများသည် စစ်သေနင်္ဂင်္ဗျူဟာနှင့် နည်းပရိယာယ်ပြသနာများ CPB ၏တိုက်ပွဲ အ တွေ့အကြုံများစသည့် စစ်ရေးဖက်ဆိုင်ရာတွင်
ပို၍စိတ်ဝင်စားခဲ့သည်ဟုဆိုရမည်။
သဘောတရားရေးသင်တန်းများအပြီးတွင် လက်တွေ့တိုက်ပွဲတခုတိုက်ပြသည့် အစီအစဉ်တခုပါ
ထည့်သွင်းခဲ့သေးသည်။ တိုက်ပွဲမှာ ရွှေကျင်ဝမ်
ခေါ် စီစီဝမ်တာပန်တောင်ကြောပေါ်မှ အစိုးရတပ်
စခန်းတခုအားတိုက်ခိုက်၍ စခန်းသိမ်းတိုက်ပွဲတခု
တိုက်ပြခြင်းဖြစ်သည်။ KIA အရာရှိများအား စစ်
ကွပ်ကဲရေးဌာနရှိ စစ်မြေပြင်သို့ခေါ်သွားပြီး တပ်ဖြန့်ခွဲမှု လက်နက်ကြီးနေရာချမှု လက်နက်ကြီးနှင့်
ခြေလျင်ပေါင်းစပ်မှုများကကို လက်တွေ့စစ်မြေပြင်
တွင် အတွေ့အကြုံရစေခဲ့သည်။ ၁၉၇၇ မေလတွင်
ဖြစ်သည်။
ထိုတိုက်ပွဲသည် KIA အရာရှိများအား အတွေ့ အကြုံ တခုရစေခဲ့သော်လည်း အောင်ပွဲတော့မရခဲ့
ပေ။ ထိုစခန်းသိမ်းတိုက်ပွဲတွင် တက်ထိုးသည့်
CPB ကွတ်ခိုင်ခရိုင်တပ်မှ တပ်ခွဲနိုင်ငံရေးမှူး အင်
ခွန်နော်ကျဆုံးသည်။ တပ်ခွဲမှူး မုန်ဆာလတို့ ပြန်
လည်ဆုတ်ခွါရသည်။ CPB ၏ လက်နက်ကြီးတပ် ဖွဲ့ တန်ပြန်ပြန်လည်အပစ်ခံရသည်။ KIA တို့ တော့ ကောင်းစွာအတွေ့အကြုံရသွားသည်ဟု ဆိုရမည်။
ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ခွဲမှူးမုန်ဆာ
လမှာ ၁၉၉၅ ခန့်တွင် ကိုးကန့်အဖွဲ့မှခွဲထွက်ပြီး MDA မုန်းကိုးကာကွယ်ရေးတပ် ဖွဲ့ကာ မုန်းကိုး မုန်းယားဒေသများတွင် တစင်ထောင်ရပ်တည်ခဲ့ သူဖြစ်သည်။၂၀၀၀ ခန့်တွင် အစိုးရက ဖမ်းဆီး၍နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ မောင်းတော ထောင်တွင်း၌ပင် ကွယ်လွန်သွားခဲ့သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်း ဒုတိယပတ်
အား ၁၉၇၇ သြဂုတ်လတွင် ပြန်လည်ဖွင့်လှစ်
သည်။ လမုန်တူးဂျိုင်ဦးစီး ၃၈ ဦးခန့်တက်ရောက်
သည်။ ၎င်းဒုတိယပတ်၌ လမုန်တူးဂျိုင်(နောင်KIO ဥက္ကဌ တာဝန်ယူပြီးကွယ်လွန်)နှင့်အတူ
လားမားလရိန်( ကွယ်လွန်)ဒေါက်တာလဂျာ( KIO အတွင်းရေးမှူးတာဝန်ယူခဲ့သူ )ဦးဇော်ဆိုင်း(KIC)
တို့နှင့် မရန်ဘရန်ဆိုင်း၏ဇနီး လယော်ဇောင်းဟရာ၏ဇနီး တို့လည်းပါဝင်သည်။သင်တန်းကျောင်းအုပ်အဖြစ် CPB မှ ဗိုလ်သန်းရွှေပင်ဆက်လက်တာဝန်ယူည်။
သုံးဆင်ကေဒါသင်တန်းကျောင်း တတိယ
ပတ်ကား အနဲငယ်အပြောင်းအလဲရှိသည်။ CPB တို့ဗဟိုဌာနချုပ် ပြောင်းရွှေ့ခြင်း တစ်နှစ်နီးပါးကြာသော CPB ဗဟိုကော်မတီအစည်းအဝေး ကျင်းပနေခြင်း သင်တန်းကျောင်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ဗိုလ်သန်းရွှေ ပါတီတွင်းအရေး
ယူခံရပြီး တာဝန်မှချထားခံရခြင်းတို့ကြောင့်ဖြစ်သည်။
ထို့ကြောင့် သုံးဆင့်ကေဒါ သင်တန်းကျောင်းကို
၁၉၈၀ ခန့်တွင် မန်ရှိုး ( မန်ဟီးရိုး ) ဒေသ ကောက်ကွတ်ကျောင်းတွင်ပြန်လည်ဖွင့်လှစ်သည်။
KIA မှ သင်တန်းသား အရာရှိ ၅၀ ခန့်တက် ရောက်သည်။ဗိုလ်မှူးခွန်ချို( နောင် KIC ကုန်သွယ်ရေး ) ဗိုလ်မှူးဇော်ဆန်းတို့ပါဝင်သည်။ တတိယပတ်သင်တန်းအား CPB မှအရန်ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်
မှ ကျောင်းအုပ်အဖြစ်တာဝန်ယူသည်။ နောက်
ဆုံးအပတ်စဉ်သည် ယခင်သင်တန်းနှစ်ပတ် လောက်တော့ အဆင်မပြေခဲ့ပေ။CPB သင်တန်း
ပို့ချချက်မှာလည်း ပြောင်းသွားပြီး CPB ၁၉၇၉
ဗဟိုကော်မတီမှချမှတ်သည့် လမ်းစဉ်များကိုဆွေး
နွေးရာ KIA တို့စိတ်ဝင်စားမှုမရပေ။ ထို့ပြင် သင် တန်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ရဲဘော် မောင်မောင်စိန်မှာ စစ်ရေးဘက်တွင်အားသန်သူမဟုတ်။ ထို့ပြင် အရှေ့မြောက်တိုက်ပွဲပြီးငယ်များတွင်ပါဝင်ခဲ့သူမဟုတ်၍ ဗိုလ်သန်းရွှေကဲ့သို့ စစ်ရေးအမြင်နှင့် အရှေ့မြောက်တိုက်ပွဲကြီးများကို ဆက်စပ်ရှင်းပြသူလောက် KIA များစိတ်မဝင်စားခဲ့ကြပေ။
တတိယပတ်လည်းဖြစ် နောက်ဆုံးပတ်လည်း
ဖြစ်သော သင်တန်းကျောင်း၏သင်တန်းကာလ မှာလည်း ၄ လခန့်သာကြာမြင့်ခဲ့သည်။ ထို့ပြင်တရုတ်ပြည်၌ တိန့်ရှောက်ဖင်တက်လာပြီး ပေါ်လစီ အပြောင်းအလဲကာလဖြစ်ရာ တရုတ်ပြည်
လေ့လာရေးအစီအစဉ်မှာလည်း သိပ်ကြာမြင့်ခြင်း
မရှိတော့ပေ။

ကောက်ကွတ်သင်တန်းကျောင်း

မုန်လုံသုံးဆင့်ကေဒါသင်တန်းကျောင်းနှင့်
အတူ ဖွင့်လှစ်သောသင်တန်းကျောင်းမှာ အလွယ်
တကူ ကောက်ကွတ်သင်တန်းကျောင်းဟုခေါ်
ဟုခေါ်သည်။ထိုသင်တန်းကျောင်း တပ်ရင်းအ လိုက် ဖွဲ့စည်းထားသော KIA တပ်ရင်းအား သင် တန်းပေးရန်ဖြစ်သည်။အဆိုပါသင်တန်းတက်မည့်
တပ်ရင်းအား တပ်ရင်းမှူး တပ်ခွဲမှူး တပ်စုမှူး တပ်
စိတ်မှူး တပ်သားအစရှိသည့် တပ်ရင်းဖွဲ့စည်းပုံဖြင့်
ဖွဲ့စည်းထားသည့် အဆင့်အားလုံးပါသည့် သင် တန်းဖြစ်သည်။ နိုင်ငံရေးသင်တန်းအပြင် အခြေခံ
စစ်ပညာသင်တန်းပါ ပါဝင်သည်။
အဆိုပါသင်တန်းအား CPB၏ အရှေ့မြောက်စစ်
ဒေသ နမ့်ခမ်းခရိုင်တွင် ဖွင့်လှစ်သည်။ ထိုစဉ် CPB နမ့်ခမ်းခရိုင်တွင် နမ့်ခမ်း မူစယ်ကားလမ်းနှင့်
အပြိုင်ရွှေလီမြစ်တဖက်ကမ်းရှိ ရှမ်းရွာ ၂၀ ခန့်ပါ
ဝင်သော မန်ရှိုး(မန်ဟီးရိုး)ဒေသ(ယခု မန်ဟီးရိုး
မြို့နယ်ခွဲ)နှင့် နမ့်ခမ်းအနီးမုန်းဝီးဒေသဖြစ်သည်။ မုန်ဝီးဒေသကတော့ ပြောက်ကျားဒေသဖြစ်ပြီး မန်ရှိုးဒေသကတော့ အခြေခံဒေသဖြစ်သည်။ သင်တန်းကျောင်းကို မန်ရှိုးနှင့် ၃ မိုင်ခန့်အကွာရှိ ကောက်ကွတ်ရွာအနီး၌ဖွင့်လှစ်သည်။ မန်ရှိုးဒေသ
တောင်ဖက်စွန်း ကွန်ဟိုင်းကျေးရွာ မှဖြတ်ထွက် လျင် (တရုတ်ပြည် လုံးတောင်ရွာအနီး) နမ့်ခမ်း
တဖက်ကမ်း မန်ဝိန်းကွင်းမှတဆင့် လဂတ်တော်
ကိုက်ထိပ်လမ်းမှ ကချင်ပြည်နယ်ထဲသို့ရောက် သွားပြီဖြစ်သည်။ ယခုတော့ သစ်မှောင်ခိုများ တွင်
တွင်ကျယ်ကျယ်သုံးနေသောလမ်းဖြစ်သည်။
ဤနေရာကိုစီစဉ်ရခြင်းမှာ သင်တန်းကျောင်းသို့
ကချင်ပြည်နယ်မှ KIA တပ်များကို စေလွှတ်မည်
ဖြစ်သောကြောင့်ဖြစ်သည်။ ရှမ်းမြောက်ရှိ KIA
တပ်မဟာ ၄ မှာ CPB တပ်များနှင့် ၈ နှစ်ခန့် လက်
နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ရာ ထိုဒေသမှတပ်များကို
မစေလွှတ်ဘဲ CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်
ပွါးခြင်းမရှိသည့် ကချင်ပြည်နယ် မှတပ်များကို
စေလွှတ်ရန်စီစဉ်၍ ဖြစ်သည်။ KIO ဥက္ကဌ မရန်ဘ
ရန်ဆိုင်းသည် CPB နှင့် ဆက်ဆံရေးပြသနာကို
အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ဟု ဆိုရမည်။
အဆိုပါကောက်ကွတ်သင်တန်းကျောင်းအား
CPB အရန်ဗဟိုကော်မတီဝင်
့ရဲဘော်စိုင်းအောင်ဝင်း( ကွယ်လွန်) ကတာဝန်ယူ
သည်။ ရဲဘော်စိုင်းအောင်ဝင်းသည် ၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းကာလက ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဗိုလ်ခင်ညွန့်နှင်အတူ့ မန္တ လေးဆောင်တွင် အတူနေခဲ့သူဖြစ်သည်ဟုဆို သည်။၇ ရက် ဇူလိုင်အရေး အ ခင်းအပြီး ပဲခူးရိုးမ CPB ဗဟိုသို့ရောက်ပြီး သခင်သန်းထွန်းမှ စဝ်ရွှေသိုက်၏ဇနီးဖြစ်သူ မဟာဒေဝီထံသို့ဆက်သားအ ဖြစ် စေလွှတ်ခဲ့သည့် ရှမ်းရဲဘော်ဖြစ်သည်။
ကောက်ကွတ်ကျောင်းသည် မုန်လုံကျောင်း
နှင့်မတူ။ မုန်လုံတွင် လူနည်းသဖြင့်သင်တန်းနည်း ပြအဖြစ် ဗိုလ်သန်းရွှေအပြင် လက်ထောက်တစ်ဦး သာ ထားရှိသည်။ထို့ပြင် ရိက္ခာချက်ရေးပြုတ်ရေး
အတွက်လည်း လူနည်းသဖြင့် ပြသနာမကြီး။ လူ
အနဲငယ်သာလိုသည်။ လုံခြုံရေးအတွက်သာ ခွဲမှူးဦးစီးတပ်စု ၂ စုထားရှိသည်။
ကောက်ကွေ့သင်တန်းကျောင်းတွင် သင်တန်း
သားများသဖြင့် လက်ထောက်သင်တန်းနည်းပြ
၂၀ ကျော် ၃၀ ခန့်ထားရသည်။ ထို့ပြင်ဆေးအဖွဲ့
လုံခြုံရေးတပ်စုတစ်စု ရိက္ခာအဖွဲ့တို့ထားရှိရသည်။
တပ်ရင်းတရင်းစာ လူ ၃၅၀ ခန့်အား သင်တန်း
အပတ်စဉ်တခုစာ နေ့ရောညပါ ချက်ပြုတ်ပေးရန်
လူ ၃၀နီးပါးရှိရိက္ခာအဖွဲ့လိုအပ်ရာCPB၏ ကောက် ကွတ်သင်တန်းကျောင်းတွင် CPB မှအင်အား ၁၀၀ နီးပါးတာဝန်ယူခဲ့ရသည်။
ထိုစဉ် CPB မှ သင်တန်းကျောင်း ၂ ခုစလုံးတွင်
လာရောက်တက်သည့် သင်တန်းသားအားလုံး အတွက် ယူနီဖေါင်းဝတ်စုံ အပြည့်အစုံ ၂ စုံစီ
ကျောပိုးအိတ် စောင် ခြင်ထောင် မိုးကာ မှအစ
အပြည့်အစုံထုတ်ပေးသည်။ နေထိုင်ရန်အဆောင်
များ သင်တန်းကာလအတွင်း စာရေးသောက်ရေး
ရိက္ခာ အပြည့်အစုံချက်ပြုတ်ကျွေးမွေးရေးမှအစ
တာဝန်ယူသည်။ ထို့ပြင် သင်တန်းတက်စဉ်ကာလ
နာမကျန်းဖြစ်မှုများအားလုံးအားလည်း တာဝန်ယူ
ရပါသည်။
ကောက်ကွတ်သင်တန်းကျောင်းအပတ်စဉ်တခု
လျင် ၃ လကြာမြင့်သည်။ ၁၉၇၇ ဇန္နဝါရီမှမတ်လ
ကုန်ထိ ပထမပတ် ၁၉၇၇ ဇွန်လမှသြဂုတ်လကုန်
်ထိ ဒုတိယပတ် ၁၉၇၈ တွင် တတိယပတ် ၁၉၇၉
တွင် စတုတ္ထပတ်တို့ဖွင့်လှစ်ခဲ့သည်။ ရှေ့ဆုံးသုံး
ပတ်တွင် သင်တန်းသား ၃၅၀ ကျော်စီတက်ခဲ့ပြီး
နောက်ဆုံးပတ်တွင် သင်တန်းသား ၂၅၀ ကျော်
တက်ရောက်ရာ သင်တန်း ၄ ပတ်အတွင်း KIA စစ်သည်၁၃၀၀ ကျော် သင်တန်းတက် ရောက်ခဲ့ သည်။
အဆိုပါ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ်နှင်ဒုတိယပတ် သင်တန်းတက်သည့်
တပ်ရင်းအား နှစ်ပတ်ဆက် ဦးဆောင်လာသည့်
တပ်မှူးမှာ ဗိုလ်မှူးမရန်ဘရန်တောင်ဖြစ်သည်။အ
မှန်တော့ သူသည် တပ်ရင်းမှူးအဆင့် KIAအရာရှိ
မဟုတ်ချေ။ KIA ဗဟိုမှခေါင်းဆောင်တစ်ဦးဖြစ်
သည်။ ထိုစဉ် KIA တပ်အတွင်းတွင်၌ ခွဲမှူးအဆင့်
အား ဗိုလ် တပ်ရင်းမှူးအဆင့်အား ဗိုလ်ကြီး တပ်မ
ဟာမှူးအဆင့်မှ ဗိုလ်မှူးဟု သတ်မှတ်ထားသေး
သည်။ ဗိုလ်မှူးမရန်ဘရန်တောင်အား ဦးစီးစေ
လွှတ်ခြင်းသည် CPB နှင့်ဆက်ဆံရေးပြေပြစ်စေ
လို၍ ဖြစ်သည်။ယခုတော့ သူလည်းကွယ်လွန်ပြီ ဟုဆိုသည်။
အမှန်တကယ်လည်း ဗိုလ်မှူးမရန်ဘရန်တောင်သည်
အလွန်ဆက်ဆံဆရးပြေပြစ်သူဖြစ်သည်။
ကောက်ကွတ်သင်တန်းကျောင်းဒုတိယပတ်တွင်
ဗိုလ်မှူးဘရန်တောင်နှင့်အတူ တပ်ရေးဗိုလ်ကြီး
အဖြစ်လိုက်ပါလာသူမှာ ဗိုလ်ဂျေဆန်လီဖြစ်သည်။
သူကထိုစဉ် KIA ရင်း ၁ တွင် တပ်ခွဲမှူးဖြစ်သည်။
နောင် KIA ဗဟိုတပ်များ၏ဗျူဟာမှူးအဖြစ်တာ
ဝန်ယူခဲ့ပြီးနောက်ကွယ်လွန်သွားပြီဟုဆိုသည်။
ထိုကောက်ကွတ်ကျောင်း ဒုတိယပတ်တွင် တပ်
ခွဲတစ်ခု၌ တပ်ကြပ် အဖြစ်ပါလာသူတစ်ဦးလည်းရှိ သေးသည်။ သူကတော့ရန်ကုန်စီးပွါးရေးတက္ကသိုလ် မှ ဘွဲ့ရထားပြီး KIA သို့ဝင်ရောက်လာသည် မှာ မကြာသေးသူဖြစ်သည်။
ကိုယ်သဘောနှင့် KIA သို့ဝင်ရောက်သူများတွင်ပါဝင်သည်။
သူအမည်ကို ဂွမ်ထန်ဂမ်ရှောင်ဟု ခေါ်ပြီး ထိုတပ်ကြပ်ကလေးသည်
ယခုတော့ KIA တခုလုံးကိုဦးစီးနေသည့် စစ်ဦးစီ
ချုပ်နှင့် KIC ၏ ဒုဥက္ကဌ ၁ တာဝန်ယူထားသည့်
ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေပေသည်။
ကောက်ကွတ်ကျောင်း စတုတ္ထပတ်၌ သင်တန်းတက်မည့်တပ်ရင်းကို ဦးစီးလာသူမှာ ဗိုလ်ကွန်လီဖြစ်သည်။သူသည် မြစ်ကြီးနား တက္က သိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး CPB နှင့် KIA တိုက်ခိုက်စဉ်ကာလက KIA တပ်မ ဟာ ၄ တွင်ရှိနေပြီး တပ်မဟာမှူး ဗိုလ်မှူး လထော်ဇော်ဒန်ကျဆုံးသည့်တိုက်ပွဲတွင် အနီးကပ်ပါဝင်ခဲ့သူဖြစ်သည်။ ယခုတော့ ပြန်ပေါင်းထုပ် သည့် ဇတ်တွင်လည်း ဇတ်ကောင်တစ်ဦးအဖြစ် ပြန်လည်ပါဝင်ခဲ့သည်ဟု ဆိုရမည်။ ကောက်ကွတ် ကျောင်းစတုတ္ထပတ် သင်တန်းတပ်ရင်း၏ ထူးခြား ချက်တခုမှာ KIA အမျိုးသမီးအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ရူထ ဦးစီးသော အင်အား ၆၀ကျော်ခန့်ရှိသော အမျိုးသမီးတပ်ခွဲတစ်ခွဲပါဝင်လာခြင်းဖြစ်ပေသည်။
ထို့ပြင် စတုတ္ထပတ်တွင် ဘွဲ့ရကချင်လူငယ်တစ်ဦး
ပါဝင်သည်ကိုတွေ့ရသည်။ သူ့အမည်မှာ လဇိန် ဂျေးနောင်ဖြစ်သည်။ ထိုစဉ်က KIA တွင်းရောက် သည်မှာကြာပုံမရသေး။ဒုတပ်ကြပ်အဆင့်ဖြစ်
သည်။နောင် ဥက္ကဌမရန်ဘရန်ဆိုင်း၏ PA ဖြစ်လာ
ပြီး ၂၀၁၂ နှစ် ရွှေလီတွင်ပြုလုပ်သော ငြိမ်းချမ်း
ရေးဆွေးနွေးနွေးပွဲများတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့်
တွေ့လိုက်ရသည်။
ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung