Sunday, March 13, 2016

အပိုင်း (၁၀) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ဘ၀ကောက်ကြောင်း


===========================
လက်မ ထောင်နိုင်သည့် တိုက်ပွဲ
*****************************
ယောယုံသည် အရှုံးဆုံးပွဲဖြစ်ခဲ့သကဲ့သို့
CPB နှင့် KIA တို့တွဲတိုက်သည့် တိုက်ပွဲများထဲတွင်
အပြတ်အသတ်အနိုင်ရခဲ့သည်ဟုဆိုရမည့် တိုက်
ပွဲတစ်ပွဲလည်း ရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွါးသည့် အ ချိန်ကား ၁၉၈၈ အရေးအခင်းကာလ ၁၉၈၈ အကုန် ၁၉၈၉ နှစ်ဦးခန့်ကဖြစ်သည်။၁၉၈၈ အရေးအခင်းအတွင်း အစိုးရအားဖိအားပေးနိုင်ရန်
CPB တို့လှုပ်ရှားခဲ့သည့် စစ်ရေးလှုပ်ရှားမှုများအ
နက် တခုဖြစ်သည်။ ရှမ်းပြည်အရှေ့ပိုင်းတွင် မိုင်း
ယောင်းတိုက်ပွဲဖေါ်သကဲ့သို့ ရှမ်းမြောက်တွင် လည်း တိုက်ပွဲတခုဖေါ်သည်။
ထိုတိုက်ပွဲသည် တာမိုးညဲအနီး ကုန်းဆာရွာ
တွင်ဖြစ်ပွါးခဲ့၍ ကုန်းဆာတိုက်ပွဲဟုခေါ်သည်။ ထို
စဉ် CPB ၏ မြောက်ပိုင်ဗျူရိုမှ တပ်များအပြင် ဖုန်
ကျားဖူးဦးစီးသည့် ကိုးကန့်တပ်အချို့လည်းပါသည်။
ဒေသခံ KIA တပ်ဖွဲဝင်များလည်းပါသည်။ CPBနှင့်
KIA တပ်ဖွဲ့ဝင်များ စုဖွဲ့လှုပ်ရှားနေသည်ကို ရှင်းလင်းရန် ရှေ့တန်းတပ်မ ၉၉ မှ ခမရ ၁၀၉ တစ်ရင်းလုံအား၎င်း ခလရ ၃ စစ်ကြောင်း ၂ အား၎င်း အသုံးပြုခဲ့သည်။
တပ်မ၏ ရည်ရွယ်ချက်မှာ တာမိုးညဲအထက်
မန်ဂျယ်ကွင်းအတွင်းရှင်းလင်းရန် ခမရ ၁၀၉ အား
တာဝန်ပေးခဲ့ပြီး ခမရ ၁၀၉ အားအထောက်အကူပေးရန် ခလရ ၃ စစ်ကြောင်းအား အရှေ့ဖက်ခြမ်းမှ အထောက်အကူအဖြစ်
ချီတက်လှုပ်ရှားစေခဲ့သည်။ ထိုသတင်းကို ရရှိ တွက်ဆထားသော ပူးတွဲတပ်ဖွဲ့များသည် တပ်ဖွဲ့ အင်အားအများစုကို မန်ဂျယ်ကွင်းအတွင်းဝင်လာမည့် ခမရ ၁၀၉ အားချေမှုန်းတိုက်ခိုက်နိုင်ရန် နေရာချထားပြီး ဘေးမှထောက်ကူပေးမည့် ခလရ ၃ စစ်ကြောင်းအား ကုန်းဆာရွာအနီးတွင် တားဆီး ပိတ်ဆို့ဟန့်တားထားရန် တပ်အချို့ချထားခဲ့သည်။
အစိုးရတပ်စစ်ကြောင်းများ ဝင်လာသည့်နေ့ တွင် မျှော်လင့်မထားသည်များ ဖြစ်လာခဲ့သည်။
တောင်ကြောအတိုင်းချီတက်လာသော ခမရ ၁၀၉ တပ်ရင်းသည် မန်ဂျယ်ကွင်းအပေါ်ရှိ တောင်ကြော
သို့ ရောက်ရှိလာသောအခါ ဆက်လက်၍ ချီတက်
ခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်သည်။ CPB/KIA
တို့၏ တပ်ဖွဲ့စုစည်းလှုပ်ရှားမှုသတင်းများကို တွက်
ချက်ပြီး ကွင်းအတွင်းရောက်လျင် မြေအနေအ ထားအရ ဝိုင်းပတ်ချေမှုန်းခံရနိုင်သည်တွက်ချက်
မိပုံရသည်။ ထို့ကြောင့်သူအတွက် မြေအနေအထား အသာစီးရနိုင်သည့် တောင်ကြောပေါ်တွင်
တပ်ကိုထိုင်ထားလိုက်သည်။ ထိုအခါ အဆိုပါတပ်
ရင်းကို တိုက်ခိုက်ရန်ပြင်ဆင်ထားသည့် ပူးတွဲတပ်
များအဖို့ သတ်ကွင်းအတွင်း ဝင်မလာ၍ တိုက်မရ
ဘဲ အခက်ကြုံနေသည်။
သို့သော် ခလရ ၃ စစ်ကြောင်း ၂ ကတော့
သတ်မှတ်လမ်းကြောင်းအတိုင်းချီတက်လာနေ
သည်။ ထိုစဉ်ခလရ ၃ စစ်ကြောင်း ၂ မှူးလည်း
ဖြစ် ဒုရင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးလှမြင့်မှာ တနင်္သာရီတိုင်းရှိ တပ်ရင်းတစ်ရင်းသို့ ရင်းမှူးအဖြစ်
ပြောင်းရွှေ့ရန် အမိန့်စာလောလောလတ်လတ်
ထွက်ထားသည်ဖြစ်ရာ တက်ကြွနေသည်။
နေ့လည်ခင်းအရောက် ကုန်းဆာအနီး ပိတ်
ဆို့ရန် တာဝန်ယူထားသည့် KIA တပ်ဖွဲ့မှာ စစ် သည် လေးငါးယောက်သည် တောင်ကြောပေါ်မှ
ဆင်း၍ ရွာထိပ်တွင် ရေခပ်ရန်ဆင်းလာခဲ့သည်။
သူတို့အဖို့လည်း မန်ဂျယ်မှ အစိုးရတပ်ရင်းလှုပ်
ရှားမှုများ မကြား၍ အေးအေးလူလူ ရေခပ်ဆင်း ကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ရွာ
အတွင်းသို့ ဝင်ရောက်လာသော ခလရ စက ၂ မှ
ရှေ့ပြေးကင်းနှင့်ပက်ပင်းတိုးတော့သည်။
ခလရ ၃ စစ်ကြောင်းမှ စတင်ပစ်ခတ်သည်နှင့်
KIA တပ်သားများလည်း ၎င်းတို့တပ်ဖွဲ့ နေရာယူထားရာတောင်ကြောပေါ်သို့ ပြန်လည့်ပြေးတက်
သည်။ ထိုအခါ ခလရ ၃ စစ်ကြောင်းလည်း KIA
အဖွဲ့ငယ်လေးမျှသာဖြစ်နိုင်သည်ဟု ကောက်ချက် လွဲစွာ ချမိပုံပေါ်သည်။ တရှူးထိုးလိုက်လံပစ်ခတ်
တော့သည်။ ပုံမှန် စစ်ကြောင်း ၁ ကြောင်းချီတက် လျင် စစ်သည် တစ်ဦးနှင့်တစ်ဦးကြား ၁၅ ပေခန့်ခြား၍ချီတက်သည့်ပြင် မသင်္ကာသည့်နေရာများကို ရှေ့ပြေးတပ်စုကရှင်းပြီးမှနောက်ကစစ်ကြောင်း
ကလိုက်ပါလေ့ရှိသည်။ အနိမ့်အမြင့် တောအုပ်နှင့်
ရှုတ်ထွေးသော တောင်တန်းဒေသတွင် ခလရ ၃ စစ်ကြောင်းကဲ့သို့ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိ
သော စစ်ကြောင်းချီတက်မှုသည် ရှည်လျားပေရာ
ဝိုင်းပတ်ရန် အတန်ငယ်ခက်ခဲသည်။
သို့သော် KIA အနဲငယ်ဟု ထင်မှတ်မှားပြီး တပ်
အားလုံးရှေ့သို့ အတင်းပြေးဝင်လာသောအခါ ၎င်း
စစ်ကြောင်းသည် စုမိသလိုဖြစ်သွားပြီး ဝိုင်းပတ် ရန် လွယ်ကူသွားသည်ဟုဆိုရမည်။ဤသို့ဖြင့်
တောင်ကြောများပေါ်ရှိ ပူးတွဲတပ်များ ပြန်လည်ပစ်
ခတ်မှုဖြင့် တိုက်ပွဲသည် စတင်တော့သည်။ ထိုချိန်
တွင် အင်အားမနဲကြောင်း သဘောပေါက်သွားကြ
တော့သည်။ တိုက်ပွဲစပြီး အတန်ကြာသည့်အထိ
ခမရ ၁၀၉ တပ်ရင်းကား မန်ဂျယ်ကွင်းအပေါ်မှ
တုတ်တုတ်မလှုပ်။ ၇၅ မမ လက်နက်ကြီးနှင့်သာ
ပစ်ကူပေးနိုင်သည်။ ၎င်းပစ်ကူမှာလည်း မထိ ရောက်ပေ။
ဤသို့နှင့် ခမရ ၁၀၉ ဝင်မလာသည်မှာ သေ
ချလောက်သည်ဟု တွက်ချက်၍ ရသောအခါ ပူးတွဲ
တပ်ဖွဲ့သည် မန်ဂျယ်ကွင်းအတွင်း သတ်ကွင်းပြင်
ထားသော တပ်များထဲမှ အချိ့ကိုထုတ်၍ ကုန်းဆာ
ဘက်ကို စေလွှတ်၍ တိုက်ပွဲဦးတည်ချက်ကို ပြောင်းလိုက်သည်။ မန်ဂျယ်ကွင်းအတွင်း ဆင်းလာနိုင်သည့် ခမရ ၁၀၉ အားတားဆီးရန် တပ်အချို့သာချန်ထားလိုက်တော့သည်။ဤသို့ဖြင့် ခလရ ၃ စစ်ကြောင်းသည် ပူးတွဲတပ်ဖွဲ့၏ ပြင်းထန်သော
ဝိုင်းပတ်တိုက်ခိုက်မှုကိုခံရတော့သည်။ ပြင်းထန်
သော တိုက်ခိုက်မှုများအတွင်း ခလရ ၃ စစ် ကြောင်းလည်းဖေါက်ထွက်ရန် မစွမ်းဆောင်နိုင်
တော့ပေ။ အလူးအလဲခံရတော့သည်။
ညနေစောင်းတိုက်ပွဲပြီးတော့ ခလရ ၃ စစ်
ကြောင်း ၂ မှ အရာရှိစစ်သည် ၁၀၆ ယောက်ကျဆုံးသည်။
စစ်ကြောင်းမှူးဗိုလ်မှူးလှမြင့်အပါ ၁၅ ဦး သုံ့ပမ်းအ
ဖြစ်အဖမ်းခံရသည်။ အဖမ်းခံရသူ ၁၅ ဦးစလုံး ဒဏ်ရာကိုယ်စီနှင့်ဖြစ်သည်။၂၀ ကျော် ၃၀ နီးပါး
လောက်ကတော့ တယောက်တကွဲစီ ဖေါက်ထွက်
၍ လွတ်သွားကြသည်။ တောတောင်များအတွင်း
ပုန်းအောင်းရှောင်ရှားရင်း တာမိုးညဲနှင့် ၎င်းအနီးရှိ
အစိုးရတပ်စခန်းများသို့ နောက်၂ ရက် ၃ ရက်နေ မှ အသီးသီးပြန်ရောက်ကြသည်။
ကျဆုံးသွားသည် ရုပ်အလောင်း ၁၀၆ လောင်း
ကို ကျင်းကြီး ၃ ကျင်းတူး၍ မြှုပ်နှံပေးခဲ့သည်။ ပူးတွဲတပ်ဖွဲ့များ စစ်မြေပြင်ရှင်းလင်း၍ ဆုတ်ခွါသွားပြီးနောက် ၂ ရက်ခန့်အကြာမှ ခမရ ၁၀၃ တပ်ရင်းစစ်မြေပြင်ရှင်းလင်းဝင်ရောက်လာပြီး ထိုကျင်းများကို ပြန်ဖေါ်၍ ရုပ်အလောင်းများကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ရန် ကြိုးစားသော်လည်း ရုပ်အ လောင်းများ ပုပ်ပွရုပ်ပျက်နေပြီဖြစ်၍ အားလုံးကိုမှတ်တမ်းတင်ရန်မဖြစ်နိုင်ခဲ့တော့ပေ။
ပူးတွဲတပ်ဖွဲ့တပ်ဖွဲ့အတွက်တော့ အနိုင်ရဆုံးပွဲဟု
ဆိုရမည်။ ဤတကြိမ်ကုန်းဆာတောင်ကြောတွင်
အမြှုပ်နှံခံလိုက်ရသူများမှာ ခလရ ၃ မှ စစ်သည်
များဖြစ်ချေတော့သည်။
ဤတိုက်ပွဲအရှုံးကြောင့် တပ်မ ၉၉ တပ်မမှူး
ဗိုလ်မှူးကြီးဝင်းဇော်ညွန့် ကြွေထည်မြေထည်လုပိငန်းသို့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်ပြောင်းရွှေ့ရသည်။ ခမရ ၁၀၉
ရင်းမှူး စစ်ခုံရုံးအတင်ခံရပြီး ပြုတ်သွားသည်။ သို့
သော် သူ့ကြောင့် ခမရ ၁၀၉ မှ စစ်သည်များအထိ
အခနုက်သက်သာခဲ့ရသည်ဟု နှစ်ဖက်စလုံးက
တော့ အသိမှတ်ပြုရသည်။ သူသာ မဆင်မခြင်
မန်ဂျယ်ကွင်းတွင်းဝင်လာလျင် ခလရ ၃ အစား
သူတို့ဖြစ်သွားဖွယ်ရှိသည်။
ဗိုလ်မှူးလှမြင့်အတူ အဖမ်းခံလိုက်ရသူများက
နောင်တစ်လအကြာတွင် ပြန်လွှတ်ပေးခြင်းခံရ၏။
သူအနေနှင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း စစ်တိုက်ခဲ့ သည့်စစ်သားတစ်ယောက်ဖြစ်သည်ဟု
အဖမ်းခံရစဉ်ကာလတွင် ဆိုခဲ့သည်။ ပြန်လွတ် သွားရင် စစ်ခုံရုံးတက်ရတော့မှာပေါ့ဗျာဟု ဆိုခဲ့
သည်။ ပြင်းပြင်းထန်ထန်တော့ အရေးခံရပုံတော့မရ။
စစ်ယူနီဖေါင်းတော့ ချွတ်လိုက်ရသည်။ သူ့
အား နောင်တွင် ရန်ကုန်တိုင်း မန္တလေးတိုင်းတို့ တွင် ရဲမှူးကြီးအဖြစ်တွေ့လိုက်ရသည်။
ယောယုံတိုက်ပွဲပြီးတော့ သူရဘွဲ့တွေ စွမ်းရည်
ဘွဲ့တွေ ရာထူးတိုးတွေနှင့် စည်စည်ကားကားဖြစ်
ခဲ့သည်။ ကုန်းဆာတိုက်ပွဲအပြီးတွင်တော့ ရာထူး
ပြောင်းတွေ ရာထူးပြုတ်တွေနှင့် တိတ်ဆိတ်သွားသည်။ ဤကား စစ်ပွဲဖြစ်သည်။ အနိုင်နှင့်အရှုံးတို့
၏ အကျိုးဆက်များဖြစ်သည်။
သို့သော် ဤတိုက်ပွဲအပြီး CPB ပြိုကွဲသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များခွဲထွက်ကြ
သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် CPB နှင့် KIA ၏
နောက်ဆုံးပူးတွဲစစ်ရေးလှုပ်ရှားမှုဖြစ်သွားတော့
သည်။ သို့သော် ကချင်ပြည်နယ်တွင်းရှိသော CPB
၁၀၁ စစ်ဒေသသည် နောက်အကျဆုံးခွဲထွက်သည့်အဖွဲ့ဖြစ်ရာ CPB ၁၀၁ စစ်ဒေသနှင့် KIA တို့
ပူးတွဲတိုက်ပွဲမှာ ၁၉၈၉ အကုန် ၁၉၉၀ လောက် တွင်ဖြစ်ခဲ့သေးသည်။ မြစ်ကြီးနားအထက် အင်ဂျားယန်စခန်း သိမ်းတိုက်ပွဲဖြစ်သည်။ ၁၀၁ စစ်ဒေသမှ
တပ်မှူးမုတ်ယင်ဇောင်းဟောင် နှင့် KIA တို့ပူးတွဲတိုက်ခဲ့ကြ သည်။
ယင်းတိုက်ပွဲသည် CPB နှင့် KIA တို့၏ နောက် ဆုံးပူးတွဲ တိုက်ပွဲဟုဆိုမည်။ ယင်းတိုက်ပွဲပြီးသည့်
နောက် CPB ၁၀၁ စစ်ဒေသသည် NDA(K) ဒီမိုက
ရေစီသစ်တပ်မတော် (ကချင်) ဟုပြောင်းလဲဖွဲ့စည်း
သွားတော့သည်။ သို့နှင့် CPB နှင့် KIA ပူးတွဲစစ်
ဆင်ရေးများ တခန်းရပ်သွားတော့သည်။
စစ်ပွဲ
ထိုတိုက်ပွဲ ၂ ပွဲကို တတ်နိုင်သမျှ အသေးစိတ်
ရေးပြခြင်သည် ရည်ရွယ်တခုကြောင့်ဖြစ်ပါသည်။
တကယ်တော့ မြန်မာပြည်ပြည်မတွင် ၁၉၇၅ နောက်ပိုင်း၌ ပြည်တွင်းစစ် စစ်ပွဲများ ရပ်ဆိုင်းခဲ့ပြီ
ဖြစ်သည်။သို့ဖြစ်ရာ ပြည်မရှိ လူထုအဖို့ စစ်ပွဲနှင့်
ဝေးကွာသကဲ့သို့ စစ်ဘေးစစ်ဒဏ်မခံခဲ့ရပေ။သို့
သော် ကချင်ပြည်နယ် ရှမ်းပြည်နယ် ကယားပြည်
နယ် ကရင်ပြည် မွန်ပြည်နယ်တို့တွင် စစ်ပွဲများမ
ရပ်တန့်ခဲ့ပေ။ အယူဝါဒကွဲလွဲမှုအရ၎င်း အမျိုးသား
ရေးအရ၎င်း စစ်ပွဲများ ဆက်လက်၍ ပြင်းထန်စွာ
ဖြစ်ပွါးနေသည်။
ဖေါ်ပြခဲ့သည် ပြင်းထန်သည့် တိုက်ပွဲ ၂ ပွဲသည်
ပြင်းထန်စွာဖြစ်ပွါးခဲ့သည့် တိုက်ပွဲပေါင်းများစွာ သေကြေဒဏ်ရာရမှုများစွာရှိခဲ့သည့် တိုက်ပွဲပေါင်း များစွာထဲမှ ဖြစ်သည်။ ထိုသို့ပြင်းထန်စွာဖြစ်ပွါးခဲ့
သည့် တိုက်ပွဲပေါင်းများစွာတွင် ရင်ဆိုင်တိုက်
သည့် နှစ်ဖက်စစ်သည်များစွာ ကျဆုံးဒဏ်ရာရခဲ့ဲကြသကဲ့သို့ ဒေသခံလူထုသည်လည်း စစ်ဘေးစစ်
ဒဏ်ကို ရှောင်လွှဲ၍ မရခဲ့ပေ။ တိုက်ပွဲများအတွင်း
လူထုပါထိခိုက်မှုရှိသကဲ့သို့ ရွာများ အိုးအိမ်များစွာ
သည် အမြောက်ဆံ ဗုံးဆံတို့ကြောင့် မီးလောင် ပျက်ဆီးရှုံးခဲ့ကြရသည်။ ရွာများစွန့်ပစ်ထွက်ပြေး
ခဲ့ရသည်။ ထိုဒေသ၏တောတောင်များတွင် ရွာ
ပျက်များစွာကိုတွေ့နိုင်သည်။ ထို့အတူ စစ်ဘေး
ဒုက္ခသည်အများအပြားကို ထိုဒေသများတွင် ယ
နေ့တိုင် သောင်းသိန်းချီ၍ တွေ့ရဆဲဖြစ်သည်။
ထိုအခြေအနေများကို လေးနက်စေခြင်း
အလို့ငှါ တိုက်ပွဲ ၂ ပွဲ၏ အသေးစိတ်အခြေအနေ များကို ပုံဖေါ်ပြခဲ့ခြင်းဖြစ်သည်။
်ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung