Saturday, March 12, 2016

အပိုင်း ( ၄) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ ၏ ဘ၀ကောက်ကြောင်း


=====================
( ဤစာကို Facebook name - Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။)

KIA ၏အားသာချက်နှင့် အားနည်းချက်
*********************************
ဤကဲ့သို့ KIA အနေနှင့်အင်အားစုဆောင်း၍ ကြီးထွားလာခြင်းနှင့် ပတ် သက်၍ KIAတို့အနေနှင့် တပ်သားသစ်များ အတင်းအကြပ်ဖမ်းဆီး၍
KIA တပ်ထဲဝင်ခိုင်းသည်ဟူသည့် စွပ်စွဲချက်များရှိ သည်။ အမှန်လည်း မဝင်မနေရ စစ်မှုထမ်းစနစ်ကို KIA တို့ကျင့်သုံးခဲ့ကြသည်။ အစောပိုင်းကာလတွင်
ကချင်ပညာတတ်များ ဖမ်းဆီးခေါ်ဆောင်၍ KIA တွင် အမှုထမ်းခိုင်းသည်လည်းရှိသည်။ အံ့သြစရာ
ကောင်းသည်ကတော့ ထိုသူအများစုသည် ထွက်ပြေးခြင်းမပြုဘဲ KIA တွင် တာဝန်ထမ်းဆောင် သွားသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ KIA
အတွက်တော့ အငြင်းပွါးစရာအချက်ဖြစ်ခဲ့သည်။
ဤသို့KIA တွင်းသို့ ကချင်လူငယ်အများအ ပြားဝင်ရောက်လာသည့်အတွက် KIA အတွက်
အလိုအလျောက်ရလာသည့် အားသာချက်မှာ
ကချင်လူထုက KIA အားမိမိဆွေမျိုးသားချင်းများ
၏တပ်အဖြစ် အကာအကွယ်ပေးလာခြင်းဖြစ်ပေ
သည်။ KIA တပ်အတွင်းသို့ရောက်ရှိနေသည့် KIA စသ်သည်များမှာ သူတို့၏ သားသမီးများ
ညီနောင်များ သားချင်းများ ဖြစ်နေကြသည်မဟုတ်
ပါလော။
CPB နှင့် KIA ပူးတွဲလှုပ်ရှားစဉ်ကာလက
နမ့်ခမ်း မူစယ် နန့်ဖတ်ကာကြား ဂွင်ထဲရှိ တောင်
ပေါ်ကချင်ရွာတစ်ရွာသို့ အင်အား ၇၀ ခန့်ရှိ ဗကပ
တပ်ခွဲ ၁ ခွဲ ဝင်ရောက်လာခဲ့သည်။ ရွာအတွင်း တပ်ဖြန့်နေရာယူပြီးနောက် ရွာစောင့်ကိုခေါ်ရ သည်။ ၎င်းနယ်မြေသည် KIA စိုးမိုးဒေသဖြစ်၍
KIA နယ်မြေတာဝန်ခံကို ဆက်သွယ်ပေးရန် အ
ကြောင်းကြားရသည်။ ရိက္ခာကိစ္စ လမ်းကြောင်း
ကိစ္စ များကိုအကြောင်းကြားရမည်။အစိုးရတပ် လှုပ်ရှားမှုသတင်းများကို ညှိနှိုင်းရမည်ဖြစ်သည်။
KIA စခန်းတွေက တောပုန်းစခန်းတွေမို့ ရွာနှင့်
အတော်လှမ်းပုံရသည်။ တော်တော်နှင့်ပေါ်မလာ။
အိမ်ခြေ သုံးဆယ်ခန့်ရှိသော ရွာကလေးသည် တိတ်ဆိတ်နေသည်။ ရွာအတွင်းတွင် လူသူလှုပ်ရှားမှုမတွေ့ရ။ နေ့လည်ခင်းမို့ တောင်ယာအတွင်း
အလုပ်ဆင်းနေပုံရသည်ဟု ယူဆရသည်။
အတန်ကြာမှ KIA နယ်ခံဒိုင်နယ်မှူးနှင့်တပ်စိတ်
တစ်စိတ်ဝင်လာသည်။ ထိုသို့ KUA တပ်စိတ် ရွာ
ထဲဝင်လာမှ တရွာလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်သည်
ကို တွေ့ရသည်။
အိမ်တိုင်းလိုလိုမှ ကချင်လုံမပျိုလေးများ ထွက်လာ
ကြသည်။ ရေထည့်ထားသော ဝါးကျည်တောက် များဖြင့် KIA စစ်သည်များအား ရေထွက်တိုက်ကြ သည်။ထိုအခါ တရွာလုံးတိတ်ဆိတ်နေ၍ ပျင်းရိငြီိး ငွေ့နေသော CPB ရဲဘော်များပြူးပြူးပြာပြာထ၍ ကချင် လုံမငယ်များကို ထ၍ ငေးမောကြရသည်။
သူတို့ဝင်လာစဉ် တဦးတလေမှ အရိပ်အယောင်
တောင်မမြင်ရပေမဲ့ ယခု KIA စစ်သည်များ ဝင်
လာမှ အခြေအနေကပြောင်းသွားသည်။သူမတို့
အတွက် KIA စစ်သည်များသည် သူမတို့၏ သွေး ချင်းများဖြစ်နေသည်မဟုတ်ပါလော။
ဤသည်မှာ နယ်မြေအပြားတွင် KIA စစ်သည်
များ တပ်ဖြန့်နေနိုင်သည့် အားသာချက်ဖြစ်သည်။
KIA အနေနှင့် တပ်မဟာ တပ်ရင်းများဖွဲ့စည်းထား
သည်ဆိုသော်လည်း ပုံမှန်အားဖြင့် အများဆုံး အ
ချိန်များတွင် တပ်စိတ်အထိ တပ်ဖြန့်ခွဲထားလေ့ရှိ
သည်။ ဤသို့တပ်ဖြန့်ခွဲထားခြင်း၏အားသာချက်
မှာ ကျယ်ပြန့်သောမြေအားစိုးမိုးနိုင်ခြင်း အစိုးရ
စစ်တပ်၏သတင်းအား အလွယ်တကူရနိုင်ခြင်း
လူနည်း၍ ရိက္ခာပြသနာကို အလွယ်တကူဖြေရှင်း
နိုင်ခြင်း လူအင်အားအနဲငယ်ဖြင့် ပြောက်ကျား
တိုက်ခိုက်ခြင်း ပစ်ပြေးခြင်းကို ပေါ့ပါးသွက်လက်
စွာလုပ်နိုင်ခြင်းတို့ဖြစ်သည်။ ဤအချက်သည် ခဲ
ယမ်းမီးကျောက်နဲပါးသည့် ပြသနာကိုလည်းဖြေ
ရှင်းပြီးဖြစ်သည်။ စစ်သည်တစ်ယောက်ကို ကျည်
ဆယ်တောင့်လောက်သုံးပြီး နှောက်ယှက်ပစ်ခတ်
ခြင်း အမှည့်ချွေခြင်းမျိုးပြုလုပ်နိုင်ပေသည်။
KIA တို့အနေနှင့် တိုက်ပွဲတခုဖေါ်မှ စစ်ဆင်ရေး တစ်ခုလုပ်မှသာ အင်အားစုစည်းလေ့ရှိသည်။
KIA တို့၏အစောပိုင်းကာလများသည် ခဲယမ်းမီး ကျောက်ချွေတာရသည်ဖြစ်ရာ တပ်စုစည်း၍ တိုက်ပွဲ ကြီးများတိုက်သည်ထက် ဖြန့်ခွဲ၍ ပြောက်ကျားစ
နစ်လှုပ်ရှားသည်က ပိုများသည်ဟုဆိုရမည်။တော
တောင်ထူထပ်သည့် နေရာများတွင်တိုက်ပွဲကြီး တခု ဆင်နွှဲလိုသည့် သူပုန်လက်နက်ကိုင်တပ်ဖွဲ့ များအဖို့ ခဲယမ်းမီးကျောက်စုဆောင်းရန်သာမက
ုစုစည်းသည့်အင်အားပေါ်မူတည်၍ ရိက္ခာစုဆောင်း
ရန်လည်းလိုအပ်ပေသည်။ တခါတရံ ရိက္ခာပေါ်မူ တည်၍ အင်အားကိုစုစည်းရသည်များလည်းရှိ ပေသည်။
သို့ဖြစ်ရာ KIA ၏အစောပိုင်းကာလများသည်
တပ်အင်အားစုစည်းတိုက်ခိုက်ခြင်းအတွက်အကန့်အသတ် ရှိနေရာ တိုက်ပွဲကြီးတိုက်နိုင်ခြင်း ထိုမှ
တဆင့်နယ်မြေဒေသများကို လွတ်မြောက်ဒေသ
အဖြစ်ထိမ်းချုပ်ခြင်းတို့ကို လုပ်ဆောင်ရာတွင် အား
နည်းချက်ရှိသည်ဟုဆိုရမည်။ KIA လှုပ်ရှားစိုး
မိုးရာဒေသအများစုသည် အစိုးရတပ်ရော KIA ပါ
ရောထွေးယှက်တင်လှုပ်ရှားသည့် ပြောက်ကျား
ဒေသကပိုများသည်ဟုဆိုရပေမည်။ ဤသို့ အားနဲ
ချက် အားသာချက်များကြားတွင် KIA တို့ရုန်းကန် ဖြတ်သန်းလာရသည်ဟုဆိုရမည်။
KIA အနေနှင့် တပ်အင်အားစုပြီး တိုက်ပွဲကြီး များ တိုက်ကာ အခြေခံဒေသများမတည်ဆောက်
နိုင်ခဲ့သော်လည်း နယ်မြေအခြေအနေ တော တောင် ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးညံ့ဖျင်း
သည့်အပေါ်အခြေခံ၍ သူတို၏အခြေခံဒေသများ
တည်ဆောက်နိုင်ခဲ့သည်ဟုဆိုရမည်။ သူတို့တည် ဆောက်ပုံမှာ တောတောင်ထူထပ်၍ လမ်းပမ်း
ဆက်သွယ်ရေးခက်ခဲသည့်နေရာများတွင် ရွာပုန်း များ တည်ဆောက်စည်းရုံးထားခြင်းဖြစ်သည်။
အစိုးရတပ်များကလည်း တောင်ပေါ်ရှိ ကချင်ရွာ
များအား သူတို့လက်လှမ်းမှီသည့် နေရာများတွင်
စုစည်းရွာများအဖြစ်စုစည်းကာ KIA နှင့် အဆက် ဖြတ်ရန် ကြိုးစာူလာသည့်အချိန်တွင် KIA က လည်း အစိုးရစစ်တပ်များ လက်လှမ်းမမှီသည့်
တောင်တန်းများပေါ်တွင် သူတို့၏ အခြေခံရွာများ
ကိုတည်ဆောက်ခဲ့သည်။
KIA ၏ ဤသို့ဆောင်ရွက်ခြင်းသည် မြစ်ဆုံအ
ပေါ်ပိုင်း မေခ မလိခ မြစ်ရိုးတလျောက် ဆွမ်ပရာ
ဘွမ်ဒေသများတွင် ထိရောက်သည်ဟု ဆိုနိုင်ပါ
သည်။ ၎င်းဒေသများသည် အစိုးရတပ်များလှုပ်
ရှားသွားလာရန်ခက်ခဲသည့်အားလျော်စွာ KIA
တို့၏ အစိုးရစစ်တပ်လက်လှမ်းမမှီသည့် ရွာပုန်း
များတည်ဆောက်ခြင်းသည် အလုပ်ဖြစ်ခဲ့သည်ဟု
ဆိုရပေမည်။

သို့သော် KIA တို့ အခက်ကြုံရသည့် ကာလ တခုရှိခဲ့သည်။ ၎င်းကာလမှာ အစိုးရစစ်တပ်၏ ထိုးစစ်ကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရယ်
ကြောင့်ဖြစ်သည်။ ၁၉၇၇ သို့မဟုတ် ၁၉၇၈ ကာ
လလောက်ကဖြစ်သည်။ မြစ်ဆုံအထက် မြစ်ဖျား
ဒေသတွင် ကြွက်ဘေးကျသည်။ ကြွက်ဘေးကျ
သည်ဆိုသည်မှာ နှစ်ပေါင်းများစွာအတွင်း တခါ
တရံမှမှ ကျတတ်သောကပ်ဘေးဖြစ်သည်။
ဒေသခံများ၏အဆိုအရ ဝါးများအသီး သီးကာ
ဝါးတောများသုန်းသည့်နှစ်တွင် ပေါ်တတ်သည်ဟုဆိုသည်။ နှစ်ပေါင်း ၄၀ မှ ၆၀ အတွင်းတကြိမ်ကျ
တတ်သည်ဟုဆိုသည်။ ထိုအချိန်တွင် အစာရေစာ
ငတ်ပြတ်နေသော အရေအတွက်ဖေါ်ပြခြင်းငှါ မစွမ်းနိုင်သော ကြွက်အုပ်ကြီးသည် လှိုင်းလုံးကြီး
လိုပေါ်ထွက်လာပြီး စားသောက်၍ ရသော တော
တောင်တွင်းအလေ့ကျပေါက်သောအပင်များ ဖြစ်
စေ လူတိ့စိုက်ထားသောအပင်များဖြစ်စေ အားလုံး
စားသောက်ကြပေတော့သည်။ လှိုင်းလုံးလို အ
မြောက်အများ တရစပ်ဝင်လာသော ကြွက်အုပ်ကြီး ကိုက်ဖြတ်စားသောက်သွားပြီးနောက် လူတို့
စားစရာ အသီးအနှံ ဘာမျှမကျန်သည်အထိ ဖြစ်
ခဲ့ရသည်ဟုဆိုပါသည်။
ထိုကာလက အဆိုပါကြွက်ဘေးသည် KIA
အခြေစိုက်ရာ မြစ်ဆုံအထက် မြစ်ဖျားဒေသတွင်
၎င်း ဗကပတို့အခြေစိုက်ရာ ဝ နယ်မြောက်ပိုင်း
တွင်၎င်း မရှေးမနှောင်းဖြစ်ခဲ့သည်။ဗကပတို့အဖို့
တရုတ်တို့၏ အကူအညီရသဖြင့် အဖတ်ဆယ်
နိုင်ခဲ့သော်လည်း KIA တို့အဖို့ ဒေသခံရွာပုန်းများ
မှ လူထု၏ အငတ်ဘေးကို ဖြေရှင်းရန် ခက်ခဲပေ ရာ ထိုဒေသရွာပုန်းများရှိ လူထုအား မြစ်ကြီးနား
ဘက်ဆီသို့ ဆင်းခွင့်ပေးခဲ့ရသည်ဟု ဆိုပါသည်။
သို့သော် အချို့ရွာများကိုတော့ ယခုတိုင်ထိမ်းသိမ်း
ထားနိုင်ပုံရသေးသည်ဟုဆိုပါသည်။
KIA ခေါင်းဆောင်ပိုင်းအပြောင်းအလဲ
၁၉၇၅ သြဂုတ်လတွင် KIA ဥက္ကဌ လထော်
ဇော်ဆိုင်း ဒုဥက္ကဌ လထော်ဇော်တူး နှင့် အတွင်း
ရေးမှူး ပုန်ရွှေဇော်ဆိုင်းတို့သည် ထိုင်းနိုင်ငံနယ်စပ်
ထန်ငေါ့တွင်ရှိနေစဉ် လက်အောက်အရာရှိတစ်ဦး
ဖြစ်သူ မရန်ဆိုင်းတူ နှင့်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်
မှုကို ခံလိုက်ရသည်။ လထော်ဇော်ဆိုင်း၏ ညီအ
ငယ် ဖြစ်သည့် KIA တပ်မဟာ ၄ မှူး လထော်
ဇော်ဒန်မှာလည်း CPB နှင့်တိုက်ပွဲတွင် ကျဆုံးခဲ့
ပေရာ လထော်ဇော်ဆိုင်းတို့ ညီအကိုများ ကံဆိုး
မိုးမှောင်ကျခဲ့သောနှစ်ဟုဆိုရပေမည်။
ဤသို့ဖြင့် ၁၉၇၆ နှစ်ဆန်းတွင် မရန်ဘရန်ဆိုင်း
ဥက္ကဌအဖြစ်ဆောင်ရွက်သည့် KIO/KIC/KIA
ခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ပြန်
လည်ဖွဲ့စည်းသော ခေါင်းဆောင်ပိုင်းတွင် မရန်ဘ
ရန်ဆိုင်းနှင့်အတူ လယော်ဇောင်းဟရာ လမုန်တူး
ဂျိုင်နှင့် ဇော်မိုင်တို့ပါဝင်ကြသည်။ လယော်ဇောင်း
ဟရာက KIO အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး လမုန်
တူးဂျိုင်နှင့် ဗိုလ်ဇော်မိုင်တို့က တပ်ကိုတာဝန်ယူခဲ့
သည်။
မရန်ဘရန်ဆိုင်း ဥက္ကဌ ဖြစ်လာပြီးနောက် ပထမဦးဆုံးဖြေရှင်းသည့်ပြသနာမှာ CPB ခေါ်
ဗကပနှင့်ပြသနာဖြစ်သည်။ ပထမအချက်က CPB နှင့် အပစ်ခတ်ရပ်ရေးဖြစ်ပြီးဒုတိယအချက်က CPB နှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့ရေးဖြစ်သည်။တတိယ အချက်ကတော့ CPB မှ လက်နက်ခဲယမ်းအကူအညီရရှိရေးဖြစ်သည်။ဤအချက်များကို အလေးထား ကိုင်တွယ်ခဲ့သည့်အတွက် KIA အနေနှင့်စစ်မျက်နှာ ၂ ဖက်ဖွင့်တိုက်နေရာမှစစ်မျက်နှာတဖက်ထဲ ဖြစ်သွားသည်။ ထိုစဉ် အရှေ့မြောက်တွင်အင်အား အကောင်းဆုံးဖြစ်နေသည့် CPB နှင့် လက်တွဲ လိုက်၍ ကျောထောက်နောက်ခံတခုရသွား သည်။ ထို့ပြင် CPB ထံမှလက်နက်ခဲယမ်းရုပ်ဝတ္ထုအကူ အညီရခဲ့သည်။
တစ်ချက်ခုတ်သုံးချက်ပြတ်ဖြစ်သည်။ KIA တည်ထောင်လာခဲ့သူ ထိပ်ပိုင်းခေါင်းဆောင်များ
ကျဆုံးချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြပ်အ
တည်းများကိုကျော်လွှားခဲ့သည်ဟုဆိုနိုင်သည်။ခရစ်ယန်ဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသည့် မရန်ဘရန်ဆိုင်းသည် ကွန်မြူနစ် ဝါဒအားသက်ဝင် ယုံကြည်ရန်မဖြစ်နိုင်ပေ။ သို့သော် သူဦးဆောင်ရ မည့်အဖွဲ့အစည်းအတွက် အသက်ရှုချောင်မည့် သင့်တော်သည့်လမ်းကို ဆုံးဖြတ်ရွေးချယ်နိုင်ခဲ့ဲသည်ဟုဆိုရပေမည်။
ဤသို့ဖြင့် KIA စတင်တည်ထောင်သော ခေါင်း ဆောင်များ ကျဆုံးသွားသော်လည်း ဥက္ကဌဘရန်ဆိုင်း၏ ခေါင်းဆောင်မှုအောက်တွင် KIA သည်
တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်ရပ်တည်နိုင်ခဲ့
သည်ဟုဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
photo.credit Mungdanla Wawhkyung