Friday, May 29, 2015

ပူတာအိုရှိ ကျေးရွာအချို့တွင် ကျွဲးနွားသေဆုံးမှုဖြစ်ပွားနေ


By Lachid Kachin
===================================
(Kachin wave)
ပူတာအိုခရိုင်ထရန်ဒမ်းကျေးရွာအုပ်စု နမ်ခမ်ကျေးရွာနှင့် ဆင်လွန်ဒမ်းကျေးရွာ(၂)တွင် ယခုနှစ်ဧပြီလမှ စတင်ပြီး ကျွဲး နွားများ သေးဆုံးလျှက်ရှိသည်ရှိကြောင်းသိရသည်။
၂၀၁၅ ဧပြီလဆန်းပိုင်းမှ ကျွဲနွားသေဆုံးမှုပြသနာ စတင်ခဲ့ပြီး ယခုမေလအထိ ကျွဲနွားပေါင် အကောင် (၆၀)ကျော်ပြီဖြစ်ကြောင်းလည်း ဆင်လွမ်ဒမ်း(၂) ကျေးရွာ ဒေသခံတစ်ဦးမှဆိုသည်။
“ရေထဲဆင်းပြီးသေတာများတယ်။
အစိုးရကလည်း ဆေးတော့ထိုးတယ်။ဒါပေမယ့်တစ်ချို့တွေ အပ်တစ်ချောင်းနဲ့ထိုးတဲ့အတွက် အထိုးမခံကြဘူး။ အင်လွယ်ယန်ဘက်မှာလည်း မြစ် နားမှာ ကျွဲးတွေဒီတိုင်းသေနေကြတယ်။ ” ဟု ဒေသခံတစ်ဦးမှဆိုသည်။
ထိုဒေသရှိဒေသခံများသည် အဆိုပါကျွဲနွားများကိုအသုံးပြုပြီး လယ်ယာမြေသာလုပ်ကိုင်စားသောက်ကြသည့် ဒေသခံများသာဖြစ်သည့်အတွက် လယ်ယာမြေလုပ်ကိုင်စားသောက်ချိန်တွင် ကျွဲးနွားမရှိတော့ကာ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်မည်ကိုစိုးရိမ်းနေကြာင်းလည်းသိရသည်။
ထိုဒေသတွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တွင်လည်း ယခုကဲ့သို့ကျွဲနွားသေဆုံးမှုပြသနာကြုံတွေ့ခဲ့သေးကြောင်း လည်းသိရသည်။
ပုံ။။ နမ်ခမ်ကျေးရွာနှင့် ဆင်လွန်ဒမ်းကျေးရွာ(၂)မှ ကျွဲးနွးများသေဆုံးနေပုံ။။