Sunday, May 10, 2015

နိုင်ငံတကာ ပံ့ပိုးမှုကိုလည်း အစိုးရက ထိန်းချုပ်ထားလိုက်တော့ ငတ်တလှည့် ပြတ်တလှည့်။ ၂၀၁၅ ဇွန်လ နောက်ပိုင်း ကူငွေက မရှိတော့။ ဒီလို လူပေါင်း ၁၂၀၀၀၀။

၂၀၁၁ မှာ စစ်စဖြစ်တော့ Father Paul Aung Dang နဲ့ ဗန်းမော်မှာ ပြောဖြစ်ကြတယ်။
Ba Ja, ndai majan gaw n law htum 3 ning na na re. Camp ni hpe greng greng di ga... တဲ့။
အမ.. ဒီစစ်ဟာ အနဲ ဆုံး ၃ နှစ်ကြာမယ်၊ ယာယီတဲတွေကို ခိုင်ခိုင်ခန့်ခန့် ဆောက်ရအောင်တဲ့။ အများတကာ တာပေါ်လင်တဲ ထိုးနေချိန်မှာ သူက ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုး အခန်းငယ်လေးတွေ စဆောက်တယ်။
ဒီနေ့... ၄ နှစ်ပြည့်ဖို့ တလ တိတိဘဲ လိုတော့တယ်။
တဲတွေ ကြမ်းပြင် ကျိုးနေပြီ၊ တချို့ ပြိုသွားပြီ။ အရင်ကလို ဒုက္ခသည်တွေအတွက် ဆိုပြီး လာရောက်လှူ ဒါန်းသူများ မရှိတော့ဘူး။ နိုင်ငံတကာ ပံ့ပိုးမှုကိုလည်း အစိုးရက ထိန်းချုပ်ထားလိုက်တော့ ငတ်တလှည့် ပြတ်တလှည့်။ ၂၀၁၅ ဇွန်လ နောက်ပိုင်း ကူငွေက မရှိတော့။ ဒီလို လူပေါင်း ၁၂၀၀၀၀။
သူတို့ မြေတွေကို သိမ်းယူနေကြပြီ။ နမ့်ဆန်ယာန်နားက မြေတွေဆိုရင် တရုတ်ကို တပ်မတော်က လုံခြုံရေးပေးပြီး ငှက်ပျောခြံတွေ ဖြစ်ကုန်ပြီ။ တချို့နေရာလည်း ရွှေတူးလို့ လိမ္မောခြံနေရာမှာ ကျောက်စရစ်ပုံ ဖြစ်သွားတာ ဒို့ရဲ့ လူငယ် Lavender Esther တို့ ရွာတောင် မကျန်တော့ဘူး။ လမ်းမဘေးမှာဘဲ အပြလောက်သာ ကျန်ပြီး ရွာထဲမှာတော့ ကျောက်ပုံတွေ။
တနေ့ကလည်း လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာ၊ ရော့ကက်နဲ့ ပစ်တာ Magreng နဲ့ နမ့်လင်းပါကြားက နာ့ဖဲခ ချောင်းနားမှာ ကျသတဲ့။ ဒါဆို ကျွန်မတို့ အိမ်အိုလေးကိုတောင် ထိလောက်တယ်။ ကျွန်မတို့ အိမ်လေးက နမ့်လင်းပါရွာ၊ နာ့ဖဲခ ချောင်းကမ်းပါးလေးမှာ။
အပစ်အခတ်ရပ်စဲရေး လုပ်ပြီးသလိုလိုနဲ့ ကမ္ဘာကိုတောင် အူကြောင်ကြောင်ဖြတ်အောင် လိမ်တတ်တဲ့ အစိုးရက တဖက်မှ ရေအေးအေးလေး သောက်ပြပြီး တဖက်က သူ့တပ်မတော်က လေယာဉ်နဲ့ ဗုံးကြဲလို့ကောင်းတုန်း။

အိုဘယ့်မြန်မာ။။။
နိုင်ငံတကာ ပံ့ပိုးမှုကိုလည်း အစိုးရက ထိန်းချုပ်ထားလိုက်တော့ ငတ်တလှည့် ပြတ်တလှည့်။ ၂၀၁၅ ဇွန်လ နောက်ပိုင်း ကူငွေက မရှိတော့။ ဒီလို လူပေါင်း ၁၂၀၀၀၀။