Thursday, July 17, 2014

တစ်နှစ်နီးပါး တိုက်ပွဲများ ရပ်တန့် နေခဲ့သော ဖားကန့် ဒေသ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

တိုက်ပွဲများ ဖြစ်ပွားမှု ရပ်တန့် နေခဲ့သော ဖားကန့် ဒေသ တွင် ဇူလိုင် (၁၆)ရက် မနေ့ က မနက်ပိုင်း ( ၉း၀၀)နာရီခန့် တွင် ဥရု ဆိုင်းတောင် - ဂွေခါ ကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက် မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်းသိရသည်။ ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့ ဝင်များ စခန်းချထားရာ ဂွေခါ ကျေးရွာ အနီးသို့  တပ်ရင်းနာမည် အတိအကျ မသိရသေးသော အစိုးရတပ် အင်အား (၅၀) ခန့်  ၀င်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရတပ်ဘက်မှ (၁)ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ ဒဏ်ရာရရှိသူများအား ယခုအခါ ဖားကန့် ဆေးရုံသို့  ပို့ ဆောင်ထားကြောင်း ထပ်မံသိရသည်။ 
တိုက်ပွဲများ အတန်ကြာ ရပ်တန့် နေခဲ့ရာမှ ယခု ပထမဆုံး အကြိမ် ပြန်လည်ဖြစ်ပွားခြင်းဖြစ်ပြီး အစိုးရ စစ်ကြောင်း များ ယခုရက်ပိုင်း အတွင်း သိသိသာသာ လှုပ်ရှားမှု များပြားလာနေရာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာနိုင်ကြောင်း ကေအိုင်အေ အရာရှိများ ပြောသည်။