Thursday, July 31, 2014

လူငယ်(၁)ဦးကို ဗမာစစ်တပ်မှ ပစ်သတ် ကာ ၄င်း၏ ပစ္စည်းများ လုယူသွား



Shd Brang Nan Hpe Myen Ni Gap Sat
===========================
(By-Lachid Kachin)
ရှမ်းပြည် နယ်မြောက် ပိုင်း၊ကွတ်ခိုင်ရှိ ဂါလိုင် IDP camp မှ (၁၆) နှစ်
အရွယ် လူငယ် တစ်ဦးအား ပြောင်းဖူးခင်း တွင် အလုပ်လုပ်နေစဉ်
ဗမာ စစ်တပ် မှ (၂၈.၇.၂၀၁၄)ရက်နေ့ ၌ ပစ်သတ် သွားကြောင်း
သိရှိရပါသည်။
ကွတ်ခိုင်ရှိ ဂါလိုင် IDP camp မှ အသက် (၁၆) နှစ် အရွယ် မောင်
မိတုံဘရန်နန်သည် ဂါလိုင် စစ်ပြေးဒုက္ခသည်စခန်းမှ (၄၅)မိနစ် ခန့်
သွားရ သော လွယ်ငေါမ်းရွာ ကုန်းစုန်ဘွမ်ပြောင်းဖူး ခင်း၌ အလုပ်
လုပ်နေစဉ် (၂၈.၇.၂၀၁၄) ရက်နေ့ (၁း၀၀)နာရီ အချိန် ခန့်တွင် မြန်မာ
စစ်တပ် (ခလရ - ၅၂၂, ၂၄၁, ၉၉ )တပ် တို့ ရောက်ရှိ လာ ပြီး
မောင်မိတုံဘရန်နန်အား ပစ် သတ်သွားခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
ထို့ နောက် မြန်မာ စစ်သားများသည် ၄င်းကျည်ဆံထိမှန်သေဆုံးသွား
သော မောင်ဘရန်နန် စီးထားသော ဖိနပ် ကို ပါ ချွတ် ယူသွား သည့်
အပြင် မောင်ဘရန်နန် ၏ ယာတည်း ထဲမှ ဆန် (၁၀)ပြည်၊ ကုလားပဲ
(၅)ပြည် နှင့် ၄င်းမွေး ထားသော ကြက် (၄) ကောင်တို့ ကို လည်း
မြန်မာ စစ်တပ် မှ ဖမ်းယူသွားကြောင်း ကို လည်း မောင်ဘရန်နန်
၏ရုပ် အလောင်းအား သွားရောက်သဂြိုလ် သူများထံမှ သတင်းရရှိ
ပါသည်။
ကျန်ရှိ သော မောင်မိတုံဘရန်နန် ၏ ရုပ် အလောင်းအား (၃၀.၇.
၂၀၁၄) ရက်နေ့ တွင် ဂါလိုင် စစ်ပြေးဒုက္ခသည်စခန်း မှသွားရောက်
သဂြိုလ် လိုက်ပြီဖြစ် ကြောင်း သိရှိရ ပါသည်။
Lahta Sam Mung Kutkai Galeng Hpyenyan Dabang kaw na sha dang sha langai hpe myen hpyen ni mara ka ta gap sat kau ya ai lam na chye lu ai. N dai sha dang sha hpe gap sat ai Myen Hpyen dap ni gaw (ခလရ - ၅၂၂, ၂၄၁, ၉၉ )dap ni rai nna Gap sat hkrum ai sha dang sha a mying gaw asak (16) ning re Mitung Brang Nan ngu ai jinghpaw sha dang sha re lam matut chye lu ai.
Gap sat hkrum ai sha ra gaw gaw 28.7.2014 shani (1:00)pm aten Lahta Sam Mung Kuthkai, Galeng mare.loi lang yang kaw Hkai nu yi sa ai shaloi byin ai relam chye lu ai.Loi Ngawm mare, kawng sung bum de hkai nu sun kaw re lam,dai sha ra gaw,Galeng kaw na minute 45 ram sa ra ai shara kaw re lam chye lu ai.
Myen hpyen ni gaw Shd Brang Nan hpe gap sat kau nna shi din da ai shi a gyep din hpe mung raw la mat wa ai sha n ga yi wa kaw na N Gu bye (10)? Sha pe bye (5) hteyi kaw rem da ai U (4) hpe mung rim la mat ai lam matut chye lu ai.
Gap sat hkrum ai Shd Sha Myitung Brang Nan a moi mang hpe gaw (30.7.2014)ya sha ni Kuthkai ,Galeng Hpyenyen dabang kaw na a tsawm sha sa makoi mayang kau sai lam chye lu ai.