Jinghpaw Wunpawng Amyu Sha Hpung (KNO) a Ningbaw Duwa Bawmwang La Raw kaw nna, Jinghpaw Wunpawng Amyu Sha ni hte Myen mung kaw nga ai amyu baw sang ni hpang de, Rap ra ai Federal munghpawm mungdan kaw rau nga lu na matu ngu ai lam hte seng nna ningmu jaw, tang madun ai lam.
RAP RA AI FEDERAL MUNGHPAWM MUNGDAN KAW RAU NGA LU NA MATU
Anhte Myen mung kaw nga ai amyu bawsang shagu gaw, rap ra ai Federal munghpawm mungdan gaw de nna nga lu na matu gaw:
1) Rap ra ai ahkaw ahkang nga ra ai.
2) Jinghpaw Wunpawng Amyu sha ni (Kachin) a npu kaw , myen hte kaga amyu ni nmai nga ai zawn, myen ni a npu kaw mung kaga amyu ni kadai mung nmai nga ai. Ndai zawn tara rap ra ai hte ahkaw ahkang garan nna nga ai masa lam yan gaw, Federal mung masa lam yan re ai.
3) Madu a lamu a ga hpe madu amyu ni up hkang lu ai ahkaw ahkang re ai. Dai majaw Federalism hte gaw gap ai Mungdan, masa lam yan byin hkra, mung masa jahkrup la ra ai.
4) UNFC hpung hte KIO ni myen asuya hte bawngban ai shaloi, Federal mung masa rai ra ai lam hpe, hprut hprut bawngban ra ai. Ndai zawn bawngban ai lam gaw, hpyi shawn ai nre sha, lahkawng maga Federal Mung masa hpe kaja wa galaw ra sai lam hpe, lu galaw na matu, shada da jahkrup ai mung masa bawngban ai lam rai ra ai.
5) KIO kasa ni hte Myen asuya kasa ni bawngban ai lam hta, majan byin nga ai shara shawng shazim la lu hkra, lahkawng maga shakut ra ai lam jawm tsun ai hpe mu ai. Shawng lam majan gasat nga ai shara ni kaw nzim nga ai majaw, majan byin ai lam nre. Lahkawng maga ra sharawng ai mung masa ahkaw ahkang nbung ai majaw byin ai majan re. Dai majaw lahkawng maga bawngban ra ai lam gaw, mung masa ahkaw ahkang lam re ai.
6) Jinghpaw Wunpawng amyu sha ni lata ra ai lam gaw:
a. Myen hte kaga amyu bawsang ni hte rau jawm nga na nga yang, rap ra ai mung masa ahkaw ahkang rai ra ai.
b. Rap ra ai ahkaw ahkang nnga yang gaw, anhte amyu ni gaw tsepkawp laksan shanglawt lu ai amyu, mungdan rai ra ai.Ndai lam yan kaw, myen asuya hte tawk hprut asan sha bawngban ra ai lam re.
7) Amyu bawsang shada da, sinat wan yam hte majan gasat nna, ngwi pyaw ai munghpawm mungdan gara hku mung nmai gaw ai. Dai majaw shada da majan gasat na masing hpe tsep kawp lahkawng maga nmai myit ai.
8) Ndai mung masa bawngban ai lam hta, kadai wa hpe mung, hkrit kamyin na lam nnga ai. Kaja wa byin ra nga ai lam hpe hkrak hkrak tsun shaga bawngban ra ai.
9) Myen amyu masha ni nan mung, simsa ngwi pyaw ai mungdan gaw sharawt nna, nga mayu sai lam hpe hkrak sha mu lu ai.
10) Mungdan simsa ngwi pyaw na matu gaw, rapra ai mung masa ahkaw ahkang hpe, mai galaw lu ai mung masa lam yan rai ra ai. Dai majaw rapra ai mung masa lam yan hpe lu la na matu, lahkawng maga myit hpraw san ai hte ndai Federal lam yan hta bawngban jahkrup la ra ai lam rai nga ai.
Duwa Bawmwang Laraw
Ningbaw
Kachin National Council (KNC)
Kachin National Organization (KNO)
----------------------------------------------------------------------------------------
ကချင်အမျိုးသား အစည်းအရုံး (KNO) ဥကဌ ဒူဝါ ဘောမ်ဝမ် လရော်မှ ကချင်တစ်မျိုးသားလုံးနှင့်
မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားလူမျိုးအားလုံးထံသို့ တရားမျှတသော ဖယ်ဒရယ်
ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွနေထိုင်နိုင်ရန် ခေါင်းစဉ်ဖြင့် အမြင်တင်သွင်းတင်ပြခြင်း
--------------------------------------------------------------------------------------------

တရားမျှတသော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွနေထိုင်နိုင်ရန်
ကျွန်တော်တို့ မြန်မာနိုင်ငံ၌ နေထိုင်ကျသော တိုင်းရင်းသားများအားလုံး တရားမျှတသော ဖယ်ဒရယ်
ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွ နေထိုင်နိုင်ရန်မှာ -
ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွ နေထိုင်နိုင်ရန်မှာ -
(၁) တရားမျှတသော အခွင့်အရေး ရှိရမည်။
(၂)ကချင်လူမျိုးများ လက်အောက်တွင် ဗမာနှင့် အခြားတိုင်းရင်းသားများ နေထိုင်ရန် မဖြစ်နိုင်သလို
ဗမာလူမျိုးများ လက်အောက်တွင်လည်း အခြားမည်သည့် လူမျိုးမှနေထိုင်ရန် မဖြစ်နိုင်ပါ။ တရားမျှတပြီး
တန်းတူအခွင့်အရေး ရရှိခြင်းသည် ဖယ်ဒရယ်စနစ် ပင်ဖြစ်သည်။
ဗမာလူမျိုးများ လက်အောက်တွင်လည်း အခြားမည်သည့် လူမျိုးမှနေထိုင်ရန် မဖြစ်နိုင်ပါ။ တရားမျှတပြီး
တန်းတူအခွင့်အရေး ရရှိခြင်းသည် ဖယ်ဒရယ်စနစ် ပင်ဖြစ်သည်။
(၃)မိမိနယ်မြေကို မိမိလူမျိုးကိုယ်တိုင် အုပ်ချုပ်နိုင်သည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် ဖယ်ဒရယ်စနစ်ဖြင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ရန်နှင့် ဖယ်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန် နိုင်ငံရေး ဆွေးနွေးရမည်။
(၄)တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)သည်
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖယ်ဒရယ်နိုင်ငံရေးကိုသာ ပြတ်ပြတ်သားသား ဆွေးနွေးရမည်။ ယခုကဲ့သို့ ဆွေးနွေးခြင်းသည် တောင်းဆိုခြင်းမျိုး မဟုတ်ဘဲ နှစ်ဘက်စလုံးမှ ဖယ်ဒရယ် နိုင်ငံရေးကို အမှန်တကယ် ဖော်ဆောင်ရန်နှင့် လုပ်ဆောင်နိုင်ရန် တွေ့ဆုံသော ဆွေးနွေးပွဲ ဖြစ်ရမည်။

(၅)KIO နှင့် မြန်မာအစိုးရ ဆွေးနွေးချက်တွင် စစ်ဆက်လက် ဖြစ်ပွားနေသော နေရာများ၌
စစ်ငြိမ်းနိုင်ရန် နှစ်ဘက်မှ ကြိုးပမ်းရမည့်အကြောင်း တွေ့ရသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်
မငြိမ်မသက်ဖြစ်နေခြင်းကြောင့် စစ်ဖြစ်နေခြင်းမဟုတ်ပါ။ နှစ်ဘက်မှ လိုချင်သော နိုင်ငံရေး
အခွင့်အရေး မတူညီခြင်းကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့ကြောင့်
နှစ်ဘက်စလုံး တွေ့ဆုံဆွေးနွေးရမည့်အချက်မှာ နိုင်ငံရေးအခွင့်အရေးပင် ဖြစ်သည်။

(၆)ကချင်တစ်မျိုးသားလုံး ရွှေးချယ်ရမည့် အချက်မှာ -
(က) ဗမာနှင့် အခြားတိုင်းရင်းသားများနှင့် အတူနေထိုင်မည်ဆိုလျင် တရားမျှတမှုရှိသော
နိုင်ငံရေး အခွင့်အရေး ရှိရမည်။
(ခ) တရားမျှတသော အခွင့်အရေးမရရှိလျင် ကချင်လူမျိုးများသည် သီးခြားလွတ်လပ်သော
လူမျိုး၊ လွတ်လပ်သော နိုင်ငံတွင်နေထိုင်ရမည်။
(၇) တိုင်းရင်းသားများအချင်းချင်း လက်နက်ကိုင်၍ ပဍိပက္ခဖြေရှင်းခြင်းသည် အေးချမ်းသာယာ
သောနိုင်ငံကို တည်ဆောက်နိုင်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် လက်နက်ကိုင် ဖြေရှင်းနည်းကို
နှစ်ဘက်စလုံးမှ လုံးဝ မစဉ်းစားသင့်ပါ။
သောနိုင်ငံကို တည်ဆောက်နိုင်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် လက်နက်ကိုင် ဖြေရှင်းနည်းကို
နှစ်ဘက်စလုံးမှ လုံးဝ မစဉ်းစားသင့်ပါ။
(၈) နိုင်ငံရေးဆွေးနွေးမှုတွင် မည်သူကိုမျှ ကြောက်ရွံ့နေစရာမလိုပါ။ အမှန်တကယ်ဖြစ်သင့်သော
အချက်များကို တိတိကျကျ ပြောဆိုဆွေးနွေးရမည်။
အချက်များကို တိတိကျကျ ပြောဆိုဆွေးနွေးရမည်။
(၉) ဗမာလူမျိုးများကိုယ်၌လည်း အေးချမ်းသာယာသောနိုင်ငံကို တည်ထောင်လိုချင်စိတ် ရှိနေကြောင်းကို
ဧကန်အမှန်တွေ့ရှိရသည်။
ဧကန်အမှန်တွေ့ရှိရသည်။
(၁၀) နိုင်ငံအေးချမ်းသာယာဖို့ရန်အတွက် တရားမျှတမှုရှိသော နိုင်ငံရေးအခွင့်အရေးများ ရရှိအောင်
လုပ်ဆောင်နိုင်သော နိုင်ငံရေးဖြစ်ရမည်။ ထို့ကြောင့် တရားမျှတမှုရှိသော နိုင်ငံရေးဖြစ်အောင် နှစ်ဘက်မှ စိတ်နှလုံး ဖြူဖြူစင်စင်ဖြင့် ဖယ်ဒရယ်စနစ်ကို အခြေခံ၍ ဆွေးနွေးဖို့ရန် ဖြစ်သည်။
လုပ်ဆောင်နိုင်သော နိုင်ငံရေးဖြစ်ရမည်။ ထို့ကြောင့် တရားမျှတမှုရှိသော နိုင်ငံရေးဖြစ်အောင် နှစ်ဘက်မှ စိတ်နှလုံး ဖြူဖြူစင်စင်ဖြင့် ဖယ်ဒရယ်စနစ်ကို အခြေခံ၍ ဆွေးနွေးဖို့ရန် ဖြစ်သည်။
ဒူဝါ ဘောမ်ဝမ်လရော်
ဥကဌ
ကချင်အမျိုးသား ကောင်စီ (KNC)
ကချင်းအမျိုးသား အစည်းအရုံး (KNO)