Monday, July 7, 2014

ကချင်တွေဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာ ဟိုးပဝေဏသီတည်းကပါ၊

By Facebook
Kachin News
· 
ကချင်စစ်သည် ငါးသောင်း(တရားဝင်)ရှိပါတယ်၊ စစ်ဖြစ်ခါစမှာပါ၊ ခုတော့ (တရားဝင်စရင်းမဟုတ်) ရှစ်သောင်းကျော်ပြီလို့ နားစွန်နားဖျားကြားသိရပါတယ်၊ ကချင်ပြည်ရဲ့ အရှေ့ အနောက် တောင် မြောက်မှာတင် ကေအိုင်အေတပ်တွေ ရှိတာမဟုတ်ပါ၊ သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ တခုတည်းမှာတင် စစ်သည် တသောင်းဝန်းကျင်ရှိပါတယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း ကေအိုင်အေ တပ်တွေရှိပါတယ်၊ လက်နက်အမျိုးအစား အတော်အသင့် ထုတ်နေတဲ့ စက်ရုံတွေလည်းရှိပါတယ်၊ ၂၀၀၀ ခုနှစ်လောက်တည်းကနေ ပညာတော်သင်လွှတ်ထားတာဟာ ယခုဆို နိုင်ငံတနိုင်ငံအတွက် လိုအပ်တဲ့ ပညာရှင်တွေ အလုံအလောက်ရှိပါပြီ၊ ဆက်ပြီးတော့လည်း ပညာရေးအတွက် ဆွမ်းဆောင်နေစဲပါ၊ နိုင်ငံအတွက် လိုအပ်တဲ့ ငွေကြေးကတော့ ကမ္ဘာ့ဘဏ်ကနေ ချေးယူလို့ရပါတယ်၊ ကျောက်စိမ်းကောင်း ၁၀လုံးလောက် ရရင်ပဲ ကချင်ပြည်ကို ကောင်းကောင်းတည်ဆောက်နိုင်ပါပြီ ပင်လယ်ရေထွက်ကလွှဲပြီး သယံဇာတ ပေါ်ကြွယ်ဝတဲ့ ကချင်ပြည် ခဏလေးနဲ့ ချမ်းသာတဲ့ နိုင်ငံဖြစ်လာမှာပါ၊ အဓိကတော့ ပညာရေး ကျမ္မာရေး တွေပါပဲ ကျန်တာသူ့ဟာနဲ့သူဖြစ်သွားလိမ့်မယ်၊ ကချင်တွေဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာ ဟိုးပဝေဏသီတည်းကပါ၊
‪#‎Naw‬ Kareng
photo Duwa Kachin
LikeLike ·  ·  · 2125