Tuesday, July 29, 2014

လိုင်ဇာညီလာခံသို့ ကုလနှင့် တရုတ်အထူး ကိုယ်စားလှယ်များတက်ရောက်


Laiza Zuphpawng de Miwa Gumsan mung na dat kasa hte UN de na dat kasa ni sadu shang lawm
==================
(by-Kachinwave)

လိုင်ဇာညီလာခံ တတိယ နေ့ မွန်းလွဲ ပိုင်းတွင် ကု လ နှင့် တရုတ်အထူးကိုယ်စားလှယ်များ တက်ရောက်လာခဲ့ပြီး အဖွင့်အမှာစကားများ ပြောသွားကြသည်။
ကုလ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ နမ်ဘီးယား နှင့် အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်ကိုယ်စားလှယ်အဖြစ် ယခင် ကိုယ်စားလှယ် မစ္စတာ ၀မ်ယိန်ဖန်း မတက်ရောက်နိုင်သည့်အတွက် မစ္စတာ တန်ယန်( မြန်မာအမည် ထွန်းလွင်) တို့အဖွဲ့ တက်ရောက်ခဲ့ကြသည်။
ကုလသမ္မဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှလည်း မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့ ရှေ့ရေးဟာ ဒီဆွေးနွေးပွဲကနေ အကောင်းဆုံးဖြစ်လာနိုင်ဖို့မျှော်လင့်ကြောင်း ညီလာခံသို့ သ၀ဏ်လွာပေးပို့ခဲ့သည်။
အခြားနိုင်ငံများနှင့် နှိုင်းယှဉ် ရင် မြန်မာနိုင်ငံသည် နှေးကွေး နောက်ကျနေပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံတည်ငြိမ်အေးချမ်းမှ ရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် ပဌိပက္ခကို မဖြေရှင်းနိုင်သေး ပဲ စီးပွားရေး တိုးတက်မှု နည်းကွေးနေကြောင်း တရုတ်အထူးကိုယ်စားလှယ်မှ မြန်မာဘာသာစကားဖြင့် ပြောကြားသွား သည်။
နှစ်ဖက်ကိုယ်စားလှယ်များမှ တိုင်းရင်းသားများအား လိုအပ်သည့်အကူအညီများကို ပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ညီလာခံ တတိယနေ့ ယနေ့ တွင် အပစ်ရပ်မူကြမ်း မှ အခန်း (၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ခေါင်းစဉ်အား ဆွေးနွေးနေပြီဖြစ်သည်။
ပုံ ။။ လိုင်ဇာညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်နှစ်ဦး
LikeLike ·  ·