Sunday, July 20, 2014

လူမျိုးခွဲခြား သတ်မှတ်ခြင်း

+ လူမျိုးခွဲခြား သတ်မှတ်ခြင်း +
ဗမာပြည်မှာ လူမျိုးကြီး ၈ မျိုးရှိသည် ။ ဒီလူမျိုးတွေကတော့ ကချင် ၊ ကရင် ၊ ကရင်နီ ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း လူမျိုးများ ဖြစ်ကြသည် ။ ဒီလူမျိုးကြီးတွေဟာ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရန်အတွက် လွတ်လပ်ရေးရပြီးတည်းက ယနေ့အချိန်ထိ ကြိုးစားနေဆဲဖြစ်သော်လည်း စစ်အစိုးရ နင့် မဟာဗမာလူမျိုးကြီးများက ဒီလိုမျိုးတန်းတူ အခွင့်အရေးကို လက်မခံကြဘူး ။ အုပ်ချူပ်ပိုင်ခွင် အာဏာ ပေးရမှာကို လုံးဝလက်မခံကြဘူး ။ အဲ့ဒါကြောင့် ဒီလိုမျိုးမဖြစ်အောင်ဆိုပြီး မြန်မာပြည်မှာ လူမျိုးပေါင်း ၁၃၅ ရှိတယ်ဆိုပြီး ပြောကြခြင်းဖြစ်သည် ။ သူတို့ရဲ့ လမ်းစဉ်က ဒီလိုလူမျိုး ၁၃၅ ရှိခိုင်းမည် ၊ ဗမာပြည်လို နိုင်ငံမှာ ပြည်နယ် ၁၃၅ ပေးမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုပြီးီးလိုသတ်မှတ်ပေးခြင်းအားဖြင့် ဒီလိုလူမျိုးများက စည်းလုံးမှုမရှိကြဘဲ ပြည်နယ် တစ်ခု မတည်ထောင်နိုင်အောင် ဆိုပြီး သူတို့ အုပ်ချူပ်ဖို့လွယ်အောင် ဆိုတဲ့ နည်းဗျူဟာကို သုံးနေသည် ။ ဒါတွေကို မသိကြသောလူမျိုးတိုင်းမှာ လူမျိုးရေးပြသာနာ ဖြစ်နေရသည် ။ အဲ့ဒါကြောင့် ကျနော်တော့ လူမျိုးလည်း ပပျောက်အောင်ကြံရွယ်နေတဲ့ မဟာလူမျိုးကြီးတွေဝါးမျိုခြင်း မခံရလေအောင် ၊ ထောင်ချောက်ထဲမကျရအောင် အထူးသတိထားဖို့ လိုအပ်ပေသည် ။.....
ဒါတွေကို ကြည့်ခြင်းအားဖြင့် ချင်းလူမျိုးများက တစ်ခြားလူမျိုးနည်းတူ ဗမာပြည်ထောင်စု စတင် တည်ထောင်တဲ့ အချိန်မှာ ချင်းလူမျိုးများအနေနဲ့ စတင်တည်ထောင်ခဲ့ပြီး ပါဝင်ခဲ့ပါသည် ။ ...................နောက်ဆက် ဖော်ပြပေးပါမည် ။
LikeLike ·