Friday, July 4, 2014

သူဌေးနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံ သားတွေ..


ထိုင်းနိုင်ငံက ရဲ နဲ့ စစ်သားတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေရတဲ့ မြန်မာနိုင်ငံသားများရဲ့ သတင်း ဓါတ်ပုံတွေကို ကြည့်ပြီး ဒူဝါ လဲ စိတ်မကောင်း ဖြစ်မိပါတယ်။

တဖက်မှာလဲ လွတ်တော်ထဲမှာ နျူကလီးယား နည်းပညာ ကို ဒီထက် ပို ကောင်းအောင် လုပ်သင့်တယ် ဆိုပြီး အဆိုတင်သွင်းတဲ့ လွတ်တော်အမတ်လဲ ရှိနေသေးတယ်။

မြန်မာသံရုံးက ထုတ်တဲ့ ကြေငြာစာ ဆိုတာကလဲ လက်ရေးမူနဲ့ပါ ကွန်ပြူတာခေတ်ရောက်နေတာတောင် မသုံးကြဘူး။

ကျောက်မျက်ပြပွဲက ဒေါ်လာ သန်းထောင်ချီ ရောင်းရတယ် ဆိုတဲ့ သတင်းလဲ မကြာခဏ ထွက်လာတတ် ပါတယ်။

ဧရာဝတီ မြစ်ပေါ်က ဆည်ကြီးမဖြစ်တော့ သံလွင်မြစ်ကို ရောင်းရပြန်သတဲ့။ ရခိုင်ကမ်းမြောင်ဒေသက ဓါတ်ငွေ့ပိုက်လိုင်းကလဲ မြန်မာပြည်အလယ်တည့်တည့်က ဖြတ်သွားသေးတယ်။

လက်ပံတောင်းတောင်မှာ သမိုင်းဝင် စေတီတောင်မချန် ရောင်းပြန်သတဲ့။

လုပ်ငန်းရှင်ကြီးတွေက နိုင်ငံတော်ရဲ့ စီးပွါးရေး မြင့်တင်ဖို့ လယ်မြေတွေသိမ်း၊ စက်မှုဇုံတွေလုပ်၊ မြို့ပြသစ်တွေဆောက် လုပ်နေပါသတဲ့။ စစ်တပ်ကလဲ မြန်မာ့ စီးပွါးရေး ကုမ္မဏီ (ဦးပိုင်) လီမိတက် ဆိုပြီး သိမ်းလိုက်တဲ့ မြေတွေ ဆင်းရဲသားတွေ လုပ်ဖို့မြေတောင် မကျန်တော့ပါ။

ဒါနဲ့....

ဒီလို သူဌေးနိုင်ငံမှာ နေတဲ့ နိုင်ငံသားတွေ...

ထိုင်း နိုင်ငံ ဆိုတာ ရေ တောင် ကောင်းကောင်း ရတာ မဟုတ်... ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသ မှာ ထွက်တဲ့ ရေ တောင် ဆားငန်ရေ... စိုက်ပျိုးမြေ မကောင်းဘူး။ ပင်လယ်ထွက်ပေါက်က မာလကာ ရေလက်ကြားကို ဖြတ်ဖို့တောင် တကွေ့တပိုက် သွားရတယ်။ လာအိုနိုင်ငံက ရေအား လျှပ်စစ်မီး ၀ယ်သုံးရတယ်။ မြန်မာပြည်က ဂစ် ၀ယ်သုံးရတယ်။

ဒါပေမယ့် မြန်မာနိုင်ငံသားတွေက အဲလို နိုင်ငံကို ကျွန်သွားခံရပါသတဲ့။

အဲလေ.. သူတို့မှာက တနိုင်ငံလုံး တောင်ကြို တောင်ကြားမကျန် မီး၊ ရေ မပျက်ဘူး။ လမ်းကောင်းတယ်။ ငွေကြေးခိုင်မာတယ်။ ဗဟိုချုပ်ကိုင်မှု စနစ် လုံးဝ လျှော့ချထားတယ်။ ကျန်းမာရေး စောင့်လျှောက်မှု စနစ် ရှိတယ်။ ပညာရေးမှာ နိုင်ငံ့ ဘဏ္ဍာငွေ အများကြီး သုံးတယ်။ အိမ်သာ ကောင်းကောင်းတွေ ရှိတယ်။ လုပ်ငန်း ကိုင်ငန်းတွေရှိတယ်။

အဲဒါ ဘာလို့လဲသိလား.. မြန်မာပြည်အစိုးရ လို အထက်အောက် ခိုင်းစေ စနစ် မဟုတ်ဘူး.. အောက်က အထက်ကို တက်လာတဲ့ အစိုးရ စနစ် ဖြစ်နေတာ ကြာလှပါပြီကော.. အဲဒါ... တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ပြောပြောနေတဲ့ စနစ် တွေပါ။
 (4 photos)