Friday, October 31, 2014

ကမ္ဘာကျော်လီဒိုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုထား


==================================================
ရန်ကုန်၊ အောက်တိုဘာ ၂၉
ကမ္ဘာ ကျော် လီဒိုလမ်းမကြီးကို လေးလမ်း သွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် ပြည် တွင်းရှိ မြောက်ပိုင်း တော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်မိန်ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ BOT စနစ် ဖြင့် လုပ်ကိုင်ရန် ကမ်းလှမ်းထားချက် အားစစ်ဆေးနေပြီး မူဝါဒနှင့်ကိုက်ညီ ပါက လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောသည်။
အောက်တိုဘာ ၂၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဆွေ၏ လီဒိုလမ်းမကြီး အား အဆင့်မြှင့်တင်သွားရန် အစီအ စဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယင်းကဲ့သို့ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
''မြစ်ကြီးနား-နမ္မတီး-တနိုင်း- ပန်ဆောင်-လီဒိုလမ်းမကြီးကို အ ဆင့်မြှင့်တင် လုပ်ဆောင်သွားရန်အ တွက် အိန္ဒိယအစိုးရအဖွဲ့မှလည်း ကောင်း၊ မြောက်ပိုင်းတော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီလီမိတက်မှ တရုတ် နိုင်ငံ ထိန်မိန်ဆောက်လုပ်ရေးကုမ္ပ ဏီနှင့်ပူးပေါင်း၍လည်းကောင်း ကွင်း ဆင်းစစ်ဆေးပြီး အဆင့်မြှင့်တင်ရန် လေ့လာဆောင်ရွက်လျက်ရှိပါတယ်။
မြောက်ပိုင်း တော်ဝင်ကျောက်စိမ်းနဂါးကုမ္ပဏီလီမိတက်နဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့မှာရှိတဲ့ ထိန်မိန်လမ်းဖောက်လုပ်ရေးကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းပြီး မြစ်ကြီးနား- နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း မကြီးကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းအား စီမံကိန်းအဖြစ်ရင်း နှီးမြှုပ်နှံပြီး ဘီအိုတီစနစ်ဖြင့်ဆောင် ရွက်လိုကြောင်း ဘီအိုတီမူဝါဒ ၂၁ ချက်နဲ့အညီ တင်ပြလာပါတယ်။
အဆို ပါတင်ပြချက်ကို အသေးစိတ်စစ်ဆေး ပြီး မူဝါဒနှင့်ကိုက်ညီပါက ၄င်း ကုမ္ပဏီကို ဘီအိုတီစနစ်ဖြင့်ဆောင်ရွက် ခွင့်ပြုမှာဖြစ်ပါတယ်''ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က လွှတ်တော်အတွင်းပြော သည်။
ယင်းလီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ က အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ လီဒို မြို့မှ ဟူးကောင်းတောင်ကြား၊ ပန် ဆောင်တောင်ကြားတွေကို ဖြတ်သန်း ပြီး လီဒို-ပန်ဆောင်-တနိုင်း-နမ္မတီး မှတစ်ဆင့် ကချင်ပြည်နယ် မြစ်ကြီး နားမြို့အထိ မြန်မာပြည်အတွင်း ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်ပြီး ယင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့အထိ ပေါက်ရောက်သော မိုင်ပေါင်း ၁ဝ၇၉မိုင်အထိ ရှည်လျား သည့် လမ်းမကြီးဖြစ်သည်။
၁၉၄၂ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတင် ဖောက်လုပ်စဉ်က ယင်းလမ်မကြီးကို ဦးစီးကွပ်ကဲခဲ့သူ အိန္ဒိယ-မြန်မာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချုပ် အမေရိကန်စစ်ဗိုလ်ချုပ် စတီးဝဲလ် ကို ဂုဏ်ပြုကာ စတီးဝဲလ်လမ်းမကြီး အဖြစ်လည်းကောင်း၊ နောင်တွင်လီဒို လမ်းမကြီးအဖြစ်လည်းကောင်း ခေါ် တွင်ခဲ့ပြီး ၁၉၄၅ခုနှစ်တွင် လုပ်ငန်း ပြီးစီးခဲ့သည်။
လီဒိုလမ်းမကြီး ဖောက်လုပ်စဉ် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့သည်ဟု ယင်းအချိန်က ဗြိတိသျှနိုင်ငံခြားရေး ရုံးမှ ထုတ်ပြန်ခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဖောက် လုပ်ခဲ့သည့် ယင်းလမ်းမကြီးသည် အမေရိကန် မဟာမိတ်တပ်များအ တွက် အသုံးဝင်ခဲ့သည့် လမ်းမကြီး ဖြစ်ခြင်း၊ လမ်းမကြီးဖောက်လုပ်စဉ် အခက်အခဲများနှင့် ချွေးတပ်သား များစွာသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ကြောင့် ကမ္ဘာကျော်ခဲ့သည်။
ယခင်က ယင်းလီဒိုလမ်းမကြီး ကို ပြန်လည်အဆင်မြှင့်တင် လုပ် ဆောင်ရန် လီဒိုဟိုင်းဝေးဆောက် လုပ်ရေးလုပ်ငန်းမှ ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုခဲ့သော် လည်း ယင်းလီဒိုဆောက်လုပ်ရေး လုပ်ငန်းစုသည် စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၂ဝ၁၄ခုနှစ် သြဂုတ် ၂ဝ ရက်မှ စတင်ကာ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းပြန်လည် လွှဲယူခဲ့သည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။
ယင်းလီဒိုလမ်းမကြီး လွယ်ကူ စွာသွားလာနိုင်ရေး အဆင့်မြှင့်တင် ခြင်းဆောင်ရွက်နိုင်ပါက တရုတ်- မြန်မာ-အိန္ဒိယ သုံးနိုင်ငံကုန်သွယ် ခြင်းလုပ်ငန်းနှင့် မဟာဗျူဟာကျ သည့် လမ်းမကြီးအဖြစ် အသုံးချနိုင် ဖွယ်ရှိနေကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)