Saturday, October 18, 2014

ဖားကန့် ဒေသ စစ်ရေးတင်းမာမှု နောက်ဆုံးရသတင်းနဲ့  NLD ထိုးစစ်မပြုလုပ်ရေး ဆန္ဒဖော်ထုတ်မှုအကြောင်း...။

Kayin Lay

===================================
ဗိုလ်ချုပ်ကြီးစိုးဝင်း၏အမိန့် ဖြင့် ရင်း(၆)ကို ထိုးစစ်ဆင်ရန် တာဆူလျက်ရှိသည့် တပ်မ (၆၆)လက်အောက်ခံတပ်များဖြစ်တဲ့ အင်းမအခြေစိုက် အမှတ် (၅) ခြေမြန်တပ်ရင်း၊ အုတ်ဖိုမြို့ အခြေစိုက် အမှတ် (၆) ခြေမြန်တပ်ရင်းနဲ့ အင်းမ အခြေစိုက် အမှတ် (၈၀) ခြေလျင်တပ်ရင်း ပါဝင်တဲ့ နည်းဗျူဟာတခုဟာ ကံစီဆိုင်းရာနဲ့ အောင်ဘာလေနယ်တ၀ိုက်မှာ အသင့်အနေထားနဲ့ ရှိနေကြပြီဖြစ်ပါတယ်။ ထို့ နည်းတူ ဓနုဖြူ အခြေစိုက် အမှတ် (၁၀၈) ခြေမြန်တပ်ရင်းကိုတော့ လိုအပ်ရင် ၀င်ကူဖို့ အရံတပ်အဖြစ် အနီးကပ်ထားရှိပြီး ကျန်တဲ့ လက်အောက်ခံ ခြေလျင်တပ်များကိုတော့ ဒေသလုံခြုံရေးအဖြစ် အားလုံး အသင့်ရှိနေကြပါတယ်။
ခုလိုစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လာတာကြောင့် ဒေသတွင်းကလူထုများ အထူးစိုးရိမ်ပူပန်လျက်ရှိကြပြီးတချို့မှာ ၇ွာများကစွန့် ခွာထက်ဖို့ ပြင်ဆင်သူများကပြင်ဆင်ကြပါတယ်။ ပွင့်လင်းရာသီအတွင်း လုပ်ကိုင်စားသောက်ရမည့်အချိန် စစ်ဖြစ်လာမည်ကို စိုးရိမ်ကြောင့်ကြောင်နေကြတဲ့ ပြည်သူများရှိသလို စစ်ပွဲမဖြစ်ရေးအတွက် လုပ်ရှားမှုတခုကလည့်း မနေ့ ကဖြစ်ပွားခဲ့ပါသေးတယ်။
ယမန်နေ့  အောက်တိုဘာလ ၁၇ရက် သောကြာနေ့ က ဖားကန့် ဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များဦးဆောင်တဲ့ ကားအစီးငါးဆယ်လောက်ဟာ အစိုးရတပ် တပ်မ (၆၆)က ပြုလုပ်ဖို့ တာဆူနေတဲ့ ကေအိုင်အေ အမှတ် (၆)တပ်ရင်းဖယ်ရေးထိုးစစ်ကို မပြုလုပ်ဖို့ အရေး ကန့် ကွက် ဆန္ဒုထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လတ်တလော ဖားကန့် ဒေသ စစ်ရေးတင်မာမှုများကို
မီဒီယာတော်တော်များများကနေပြီး ဖော်ပြမှုများရှိခဲ့သလို့ ယခုကဲ့သို့ အင်န်အယ်လ်ဒီက ထိုးစစ်မပြုလုပ်ရေး ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဒီနေ့ မှာတော့ တပ်မတော်ဖက်က ခေတ္တငြိမ်သက်တဲ့နေတယ်လို့ ကေအိုင်အေစစ်ဖက် အရာရှိကြီးတယောက်ကဆိုပါတယ်။
ပွင့်လင်းရာသီရောက်လို့ ကျောက်စိမ်းတူးကာလ တလခွဲခန့် မှာ ဖားကန်ဒေသ နယ်မြေစိုးမိုးရေးလှုပ်ရှားနေတဲ့ တပ်မ (၆၆) တပ်မှုးကနေပြီး ကေအိုင်အေတပ်များကို ဆုတ်ခွာဖယ်ရှားပေးဖို့ နစ်ကြိမ်တိုင် လူလွတ်ဆောင်းဆိုခဲ့ရာပ အခုလိုစစ်ရေးပြင်ဆင်မှုများ စတင်ဖြစ်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။
LikeLike ·  ·