Saturday, October 25, 2014

ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ

ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ
ကိုပါကြီး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀ တွင် ဒီကေဘီအေ ကလို့ထူးဖေါ ဌာနမှ ကျိုက်မရောသို့ အဆင့်ဆင့် လာရောက်ခဲ့သည်။
လာရောက်ရသည့်အကြောင်းရင်းမှာ ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပနေသော တိုင်းရင်းသားများလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်အဆင့် အပစ်ခေတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းနေသော အစည်းဝေးသို့ အလွတ်တမ်း သတင်းထောက် အနေဖြင့် သတင်းယူရန် ခ၇ီးထွက်ခဲ့ခြင်းဖြစ်သည်။
ကိုပါကြီးအား ခမရ(၂ဝ၈)တပ်ရင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျိုက်မရော သပြုလှေဆိပ်တွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိသည်နှင့် ကျိုက်မရော ကမ်းနား၇ှိ အမှတ်(၂၀၈) တပ်ခွဲ ၃ မှ စခန်းချနေသော ဘုန်းကြီးကျောင်းသို့ ဆွဲဆောင် ခေါ်သွားခဲ့သည်။
ဘုန်းကြီးကျောင်းအောက်တွင် ( ၃) နာ၇ီကြာမျှ လက်ပြန်ကြိုးတုပ်၍ အဆိုပါ ဘုန်းကြီးကျောင်း အောက်ခြေ တိုင်လုံးတွင် သံကြိုးဖြင့် လည်ပင်းမှ တကိုယ်လုံး ၇စ်ပတ်ကာ ချည်နှောင်ထားခဲ့သည်။
အဆိုပါ ည (၇) နှစ်နာ၇ီတွင် နယ်လုံ ၀န်ကြီး၇ုံးမှ အရာ၇ှိ နှင့် အမှတ်(၂၀၈)မှ ဒုတပ်ရင်းမှုး ရောက်လာပြီး စတင် အကြမ်းဖက်၍ စစ်ဆေးသည်။
စတင် စစ်ဆေးချိန်မှာပင် ကိုပါကြီး၏ ပါစပ်အတွင်းသို့ စနက်တံ ဖြုတ်ထားခြင်း ရှိမ၇ှိ မသေခြာသော ၉၀ မမ အမေ၇ိကန်နိုင်ငံထုတ် လက်ပစ်ဗုံးအား အတင်းထိုးသွင်း ငုံခိုင်းထားခဲ့ပြီ ကိုပါကြီးအား ရပ်လျက်အနေထားဖြင့် အနောက်ဘက်မှ အမ် ၂၂ ရိုင်ဖယ်သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထုရိုက်နေသည်။
ထိုနောက် ပါးစပ်တွင် ငုံထားသော လက်ပစ်ဗုံးအား ပြန်လည်ထုတ်ယူ၍ ကိုပါကြီးအား အေ၇ှ့ဘက်မှနေ၍ အချက်ပေါင်းများစွာ ၀မ်းဗိုက်နှင့် ရင်ဘတ်တို့အား သေနတ်ဒင်ဖြင့် လူမဆန်စွာ ထု၇ိုက်ပြီး ဦးခေါင်းမှာ အတော်ပင် ပူလောင်နေသော ရေပူများလောင်းချခဲ့သည်။
ကိုပါကြီးအား မေးမြန်းစစ်ဆေးမှုများတွင် ၇န်ကုန်သို့ ရောက်၇ှိနေသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အချို့ မည်သည့်နေရာတွင် လက်နက်တိုက်များ ထာသိုခြင်း လက်နက်များဝှက်ထားခြင်း ထိုနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စေလွတ်ထားသော ဒေသတွင်း ထောက်လှမ်းရေးမည်သူများဖြစ်ကြောင်း ကို အတင်းဖိစစ်မေးမြန်နေရာ ကိုပါကြီးမှာ မတ်တပ်ပင်မရပ်နိုင်တော့ပဲ စကားပါမပြောနိုင်သည့်အပြင် အရုပ်ကြိုးပြတ်လဲကျခဲ့ရလေသည်။
ထိုနောက် စစ်ဆေးသူ ဗိုလ်ကြီး (စန်းမင်းအောင်) အရာခံဗိုလ် လှဝင်းဦး တို့မှ တပ်ကြပ်ကြီး(၁) ဦးနှင့် အမည်မသိ နှုင့် ၇ဲဘော် သောင်ဌေးလှိုင် တို့အား သံကြိုးခတ်ထားသော တိုင်မှ သံကြိုးဖြုတ်ခိုင်းပြီး ကြည့်ခိုင်းရာ ကိုပါကြီး၏ နောက်ဘက် ကျောရိုး တခုလုံးနီးပါးမှာ နောက်ဘက်မှ သေနတ်ဒင်ဖြင့် အားကုန် ဆောက်နှက် ရိုက်ထားမှုကြောင့် ကြေမွလုနီးပါးဖြစ်ပြီး ကိုပါကြီး အသက်၇ှူနေမှုမှာလဲ အသက်ပြင်းကြီးများ ဖြစ်သည့်အပြင် မူမှန် မဟုတ်တော့ကြောင်း ၇ိပ်စားမိကြပြီး ဗိုလ်ကြီး မင်းစန်းအောင်မှ ၄င်းတို့ ချောဆွဲလာသော အ၀ါရောင် နစ်ဆန်းထရပ်ကားပေါ်သို့ ရဲဘော်များနှင့် ည ၉နာ၇ီတွင် ဆွဲယူ ထိုးတင်ခဲ့သည်။
ထိုနောက် ကျိုက်မရောမြို့ နှင့် ၄ မိုင်မျှလောက်ကွာသော တပ်ရင်း(၂၀၈)၏ မွေးမြူရေ ခြံသို့ေ၇ာက်၇ှိပြီး ကိုပါကြီးမှာ အသက်ပုံမှန် ရှူရှိုက်ခြင်းမဟုတ်ပဲ အားတင်းထွက်ဆိုလာသော စကားသံ သဲသဲကြားရသည်။
ကျုပ်ကို သတ်လိုက်ပါ မခံနိုင်…..ဆိုသော စကား ဗလုံးမထွေးဖြင့် ပြောလေသည်။ 
ဗိုလ်ကြီးမင်းစန်းအောင်မှ တင်ပြမှုကြောင့် တပ်ရင်းမှုး တပ်ရေးဗိုလ်ကြီးတို့နှင့် ရောက်ရှိလားပြီး ဆေးတပ်သား ဒုတပ်ကြပ် ခင်မောင်သိန်းမှ ဆေး သုံးလုံးထိုးသွင်းလေသည် … အစောင့်ကြပ် ၄ယောက်ဖြင့် ထားခဲ့ပြီး တပ်ဖက်ဆိုင်ရာ အရာရှိများ ပြန်လည်ထွက်သွားခဲ့သည်။
အောက်တို့ဘာလ (၂) တွင် ကိုပါကြီး သတိမ၇တချက် ရတချက်ဖြင့် မျက်လုံးများ လန်နေသည်ဟု သိရသည်။
အောက်တို့ဘာလ ည ၁၁ နာ၇ီတွင် ကိုပါကြီး အဖို့ ၄င်းခံစားရသော ကျောရိုးကျိုးကြေသည့် ဝေဒနာအာ တောက်တင်း မခံနိုင်တော့သည့်အဆုံး အသက်ထွက်ခဲ့သည်ဟုသိရသည်။
အောက်တို့ဘာ ၅ ၇က်နေ့တွင် တပ်၇င်း (၂၀၈) ရော်ဘာခြံ အနောက်ဘက် တွင်၇ှိသော တောအုပ်တွင် ကိုပါကြီးအား မွေးမြူရေး ဆိုင်ရာ ပစ္စည်းများ တင်ဆောင်သော စစ်ထရပ်ကားပေါ်တွင် တင်စေကာ မောင်းနှင့်ခဲ့ပြီး နီးစပ်ရာ သစ်ဝါး အခြောက် အဆွေးမြေ့များဖြင့် ၇ဲဘော် ၆ ဦး အရာခံဗိုလ် ၁ ဦး တပ်ကြပ်ကြီး၁ ဦး တို့မှ ဦးဆောင်၍ မီးရှို့ အလောင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကိုပါကြီးအား မီးရှို့ပြီးနောက်တွင် ကြွင်းကျန်သော အရိုးနှင့် ဦးခေါင်ခွံတို့အား ထပ်မံ မြေမြုပ်ရန် တပ်ရင်းမှူးမှ ညွန်ကြားသဖြင့် အဆိုပါ မီးရှို့သောနေရာနှင့် မလှမ်းမကမ်း ပေ၂၀၀ လောက်မျှ၇ှိသော သစ်ပင်အို အမြစ်ကြားများအတွင်းသို့ ပစ်ထည့်၍ နီးစပ်ရာမှု အမှိုက်နှင့် မြေဆွေများ ပက်ဖုံးကာ အဆုံးသတ်ခဲ့ကြောင်းပါ……….
သို့သော် ကိုပါကြီး၏ သေဆုံးမှုသတင်းအား လက်၇ှိ အစိုးရနှင့် စစ်ဘက်ဆိုင် သုံးပတ်နီးပါးအကြာမျှ အသေးစိတ် တဆင့်ပြီး တဆင့် လိမ်လည်၍ သတင်းထုတ်ပြန်ရန် သဘောတူညီပြီးနောက် ၂၃ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ် နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးဌာန စစ်ဘက်ဆိုင်ရာမှ စတင်သတင်းထုတ်ပြန်ခဲ့ပြီး ယခု လက်၇ှိနေပြီတော် ပြန်ကြားရေးဌာနမှ အောက်တိုဘာ လ ၂၄ ၇က်နေ့ ၂၀၁၄ ခုနှစ် နံနက် ၉ နာရီတွင် ထပ်မံအတည်ပြုကြောင်းနှင့် ကိုပါကြီးမှာ စစ်ဆေးနေစဉ် ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှ မတော်တဆ သေနတ်ထိမှန်ပြီး သေဆုံးကြောင်း လိမ်လည်၍ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
စာဖတ်သူများအဖို့ ကျနော်၏ လက်လှမ်းမှီသမျှ သတင်းနှင့် သက်ဆိုင်ရာ တပ်ဖက်ဆိုင်ရာတို့ အောက်ခြေအဆင့် တပ်သားအချို့တို့မှလည်း ကိုပါကြီးအား လူမဆန်စွာ ညှင်းပမ်းသတ်ဖြတ်မှုအား မခံရပ်နိုင်ဖြစ်ခဲ့ပြီး အထက်ဖေါ်ပြပါ သတင်းအား တင်ပြပေးရန် ပေးပို့ခဲ့ကြောင်း ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်တွင် တရားဝင် လက်နက် ကိုင်ဆောင်ထားကြသော မြန်မာ့တပ်မတော်၏ လူမဆန်သော မင်းမဲ့စရိုက်နှင့် တရားဥပဒေစိုးမိုးမှုအား ဆန့်ကျင်သော လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုအများအား အများပြည်သူများအပေါ် ကြူးလွန်ခဲ့ကြောင်းနှင့် မိဘပြည်သူများမှ ထပ်မံ၍ သီးခံ ခွင့်လွှတ်နေပါလျင် တိုင်းပြည်တခုလုံးအား ဖွတ်ဖွတ်ကြေ ထုထောင်း၇ိုက်နက်၍ သေတွင်းပို့လာမည်မှာ မလွဲကြောင်းပါ….
ဂိုလ်ရှယ်လေး 
လွတ်လပ်စွာ ရှယ်ယူ၍ ပြန်လည် မျှဝေ နိုင်ကြပါသည် (သတင်း အမှန်ပါ)