Thursday, April 30, 2015

လားရှိုး-မှုဆယ် ပြည်ထောင်စု ကားလမ်းမကြီးတွင် TNLA,မှ အခွန်စတင်ကောက်ခံ



(lachid Kahin)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကေအိုင်အေတပ်မဟာ(၄) ဒေသ ကေအိုင်အေ နှင့် TNLA တို့ လှုပ်ရှားရာဒေသ ၊ လားရှိုး-မှုဆယ် ပြည်ထောင်ကားလမ်းမကြီး ကွတ်ခိုင် နှင့် မှုဆယ် လမ်း အပိုင်းတွင် TNLA, က ယနေ့မှ စတင်ပြီး ဖြတ်သန်းသွားလာသော ကားများ အား အခွန်စတင်ကောက်ခံ ခဲ့ကြောင်း သိရှိရပါသည်။
TNLA,မှ ယနေ့ (၂၉.၄.၂၀၁၅) ရက်နေ့ နံနက် (၈း၃၀) နာရီအချိန်မှစတင်ကာမွန်းလွဲ(၁း၀၀) အချိန်အထိ ကွတ်ခိုင်-မူဆယ်လမ်းပိုင်းနမ့်ဖတ်လွန်ကျေးရွာ-
ရှုခင်းသာ အကြားတွင် ခရီးသည် တင်ကားများ အိမ်စီးကားများနှင့် ကုန်တင်ယာဉ်များအား အခွန်စတင်ကောက်ခံကြောင်း သိရှိရပါသည်။
TNLA,အနေနှင့် ၄င်းတို့စိုးမိုးထားသည့်နယ် မြေဖြစ်သောကြောင့် ယခုလို
အခွန်ကောက်ခံရခြင်း ဖြစ်ကြောင်း ယခုကောက်ခံခြင်းမှာ တစ်နှစ်စာဖြစ်ပြီး ယခုပါမလာသေးပါက ပါသလောက်ဘောင်ချာဖြတ်ပေးလိုက်ပြီးနောက်တစ်ခေါက်တွင်ပေးပြီးကြောင်းဘောင်ချာပြလိုက်ပါထပ်ပေးရန်မလိုအပ်တော့ကြောင်း
၎င်းတို့ အနေနှင့် ခရီးသွားပြည်သူများအားလူထုကိုအန္နရယ် ပြုမည် မဟုတ်ေ
ကြာင်း သိရှိရပါသည်။
-ကောက်ခံသည့် အခွန်နုန်းထားများမှာ တစ်နှစ် စာ အတွက်
(1) အိမ်စီးကားငယ်တစ်စီးလျှင်(၅၀,၀၀၀)
(2) လိုင်းကားအငယ်တစ်စီးလျှင် (၂၀,၀၀၀)
(3) (၁၀)ဘီးအောက်လျှင်(၃၀၀,၀၀၀)
(4) (၁၂)ဘီးအထက်လျှင် (၅၀၀,၀၀၀)ကျပ်
စသည်ဖြင့် သတ်မှတ်ကာ ဘောက်ခြာဖြတ်ပိုင်း ဖြင့် ကောက်ခံနေခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။